၁။ပန်းရနံ့ တကယ်လို့ သင်ဟာ -ဆောင်းရာသီကို နှစ်ခြိုက်တဲ့သူဆိုရင်၊ -၀ိုင်းပုလင်းတစ်ပုလင်းထက် ပန်းစည်းတစ်စည်းကိုသာ လက်ဆောင်အဖြစ် ပိုလိုချင်တတ်သူဆိုရင်၊ -သာယာတဲ့ နေ့လည်နေခင်းမျိုးကို နှစ်သက်တဲ့သူဆိုရင် -ရှောပင်ထွက်တိုင်း ၀ယ်ဖြစ်တဲ့ အင်္ကျံဒီဇိုင်းတွေက ပန်းနွယ်ပန်းပွင့် ဒီဇိုင်းမျိုး ကာလာတောက်တောက်လေးတွေဆိုရင် ပန်းရနံ့တစ်မျိုးမျိုးနဲ့ ဖော်စပ်ထုတ်လုပ်ထားတဲ့ ရေမွှေးမျိုးကို ၀ယ်ယူလိုက်ပါ။
၂။သစ်သီးရနံ့ တကယ်လို့ သင်ဟာ -နွေရာသီကိုသာ အနှစ်ခြိုက်ဆုံးသူ ဖြစ်တယ်ဆိုရင် -မနက်ခင်းမှာ စောစောထတတ်ပြီး ကော်ဖီတစ်ခွက်သောက်လိုက်ရမှ ကျေနပ်သူဆိုရင် -ရေသောက်ရင်တောင် လိမ္မော်နံ့သင်းတဲ့၊ အသီးနံ့လေးသင်းတဲ့ ရေမျိုးကိုသာ သောက်ချင်တာဆိုရင် -သန့်ရှင်းပြီး ပေါ်လွင်တဲ့ အင်္ကျံမျိုး၊ ရှင်းရှင်းလေး၊ သဘာဝဆန်ဆန်လေးနဲ့ လှတဲ့ ဒီဇိုင်းမျိုးတွေသာ ကြိုက်တတ်တဲ့သူဆိုရင် -အသီးဖျော်ရည်တွေကိုသာ စွဲမြဲစွာ သောက်တတ်သူဆိုရင် သစ်သီးရနံ့ပါတဲ့ ရေမွှေးမျိုးနဲ့ သင်ဟာ လိုက်ဖက်မှုအရှိဆုံးပါ။
Ref:womenshealthmag
Unicode
လူတစ်ဦးနဲ့တစ်ဦး ပြောဆိုဆက်ဆံတဲ့အခါ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိနေစေဖို့အတွက် တစ်ကိုယ်ရည်သန့်ရှင်းမှုကအရေးကြီးဆုံးပါ။ ဒါ့အပြင် ကိုယ့်ဆီက သင်းပျံ့တဲ့ရနံ့တစ်ခုခု ဒါမှမဟုတ်လဲ လှည့်ကြည့်စရာမလိုပဲ ရနံ့လေးတစ်ခုရလိုက်တာနဲ့ ကိုယ်ဆိုတာ သိသွားစေမယ့် ရေမွှေးရနံ့မျိုးကလည်း သင့်ကို ယုံကြည်မှုတစ်ခု တိုးစေတာပါပဲ။ ဒါပေမယ့် ကိုယ်ရွေးချယ်မယ့် ရေမွှေးရနံ့ကတော့ ကိုယ်ကဘယ်လိုလူမျိုးလဲဆိုတာ ဖော်ပြပေးနိုင်တာမို့ သတိထားရွေးချယ်ဖို့ လိုအပ်ပါတယ်။ တစ်ခါတစ်လေ ဈေးကွက်ထဲက ရေမွှေးတွေက များလွန်းတာမို့ ဘယ်လိုရေမွှေးမျိုး ရွေးချယ်ဆွတ်ရမလဲဆိုတာ ခေါင်းစားနေသူတွေအတွက် ရွေးချယ်ပုံ ရွေးချယ်နည်းလေး ပြောပြပေးချင်ပါတယ်။
၁။ပန်းရနံ့ တကယ်လို့ သင်ဟာ -ဆောင်းရာသီကို နှစ်ခြိုက်တဲ့သူဆိုရင်၊ -ဝိုင်းပုလင်းတစ်ပုလင်းထက် ပန်းစည်းတစ်စည်းကိုသာ လက်ဆောင်အဖြစ် ပိုလိုချင်တတ်သူဆိုရင်၊ -သာယာတဲ့ နေ့လည်နေခင်းမျိုးကို နှစ်သက်တဲ့သူဆိုရင် -ရှောပင်ထွက်တိုင်း ဝယ်ဖြစ်တဲ့ အကျႍဒီဇိုင်းတွေက ပန်းနွယ်ပန်းပွင့် ဒီဇိုင်းမျိုး ကာလာတောက်တောက်လေးတွေဆိုရင် ပန်းရနံ့တစ်မျိုးမျိုးနဲ့ ဖော်စပ်ထုတ်လုပ်ထားတဲ့ ရေမွှေးမျိုးကို ဝယ်ယူလိုက်ပါ။
