ဟာသ ရသ ဗဟုသုတမ်ိဳးစုံကို ကူးယူဖတ္ရႉႏိုင္ပါတယ္။

Breaking

ကိုယ္စိတ္ႏွစ္ျဖာက်မ္းမာၾကပါေစ...!

ကိုယ္စိတ္ႏွစ္ျဖာက်မ္းမာၾကပါေစ...!

Monday, May 08, 2017

တစ္ေန႔ ၁၀ နာရီၾကာထုိင္ျခင္းက အမ်ဳိးသမီးေတြကို ၈ ႏွစ္ ပိုအုိမင္းေစ

တစ္ေန႔ ၁၀ နာရီၾကာထုိင္ျပီး ေလ့က်င့္ခန္းအနည္းအက်ဥ္းသာျပဳလုပ္တာက အမ်ဳိးသမီးေတြကို ရုပ္ရည္ ၈ ႏွစ္ထက္မနည္း ပိုအုိမင္းသြားေစႏုိင္ပါသတဲ့။ အထုိင္မ်ားျခင္းက ဖိနပ္ၾကိဳးထိပ္ဖ်ားအစြပ္နဲ႔ ဆင္တူတဲ့ DNA အမွ်င္ေလးေတြရဲ႕ အစြန္းမွာ ေတြ႔ရတဲ့ telometer ေခၚ အဖုံးစြပ္ေသးေသးေလးေတြကုိ ပိုတုိေစေၾကာင္း ေလ့လာမႈကေန ေတြ႔ရိွခဲ့ပါတယ္။
အဲဒီ telometer ေတြဟာ chromosome ေတြ ယုိယြင္းမသြားေအာင္ ကာကြယ္ေပးသလုိ အသက္အရြယ္လည္း တေရြ႕ေရြ႕တုိေတာင္းေစျပန္ပါတယ္။ ထုိင္လုပ္ရတဲ့ ဘဝေနထုိင္မႈပံုစံေၾကာင့္ ဆဲလ္ေတြ အုိျမန္တယ္လုိ႔ ေလ့လာမႈက ေတြ႔ရိွခဲ့ေၾကာင္း San Diego ရိွ California တကၠသုိလ္က ေဒါက္တာ Aladdin Shadyab က ေျပာဆိုခဲ့ပါတယ္။ အသက္နဲ႔ ရုပ္ရည္က အျမဲတမ္း ကိုက္ညီမႈ မရိွပါဘူး။
ထုိင္ေနရတာက အထူးသျဖင့္ အမ်ဳိးသမီးေတြအတြက္ ကင္ဆာေရာဂါျဖစ္ပြားေစႏုိင္ေၾကာင္း အရင္သုေတသနျပဳခ်က္က ေလ့လာေတြ႔ရိွခဲ့ပါတယ္။
တစ္ေန႔ ၆ နာရီေက်ာ္ ထိုင္ေနရသူေတြဟာ တစ္ေန႔ ၃ နာရီထုိင္သူေတြနဲ႔ ႏႈိင္းယွဥ္ပါက ေရာဂါျဖစ္ပြားႏုိင္ေျခ ၁၀% ပိုမ်ားၾကပါတယ္။ American Journal of Epidemiology မွာ ေဖာ္ျပထားတဲ့ ေနာက္ဆုံးေလ့လာေတြ႔ရိွခ်က္ေတြဟာ အသက္ ၆၄-၉၅ အရြယ္ အမ်ဳိးသမီးၾကီး အေယာက္ ၁,၅၀၀ နီးပါးကို အေျခခံထားပါတယ္။
ဆဲလ္ သက္တမ္းရင့္လာတဲ့အခါ telometer ေတြ အလုိအေလ်ာက္ တုိသြားၾကပါတယ္။ ဒါေပမယ့္ အဝလြန္ျခင္းနဲ႔ ေဆးလိပ္ေသာက္ျခင္းစတဲ့ lifestyle ေတြကလည္း ဒီျဖစ္စဥ္ကို ျမန္ဆန္ေစႏုိင္ပါတယ္။
Telometer တုိတာ ႏွလုံးေသြးေရာဂါ၊ ဆီးခ်ဳိးနဲ႔ အဓိကကင္ဆာေရာဂါေတြနဲ႔ ပတ္သက္ေနပါတယ္။ ၾကာၾကာထုိင္တတ္တဲ့ အမ်ဳိးသမီးေတြ အနည္းဆုံး တစ္ေန႔ ေလ့က်င့္ခန္း မိနစ္ ၃၀ ျပဳလုပ္ပါက telometer ပိုမတုိၾကတာ ေတြ႔ရိွခဲ့တယ္လုိ႔ ေဒါက္တာ Shadyab က ေျပာဆိုခဲ့ပါတယ္။ 
Ref: Mirror 

