ဟာသ ရသ ဗဟုသုတမျိုးစုံကို ကူးယူဖတ်ရှူနိုင်ပါတယ်။

Breaking

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

Wednesday, May 03, 2017

ခြေထောက်အသားအရေ စိုပြည်စေဖို့အတွက် ငှက်ပျောသီးခွံကို အလှဆီအဖြစ် အသုံးပြုနိုင်

Ref: Purewow


ငှက်ပျောသီးတစ်ဖီးလောက် အမြဲဆောင်ထားတာ မရှိမဖြစ်အရေးကြီးပါတယ်။ ငှက်ပျောသီးခွံတွေဟာ သွားတွေ ပို၍ဖြူလာအောင် ပြုလုပ်ရာမှာ မယုံနိုင်စရာကောင်းလောက်အောင် ထူးခြားကြောင်း သိပ်မကြာသေးမီက လေ့လာတွေ့ရှိခဲ့ပါတယ်။ ငှက်ပျောသီးခွံကို အသုံးပြုနိုင်တဲ့ နောက်နည်းလမ်းကောင်းတစ်ခု ရှိပါသေးတယ်။ အဲ့ဒါကတော့ ခြေထောက်အသားအရေ စိုပြည်စေဖို့ အလှဆီအဖြစ် အသုံးပြုခြင်းပဲ ဖြစ်ပါတယ်။

ငှက်ပျောသီးခွံအတွင်းဘက်က အမိုင်နိုအက်ဆစ်တွေရယ်၊ ခြောက်သွေ့ယံယားတတ်တဲ့အသားအရေ ဝေဒနာသက်သာစေပြီး နူးညံ့ပျော့ပျောင်းစေတဲ့ အာဟာရဖြစ်စေတဲ့ ဗီတာမင် (A, B, C, E) များစွာနဲ့ ဖွဲ့စည်းထားပါတယ်။

ငှက်ပျောသီးခွံကို သိမ်းဆည်းပြီး အတွင်းဘက်ပျော့ပြဲပြဲအပိုင်းနဲ့ ခြေဖဝါးတစ်ခုလုံးနဲ့ ခြေထောက်ခြောက်သွေ့တဲ့နေရာတွေ ပွတ်လိမ်းပေးရပါမယ်။ အကျိအချွဲတွေ ဆေးကြောသန့်စင်ပြီး ချောမွေ့ပြေပြစ်မှု မရှိမချင်း ထပ်ခါထပ်ခါ လုပ်ပေးနိုင်ပါတယ်။ ပြီးတော့ ပွန်းပဲ့ဒဏ်ရာအတွက်လည်း အသုံးပြုနိုင်ပါတယ်။ 

Ref: Purewow

No comments:

Post a Comment