၂။သစ်သီးရနံ့ တကယ်လို့ သင်ဟာ -နွေရာသီကိုသာ အနှစ်ခြိုက်ဆုံးသူ ဖြစ်တယ်ဆိုရင် -မနက်ခင်းမှာ စောစောထတတ်ပြီး ကော်ဖီတစ်ခွက်သောက်လိုက်ရမှ ကျေနပ်သူဆိုရင် -ရေသောက်ရင်တောင် လိမ္မော်နံ့သင်းတဲ့၊ အသီးနံ့လေးသင်းတဲ့ ရေမျိုးကိုသာ သောက်ချင်တာဆိုရင် -သန့်ရှင်းပြီး ပေါ်လွင်တဲ့ အကျႍမျိုး၊ ရှင်းရှင်းလေး၊ သဘာဝဆန်ဆန်လေးနဲ့ လှတဲ့ ဒီဇိုင်းမျိုးတွေသာ ကြိုက်တတ်တဲ့သူဆိုရင် -အသီးဖျော်ရည်တွေကိုသာ စွဲမြဲစွာ သောက်တတ်သူဆိုရင် သစ်သီးရနံ့ပါတဲ့ ရေမွှေးမျိုးနဲ့ သင်ဟာ လိုက်ဖက်မှုအရှိဆုံးပါ။
၃။အုံမှိုင်းပြီး စိမ်းစိမ်းစိုစို ဖြစ်စေတတ်တဲ့ရနံ့ တကယ်လို့ သင်ဟာ -မှုန်မှိုင်းတဲ့ ရာသီမျိုးကို သဘောကျတယ်ဆိုရင် -သစ်တော၊ သစ်ရိပ်လေးတွေကို သဘောကျတယ်ဆိုရင် -လက်ဝတ်ရတနာတွေက ကျောက်တုံးပုံစံလေးတွေ၊ သူများတွေ ဝတ်လေ့မရှိတဲ့ ရှေးဟောင်းဒီဇိုင်းပုံစံတွေဆိုရင် -သောက်နေကျ အရာက လက်ဖက်ရည်ကြမ်းလိုအရာမျိုးဆိုရင် -အိမ်ထဲမှာ treadmill နဲ့လမ်းလျှောက်ရတာထက် စိမ်းလန်းတဲ့နေရာမျိုးတွေမှာ လမ်းလျှောက်ရတာ သဘောကျတယ်၊ တောင်တက်ရတာမျိုးတွေ နှစ်ခြိုက်တယ်ဆိုရင်တော့ ခုနပြောပြထားတဲ့ ကိုယ့်ကိုအုံမှိုင်းပြီး စိမ်းစိမ်းစိုစိုဖြစ်စေတဲ့ ခံစားချက်မျိုး၊ ရနံ့မျိုးပေးနိုင်တဲ့ ရေမွှေးကို ရှာဆွတ်ပါ။
၄။အရှေ့တိုင်းဆန်တဲ့ ရနံ့ တကယ်လု့ိသင်ဟာ - ညဘက်နောက်ကျမှ အမြဲ အိပ်ရာဝင်တတ်တဲ့သူဆိုရင် -ဖယောင်းတိုင်းတွေ ထွန်းပြီး နေရတာကြိုက်တယ်၊ အမွှေးရနံ့ပါတဲ့ ဖယောင်းတိုင်လေးတွေ သဘောကျတယ်။ -သွားနေကျစားသောက်ဆိုင်ရဲ့ အပြင်အဆင်ဟာ ရွှေရောင်၊ ငွေရောင်အဆင်တန်ဆာတွေနဲ့ အလှဆင်ထားသလို ၊ ပိုးသား၊ ဖဲသားလို အစမျိုးတွေနဲ့လည်း အလှဆင်ထားတယ်။ -ဆောင်းတွင်းကို နှစ်သက်ပေမယ့် နှင်းကြောင့်မဟုတ်ပဲ မီးလင်းဖိုအလှကို ခံစားရင်း နွေးနွေးထွေးထွေးနေချင်တာကြောင့် ဖြစ်တယ်ဆိုရင် သင်ဟာ အရှေ့တိုင်းဆန်တဲ့ ရနံ့စူးစူးတွေကိုသာ ရွေးချယ်သင့်ပါတယ်။
Ref:womenshealthmag
No comments:
Post a Comment