ဟာသ ရသ ဗဟုသုတမျိုးစုံကို ကူးယူဖတ်ရှူနိုင်ပါတယ်။

Breaking

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

Wednesday, May 24, 2017

လူဖြူဆီက ငယ်ပါကို အစားထိုးတပ်ထားတဲ့ လူမည်း၊ အရောင်မတူလို့ အခက်တွေ့နေ


အသက် လေးဆယ် အရွယ် လူမည်း အမျိုးသားတစ်ယောက်ဟာ ငယ်ပါ ဆုံးရှုံးသွားတာ ၁၇ နှစ် ကြာပြီးနောက်မှာတော့ အလှူရှင် ပေါ်လာလို့ အစားထိုး ကုသပြီး အောင်အောင်မြင်မြင်နဲ့ ပြောင်းလဲ တပ်ဆင်နိုင်ခဲ့ပေမဲ့ သူ့အသားအရေနဲ့ တူညီမှုမရှိတာကြောင့် အခက်တွေ့နေရတယ်လို့ သိရပါတယ်။ Stellenbosch University က တောင်အာဖရိက ဆရာဝန်တွေပါဝင်တဲ့အဖွဲ့နဲ့ Tygerberg Academic Hospital တို့ပူးပေါင်းပြီး သူတို့ရဲ့ ဒုတိယအကြိမ်မြောက် အမျိုးသားငယ်ပါ အစားထိုးကုသမှုကို ပြီးခဲ့တဲ့ ဧပြီလကတည်းက အောင်အောင်မြင်မြင် ခွဲစိတ်၊ အစားထိုး ကုသနိုင်ခဲ့ပေမဲ့ သတင်းကို မထုတ်ပြန်ဘဲ ထိမ်ချန်ထားခဲ့ကြတာ ဖြစ်ပါတယ်။

Flremqxprhdc8alfuaoq
အခုအခါမှာတော့ ငယ်ပါ အစားထိုးတပ်ထားတဲ့ လူမည်း အမျိုးသားဟာ ဖြူနေတဲ့ သူ့ရဲ့ ငယ်ပါ အသစ်ကို မည်းနေတဲ့ သူ့ရဲ့ အသားအရေအရောင်နဲ့ တူညီသွားအောင်ပါ လုပ်ဆောင်ဖို့ ကြံစည်နေပြီး အဲဒီအတွက် Medical Tattooing နည်းနဲ့ အရောင်ပြောင်းလဲမယ်လို့ သိရပါတယ်။ သူဟာ အမျိုးသား ငယ်ပါ အစားထိုး ပြောင်းလဲတပ်ဆင်တဲ့ ကမ္ဘာပေါ်က တတိယမြောက် အမျိုးသား ဖြစ်ပြီး ခွဲစိတ်ချိန် ကိုးနာရီ ကြာမြင့်ခဲ့ပါတယ်။ တကယ်လို့သာ Medical Tattooing နည်းနဲ့ အရောင်ပြောင်းလဲမယ်ဆိုရင် အသားအရေနဲ့ တူညီတဲ့အရောင် ရရှိဖို့ နောက်ထပ် ခြောက်လ ကနေ ရှစ်လလောက် အချိန်ယူရမယ် လို့လည်း ဆရာဝန်တွေက အသိပေးထားပါတယ်။

Massachusetts General Hospital မှာ ခွဲစိတ်မှု အောင်မြင်ခဲ့တဲ့ အမျိုးသား။

Riwmmh2za2wm6kb8pcvd
“၁၇ နှစ်အကြာလောက် ငယ်ပါ ဆုံးရှုံးထားရတဲ့ အခြေအနေကနေ သူ့ရဲ့ ငယ်ပါအသစ်ကို ပထမဆုံး ပြန်မြင်လိုက်ရတော့ သူ့ကိုယ်သူ မယုံကြည်နိုင်လောက်အောင် စိတ်လှုပ်ရှားနေပုံပဲ၊ ကျွန်တော်တို့ရဲ့ လုပ်ငန်းနယ်ပယ်ထဲမှာ မြင်တွေ့ရတဲ့အတိုင်းဆိုရင်လည်း သူဟာ အပျော်ရွှင်ရဆုံး လူနာတွေထဲက တစ်ယောက်ပါ၊ သာမန်လူတွေလို ချစ်တင်းနှောနိုင်မယ်လို့လည်း ကျွန်တော်တို့ မျှော်လင့်ပါတယ်” လို့ Prof. Andre van der Merwe က ပြောပါတယ်။ သူတို့အဖွဲ့ဟာ ကမ္ဘာ့ပထမဆုံး အမျိုးသား ငယ်ပါ အစားထိုး ကုသမှုကို ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလမှာ အောင်မြင်ခဲ့ပြီး ဒုတိယအကြိမ် အမျိုးသား ငယ်ပါ အစားထိုး ကုသမှုကိုတော့ ၂၀၁၆ ခုနှစ်၊ မေလမှာ ဘော်စတွန်မြို့၊ Massachusetts General Hospital က အောင်မြင်ခဲ့ပါတယ်။

အမေရိကန်မှာ အမျိုးသား ငယ်ပါ အစားထိုး ခွဲစိတ်တပ်ဆင်မှု ပထမဆုံး အောင်မြင်ခဲ့တဲ့ အမျိုးသား ရုပ်သံ သတင်းမှတ်တမ်း။ (မှတ်ချက်။ ။ ကမ ၻာ့ပထမဆံုး မဟုတ္ပါ။)



No comments:

Post a Comment