Unicode

တစ်နေ့ ၁၀ နာရီကြာထိုင်ပြီး လေ့ကျင့်ခန်းအနည်းအကျဉ်းသာပြုလုပ်တာက အမျိုးသမီးတွေကို ရုပ်ရည် ၈ နှစ်ထက်မနည်း ပိုအိုမင်းသွားစေနိုင်ပါသတဲ့။ အထိုင်များခြင်းက ဖိနပ်ကြိုးထိပ်ဖျားအစွပ်နဲ့ ဆင်တူတဲ့ DNA အမျှင်လေးတွေရဲ့ အစွန်းမှာ တွေ့ရတဲ့ telometer ခေါ် အဖုံးစွပ်သေးသေးလေးတွေကို ပိုတိုစေကြောင်း လေ့လာမှုကနေ တွေ့ရှိခဲ့ပါတယ်။

အဲဒီ telometer တွေဟာ chromosome တွေ ယိုယွင်းမသွားအောင် ကာကွယ်ပေးသလို အသက်အရွယ်လည်း တရွေ့ရွေ့တိုတောင်းစေပြန်ပါတယ်။ ထိုင်လုပ်ရတဲ့ ဘဝနေထိုင်မှုပုံစံကြောင့် ဆဲလ်တွေ အိုမြန်တယ်လို့ လေ့လာမှုက တွေ့ရှိခဲ့ကြောင်း San Diego ရှိ California တက္ကသိုလ်က ဒေါက်တာ Aladdin Shadyab က ပြောဆိုခဲ့ပါတယ်။ အသက်နဲ့ ရုပ်ရည်က အမြဲတမ်း ကိုက်ညီမှု မရှိပါဘူး။

ထိုင်နေရတာက အထူးသဖြင့် အမျိုးသမီးတွေအတွက် ကင်ဆာရောဂါဖြစ်ပွားစေနိုင်ကြောင်း အရင်သုတေသနပြုချက်က လေ့လာတွေ့ရှိခဲ့ပါတယ်။

တစ်နေ့ ၆ နာရီကျော် ထိုင်နေရသူတွေဟာ တစ်နေ့ ၃ နာရီထိုင်သူတွေနဲ့ နှိုင်းယှဉ်ပါက ရောဂါဖြစ်ပွားနိုင်ခြေ ၁၀% ပိုများကြပါတယ်။ American Journal of Epidemiology မှာ ဖော်ပြထားတဲ့ နောက်ဆုံးလေ့လာတွေ့ရှိချက်တွေဟာ အသက် ၆၄-၉၅ အရွယ် အမျိုးသမီးကြီး အယောက် ၁,၅၀၀ နီးပါးကို အခြေခံထားပါတယ်။

ဆဲလ် သက်တမ်းရင့်လာတဲ့အခါ telometer တွေ အလိုအလျောက် တိုသွားကြပါတယ်။ ဒါပေမယ့် အဝလွန်ခြင်းနဲ့ ဆေးလိပ်သောက်ခြင်းစတဲ့ lifestyle တွေကလည်း ဒီဖြစ်စဉ်ကို မြန်ဆန်စေနိုင်ပါတယ်။

Telometer တိုတာ နှလုံးသွေးရောဂါ၊ ဆီးချိုးနဲ့ အဓိကကင်ဆာရောဂါတွေနဲ့ ပတ်သက်နေပါတယ်။ ကြာကြာထိုင်တတ်တဲ့ အမျိုးသမီးတွေ အနည်းဆုံး တစ်နေ့ လေ့ကျင့်ခန်း မိနစ် ၃၀ ပြုလုပ်ပါက telometer ပိုမတိုကြတာ တွေ့ရှိခဲ့တယ်လို့ ဒေါက်တာ Shadyab က ပြောဆိုခဲ့ပါတယ်။ 

Ref: Mirror 

No comments:

Post a Comment