ဟာသ ရသ ဗဟုသုတမ်ိဳးစုံကို ကူးယူဖတ္ရႉႏိုင္ပါတယ္။

Breaking

ကိုယ္စိတ္ႏွစ္ျဖာက်မ္းမာၾကပါေစ...!

ကိုယ္စိတ္ႏွစ္ျဖာက်မ္းမာၾကပါေစ...!

Sunday, May 07, 2017

ကုိက္တတ္တဲ့ ခ်စ္သူမိန္းကေလးမ်ားဟာ အေကာင္းဆုံးလက္တြဲေဖာ္ဟု ပညာရွင္မ်ားဆုိ


ကမာၻေက်ာ္ Lifestyle ၀က္ဆုိဒ္ႀကီးတစ္ခုျဖစ္တဲ့ goodyfeed.com မွာ ခ်စ္သူကုိ အားအားရွိ ၀ပ္၀ပ္ကိုက္ဖုိ႔ ႀကိဳးစား
တတ္တဲ့ ေကာင္မေလးေတြဟာ၊ လက္တြဲသင့္တဲ့ အမ်ိဳးသမီးေလးေတြလုိ႔ ေထာက္ခံခဲ့ပါတယ္။ ကုိက္တဲ့အေျခအေနတုိင္း ကေတာ့ ေကာင္းတဲ့ ညႊန္းကိန္းေတြခ်ည္းလုိ႔ မဆုိလုိေပမယ့္၊ သင့္ခ်စ္သူရဲ႕ စိတ္ထဲမွာ အသည္းယားလာတာနဲ႔ သင့္ကို ဖြဖြေလး သြားနဲ႔ကုိက္တတ္တယ္ဆုိရင္ေတာ့ သင္ဟာ ခ်စ္သူေရြးထားတာ မွန္ကယ္တယ္လုိ႔ ဆုိရမွာပါ။ အေၾကာင္းျပခ်က္ ေတြကို Shwemom က ေဖာ္ျပထားပါတယ္။

(၁) ရင္းနီးကၽြမ္္း၀င္မႈရဲ႕တံဆိပ္

ခ်စ္စႏုိးအမူအယာေလးနဲ႔ သြားနဲ႔ကိုက္တဲ့အခါ အကုိက္ခံရသူကုိယ္တုိင္က သြားႀကီးၿဖီးၿပီး၊ ေက်နပ္ေနတဲ့အရသာကို တစ္ျခားသူေတြ နားလည္ႏုိင္မွာ မဟုတ္ပါဘူး။ နာေတာ့ မနာဘူး၊ ဒါေပမယ့္ သြားရာေလးေတြ ထင္ေနတတ္ပါတယ္။ ဒါေလးကိုပဲ ၾကည့္ၿပီး ကိုယ့္ေကာင္မေလးက ကိုယ့္ကို ခင္မင္မႈကၽြမ္း၀င္မႈမွာေတာ့ ဂိတ္ဆုံးအထိကို ရွိေနတယ္လုိ႔ ခံစား
ရေစမွာပါ။

ပုရိသေတြအလိုေလ်ာက္နားလည္ထားသင့္သည့္ မိန္းကေလးမ်ားရဲ့စကားဝွက္မ်ား

(၂) ခ်စ္စိတ္ျပင္းျပမႈ

ေနာက္ လည္ပင္းတုိ႔၊ ရင္ဘတ္တို႔ အကုိက္ခံရတဲ့ အေျခအေနက ေစာေစာက အေျခအေနနဲ႔ မတူပါဘူုး။ ဒါဟာ သူရဲ႕ ခ်စ္စိတ္ ျပင္းျပမႈ၊ အခ်စ္တုိ႔ကုိ ဘယ္ေလာက္အထိ ဆာေလာင္ေနၿပီလဲဆုိတာရဲ႕ သေကၤတပါ။

(၃) စကားလုံးေတြထက္ ပုိတဲ့ေမတၱာတရား

ေနာက္ ဒီလုိ ခဏခဏ ခ်စ္စႏုိးနဲ႔ ကိုက္တတ္တဲ့ အက်င့္ရွိတဲ့ ခ်စ္သူဟာ သူ သင့္ကို ဘယ္ေလာက္ခ်စ္ေၾကာင္း စကားလုံး
ေတြနဲ႔ ေျပာေနတာထက္ ပုိထိေရာက္တဲ့ အျပဳအမူကို လုပ္လုိက္တာလုိ႔ သတ္မွတ္လုိက္ပါ။ တစ္ခါတေလ စကားလုံးေတြ၊ စာလုံးေတြအမ်ားႀကီးနဲ႔ ေဖာ္ျပေနတာထက္စာရင္ အျပဳအမူေလးတစ္ခုနဲ႔ တစ္ဘ၀လုံး လုံေလာက္သြားတာမ်ိဳး သင္ ခံစားရမွာ ျဖစ္ပါတယ္။

