သူနာပြုတွေဟာ လူနာကို အနီးကပ် ပြုစု၊ စောင့်ရှောက်ကြရတဲ့ ဆေးရုံ၊ ဆေးခန်း ၀န်ထမ်းတွေ ဖြစ်တာကြောင့် ၀တ်စုံအရောင် ရွေးချယ်တာကအစ လူနာကို စိတ်ညှိုးနွမ်းစေမယ့် အရောင် မဖြစ်ဖို့ အထူးဂရုစိုက်ကြရပါတယ်။ ဒါပေမဲ့ ထိုင်းနိုင်ငံက သူနာပြုတစ်ယောက်ကတော့ အလုပ်ချိန်မှာတောင် ရာဂစိတ် တက်ကြွစေနိုင်တဲ့ Sexy ကျကျ ၀တ်စုံမျိုးကို ၀တ်ဆင်ခဲ့တာကြောင့် ပြစ်တင်ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး နှုတ်ထွက်စာတင်ဖို့ အထိ ဖိအားပေးခံခဲ့ရတယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံ၊ Isan ဒေသက ပုဂ္ဂလိကဆေးရုံတစ်ခုမှာ အလုပ်ဝင်နေတဲ့ အသက် ၂၆ နှစ်အရွယ် သူနာပြု Chatsri နဲ့ ပတ်သက်လို့ သူမရဲ့ အတွင်းရေး ဓာတ်ပုံတချို့ဟာ Thai Nurse Lovers Association စာမျက်နှာထက်မှာ နေရာယူတာက နည်းနည်း ဖြစ်ပြီး တခြား လူမှုကွန်ရက်ပေါ်တွေမှာ ပြီးခဲ့တဲ့လက ကျယ်ကျယ်ပြန့်ပြန့် နေရာယူခဲ့တာက များများ ဖြစ်ခဲ့ပါတယ်။ ဒါ့ပြင် အလုပ်ခွင်မှာလည်း သူမရဲ့ ခန္ဓာ အလှအပကို ပေါ်လွင်စေတဲ့ ကျပ်ကျပ်ညပ်ညပ် သူနာပြု ၀တ်စုံနဲ့ စကတ်အတို ၀တ်ဆင်မှုတွေကြောင့် ရွေးချယ်ထားတဲ့ သက်မွေးဝမ်းကျောင်း အလုပ်အပေါ် အရှက်ရစေတယ်လို့ ဝေဖန်ခံခဲ့ရတာ ဖြစ်တယ် ဆိုပြီး Daily Mail က ဖော်ပြခဲ့ပါတယ်။
တကယ်တော့ သူမရဲ့ သူနာပြု ၀တ်စုံဟာ အထူးသဖြင့် အနောက်နိုင်ငံတွေမှာဆိုရင် မျက်စိရှက်စရာ မဖြစ်နိုင်ပေမဲ့ ထိုင်းလူမျိုးတွေရဲ့ အမြင်မှာသာ အလွန်လန်းပြီး အလန်းလွန်နေတယ်လို့ ယူဆကြတယ် ဆိုရင်လည်း မှန်ပါတယ်။ ဒါ့ပြင် အင်တာနက်သုံးစွဲသူတွေကလည်း Chatsri ရဲ့ ၀တ်စားဆင်ယင်မှုဟာ သူနာပြု သက်မွေးဝမ်းကျောင်း အလုပ်အပေါ် လေးစားရာမကျဘူးလို့ ဆိုခဲ့ကြပြန်တာကြောင့် Chatsri တစ်ယောက်ကတော့ “ဆေးရုံ တာဝန်ရှိသူတွေကို ရှင်းပြပြီးပါပြီ၊ သူတို့တွေကတော့ ဆေးရုံရဲ့ ပုံရိပ်ကို အရမ်းအလေးထားပါတယ်၊ ဒါကို ကျွန်မ နားလည်ပေးနိုင်ပါတယ်၊ အများကြီး ဖြေရှင်းရတာမျိုး ကျွန်မ မလိုလားပါဘူး၊ ဒါကြောင့် တာဝန်ယူမှုရှိတဲ့အနေနဲ့ ကျွန်မ အလုပ်ထွက်လိုက်ပါပြီ၊ Thailand Nursing and Midwifery Council ကိုလည်း တောင်းပန်ပါတယ်” လို့ ပြန်လည် ဖြေရှင်းခဲ့ပါတယ်။
Ref: Nextshark.com
ကျော်လင်းအောင်
ကျော်လင်းအောင်
No comments:
Post a Comment