(၄) ထာ၀ရ မခြဲဘူးဆုိတဲ့ အဓိပၸါယ္

ဒီလုိကုိက္ေလ့ရွိတဲ့ အက်င့္ရွိသူေတြရဲ႕ ပင္ကိုယ္စိတ္ထားကုိယ္က မိတ္ေဆြက႑မွာဆုိ စိတ္ထဲကေန တကယ္မခင္ရင္ အေပါင္းအသင္းကုိ မလုပ္ဘူးဆိုတဲ့ အေျခခံစိတ္ေနစိတ္ထားေတြ ရွိတတ္ပါတယ္။ ေနာက္ ခ်စ္သူ ေရြးခ်ယ္တဲ့အခါမွာ လည္း ဒီလုိပါဘဲ၊ သူတုိ႔တကယ္ခ်စ္လုိ႕ကေတာ့ ဘာျဖစ္ေနေန မခြဲေတာ့ဘူးဆုိတဲ့ ဆုံးျဖတ္ခ်က္ ခုိင္မာသူေတြ ျဖစ္ပါတယ္။

ေယာက္်ားတစ္ေယာက္ကိုမခ်စ္ခင္ မိန္းကေလးေတြၾကည့္ေလ့ရွိတဲ့အခ်က္(၁၀)ခ်က္

(၅) စြဲလမ္းမႈ သံေယာဇဥ္ရဲ႕ ျပယုဂ္

ေနာက္ဆုံး အေရးႀကီးဆုံးအခ်က္ကေတာ့ အခ်စ္ေရးပဲျဖစ္ျဖစ္၊ အိမ္ေထာင္ေရးပဲ ျဖစ္ျဖစ္၊ ေရရွည္တည္ၿမဲေအာင္ ေထာက္မ ေပးထားနုိင္တာက သံေယာဇဥ္ပဲ ျဖစ္ပါတယ္။ ဒီလုိ ခ်စ္သူကို အားအားရွိ ကိုက္ေလ့ရွိတတ္တဲ့ အက်င့္ရွိတဲ့ ေကာင္မေလး
ေတြဟာ သံေယာဇဥ္တြယ္စရာရွိလည္း အလြန္အမင္း သံေယာဇဥ္တြယ္တတ္ပါတယ္။ ဒါဟာ သင့္အခ်စ္ေရးတြက္ ေရရွည္ စိတ္ခ်လက္ခ် ျဖစ္ေနေစမယ့္ အားသာခ်က္ပါဘဲ။

လင္းေဇာ္ကို (Shwemom)


Unicode

ကမ္ဘာကျော် Lifestyle ဝက်ဆိုဒ်ကြီးတစ်ခုဖြစ်တဲ့ goodyfeed.com မှာ ချစ်သူကို အားအားရှိ ဝပ်ဝပ်ကိုက်ဖို့ ကြိုးစား
တတ်တဲ့ ကောင်မလေးတွေဟာ၊ လက်တွဲသင့်တဲ့ အမျိုးသမီးလေးတွေလို့ ထောက်ခံခဲ့ပါတယ်။ ကိုက်တဲ့အခြေအနေတိုင်း ကတော့ ကောင်းတဲ့ ညွှန်းကိန်းတွေချည်းလို့ မဆိုလိုပေမယ့်၊ သင့်ချစ်သူရဲ့ စိတ်ထဲမှာ အသည်းယားလာတာနဲ့ သင့်ကို ဖွဖွလေး သွားနဲ့ကိုက်တတ်တယ်ဆိုရင်တော့ သင်ဟာ ချစ်သူရွေးထားတာ မှန်ကယ်တယ်လို့ ဆိုရမှာပါ။ အကြောင်းပြချက် တွေကို Shwemom က ဖော်ပြထားပါတယ်။

(၁) ရင်းနီးကျွမ်းဝင်မှုရဲ့တံဆိပ်

ချစ်စနိုးအမူအယာလေးနဲ့ သွားနဲ့ကိုက်တဲ့အခါ အကိုက်ခံရသူကိုယ်တိုင်က သွားကြီးဖြီးပြီး၊ ကျေနပ်နေတဲ့အရသာကို တစ်ခြားသူတွေ နားလည်နိုင်မှာ မဟုတ်ပါဘူး။ နာတော့ မနာဘူး၊ ဒါပေမယ့် သွားရာလေးတွေ ထင်နေတတ်ပါတယ်။ ဒါလေးကိုပဲ ကြည့်ပြီး ကိုယ့်ကောင်မလေးက ကိုယ့်ကို ခင်မင်မှုကျွမ်းဝင်မှုမှာတော့ ဂိတ်ဆုံးအထိကို ရှိနေတယ်လို့ ခံစား
ရစေမှာပါ။

ပုရိသတွေအလိုလျောက်နားလည်ထားသင့်သည့် မိန်းကလေးများရဲ့စကားဝှက်များ

(၂) ချစ်စိတ်ပြင်းပြမှု

နောက် လည်ပင်းတို့၊ ရင်ဘတ်တို့ အကိုက်ခံရတဲ့ အခြေအနေက စောစောက အခြေအနေနဲ့ မတူပါဘူုး။ ဒါဟာ သူရဲ့ ချစ်စိတ် ပြင်းပြမှု၊ အချစ်တို့ကို ဘယ်လောက်အထိ ဆာလောင်နေပြီလဲဆိုတာရဲ့ သငေ်္ကတပါ။

(၃) စကားလုံးတွေထက် ပိုတဲ့မေတ္တာတရား

နောက် ဒီလို ခဏခဏ ချစ်စနိုးနဲ့ ကိုက်တတ်တဲ့ အကျင့်ရှိတဲ့ ချစ်သူဟာ သူ သင့်ကို ဘယ်လောက်ချစ်ကြောင်း စကားလုံး
တွေနဲ့ ပြောနေတာထက် ပိုထိရောက်တဲ့ အပြုအမူကို လုပ်လိုက်တာလို့ သတ်မှတ်လိုက်ပါ။ တစ်ခါတလေ စကားလုံးတွေ၊ စာလုံးတွေအများကြီးနဲ့ ဖော်ပြနေတာထက်စာရင် အပြုအမူလေးတစ်ခုနဲ့ တစ်ဘဝလုံး လုံလောက်သွားတာမျိုး သင် ခံစားရမှာ ဖြစ်ပါတယ်။

(၄) ထာဝရ မခွဲဘူးဆိုတဲ့ အဓိပ္ပါယ်

ဒီလိုကိုက်လေ့ရှိတဲ့ အကျင့်ရှိသူတွေရဲ့ ပင်ကိုယ်စိတ်ထားကိုယ်က မိတ်ဆွေကဏ္ဍမှာဆို စိတ်ထဲကနေ တကယ်မခင်ရင် အပေါင်းအသင်းကို မလုပ်ဘူးဆိုတဲ့ အခြေခံစိတ်နေစိတ်ထားတွေ ရှိတတ်ပါတယ်။ နောက် ချစ်သူ ရွေးချယ်တဲ့အခါမှာ လည်း ဒီလိုပါဘဲ၊ သူတို့တကယ်ချစ်လို့ကတော့ ဘာဖြစ်နေနေ မခွဲတော့ဘူးဆိုတဲ့ ဆုံးဖြတ်ချက် ခိုင်မာသူတွေ ဖြစ်ပါတယ်။

ယောက်ျားတစ်ယောက်ကိုမချစ်ခင် မိန်းကလေးတွေကြည့်လေ့ရှိတဲ့အချက်(၁၀)ချက်

(၅) စွဲလမ်းမှု သံယောဇဉ်ရဲ့ ပြယုဂ်

နောက်ဆုံး အရေးကြီးဆုံးအချက်ကတော့ အချစ်ရေးပဲဖြစ်ဖြစ်၊ အိမ်ထောင်ရေးပဲ ဖြစ်ဖြစ်၊ ရေရှည်တည်မြဲအောင် ထောက်မ ပေးထားနိုင်တာက သံယောဇဉ်ပဲ ဖြစ်ပါတယ်။ ဒီလို ချစ်သူကို အားအားရှိ ကိုက်လေ့ရှိတတ်တဲ့ အကျင့်ရှိတဲ့ ကောင်မလေး
တွေဟာ သံယောဇဉ်တွယ်စရာရှိလည်း အလွန်အမင်း သံယောဇဉ်တွယ်တတ်ပါတယ်။ ဒါဟာ သင့်အချစ်ရေးတွက် ရေရှည် စိတ်ချလက်ချ ဖြစ်နေစေမယ့် အားသာချက်ပါဘဲ။

လင်းဇော်ကို (Shwemom)

No comments:

Post a Comment