ဟာသ ရသ ဗဟုသုတမ်ိဳးစုံကို ကူးယူဖတ္ရႉႏိုင္ပါတယ္။

Breaking

ကိုယ္စိတ္ႏွစ္ျဖာက်မ္းမာၾကပါေစ...!

ကိုယ္စိတ္ႏွစ္ျဖာက်မ္းမာၾကပါေစ...!

Wednesday, May 03, 2017

အိမ္ေထာင္သည္ဘဝက သင့္ကိုေပ်ာ္ ရႊင္မႉပိုရေစ

အိမ္ေထာင္သည္ေတြဟာ အိမ္ေထာင္မရိွသူေတြထက္ စိတ္ဖိစီးမႈ ပိုနည္းၾကေၾကာင္း ေလ့လာမႈအသစ္တစ္ခုက ေတြ႔ရိွခဲ့ပါတယ္။ အိမ္ေထာင္သည္ေတြဟာ လုံးဝအိမ္ေထာင္မျပဳသူ သုိ႔မဟုတ္ အရင္ကအိမ္ေထာင္ျပဳခဲ့ဖူးသူေတြထက္ စိတ္ဖိစီးမႈေဟာ္မုန္း cortisol ပမာဏပိုနည္းတယ္လုိ႔ ယင္းေလ့လာမႈက ေဖာ္ျပခဲ့ပါတယ္။

အခ်ိန္ၾကာျမင့္စြာ ခံစားရလာတဲ့ စိတ္ဖိစီးမႈက ခႏၶာကိုယ္ရဲ႕နာက်င္ကိုက္ခဲမႈပုံမွန္ျဖစ္ေစႏုိင္စြမ္းရွိတဲ့ cortisol ပမာဏတုိးျမင့္ျခင္းနဲ႔ ဆက္စပ္ပါတယ္။ အျပန္အလွန္အေနနဲ႔ နာမက်န္းမႈေတြမ်ဳိးစုံ ျဖစ္ပြားေစပါတယ္။ အခ်စ္ေရးဆက္ဆံမႈေတြက က်န္းမာေရးနဲ႔ေရာဂါအေပၚ ဘယ္လုိသက္ေရာက္သလဲဆုိတာ ရွင္းခ်က္ေပးႏုိင္တဲ့ ဇီဝကမၼနည္းလမ္းတစ္ခု ေဖာ္ထုတ္ႏုိင္ခဲ့တာ စိတ္လႈပ္ရွားစရာေကာင္းေၾကာင္း သုေတသီတစ္ဦးျဖစ္သူ Brian Chin က ေျပာဆိုခဲ့ပါတယ္။

၃ရက္အတြင္း သုေတသီေတြဟာ မပ်က္မကြက္ဆုိသလို ၂၁-၅၅ႏွစ္ၾကားအရြယ္ အေယာက္ ၅၇၂ ဆီက တံေတြးနာမႈနာယူျပီး cortisol စစ္ေဆးခဲ့ပါတယ္။ ရလဒ္အေျဖေတြက အိမ္ေထာင္သည္အစမ္းသပ္ခံသူေတြဟာ လုံးဝအိမ္ေထာင္မျပဳသူ သုိ႔မဟုတ္ အရင္က အိမ္ေထာင္ျပဳခဲ့ဖူးသူေတြထက္ cortisol ပမာဏေလ်ာ့နည္းေၾကာင္း ေဖာ္ျပခဲ့ပါတယ္။ 

တစ္ဦးခ်င္းစီရဲ႕ေန႔စဥ္ cortisol ပုံမွန္လႈပ္ရွားမႈကိုလည္း ႏႈိင္းယွဥ္ခဲ့ပါတယ္။ Cortisol ပမာဏဟာ ပုံမွန္အားျဖင့္ မနက္အိပ္ရာထခ်ိန္မွာ အျမင့္ဆုံးေရာက္ျပီး ေန႔ဘက္မွာ ျပန္က်ပါတယ္။ အိမ္ေထာင္ျပဳသူေတြ အက်ပိုျမန္တယ္၊ ႏွလုံးေရာဂါနဲ႔ ဆက္စပ္မႈပိုနည္းျပီး ကင္ဆာေဝဒနာရွင္ေတြၾကား အသက္ပိုရွည္ၾကေၾကာင္း ေဖာ္ျပခဲ့ပါတယ္။ 

Ref: Indianexpress 

Unicode

အိမ်ထောင်သည်တွေဟာ အိမ်ထောင်မရှိသူတွေထက် စိတ်ဖိစီးမှု ပိုနည်းကြကြောင်း လေ့လာမှုအသစ်တစ်ခုက တွေ့ရှိခဲ့ပါတယ်။ အိမ်ထောင်သည်တွေဟာ လုံးဝအိမ်ထောင်မပြုသူ သို့မဟုတ် အရင်ကအိမ်ထောင်ပြုခဲ့ဖူးသူတွေထက် စိတ်ဖိစီးမှုဟော်မုန်း cortisol ပမာဏပိုနည်းတယ်လို့ ယင်းလေ့လာမှုက ဖော်ပြခဲ့ပါတယ်။



အချိန်ကြာမြင့်စွာ ခံစားရလာတဲ့ စိတ်ဖိစီးမှုက ခန္ဓာကိုယ်ရဲ့နာကျင်ကိုက်ခဲမှုပုံမှန်ဖြစ်စေနိုင်စွမ်းရှိတဲ့ cortisol ပမာဏတိုးမြင့်ခြင်းနဲ့ ဆက်စပ်ပါတယ်။ အပြန်အလှန်အနေနဲ့ နာမကျန်းမှုတွေမျိုးစုံ ဖြစ်ပွားစေပါတယ်။ အချစ်ရေးဆက်ဆံမှုတွေက ကျန်းမာရေးနဲ့ရောဂါအပေါ် ဘယ်လိုသက်ရောက်သလဲဆိုတာ ရှင်းချက်ပေးနိုင်တဲ့ ဇီဝကမ္မနည်းလမ်းတစ်ခု ဖော်ထုတ်နိုင်ခဲ့တာ စိတ်လှုပ်ရှားစရာကောင်းကြောင်း သုတေသီတစ်ဦးဖြစ်သူ Brian Chin က ပြောဆိုခဲ့ပါတယ်။



၃ရက်အတွင်း သုတေသီတွေဟာ မပျက်မကွက်ဆိုသလို ၂၁-၅၅နှစ်ကြားအရွယ် အယောက် ၅၇၂ ဆီက တံတွေးနာမှုနာယူပြီး cortisol စစ်ဆေးခဲ့ပါတယ်။ ရလဒ်အဖြေတွေက အိမ်ထောင်သည်အစမ်းသပ်ခံသူတွေဟာ လုံးဝအိမ်ထောင်မပြုသူ သို့မဟုတ် အရင်က အိမ်ထောင်ပြုခဲ့ဖူးသူတွေထက် cortisol ပမာဏလျော့နည်းကြောင်း ဖော်ပြခဲ့ပါတယ်။ 



တစ်ဦးချင်းစီရဲ့နေ့စဉ် cortisol ပုံမှန်လှုပ်ရှားမှုကိုလည်း နှိုင်းယှဉ်ခဲ့ပါတယ်။ Cortisol ပမာဏဟာ ပုံမှန်အားဖြင့် မနက်အိပ်ရာထချိန်မှာ အမြင့်ဆုံးရောက်ပြီး နေ့ဘက်မှာ ပြန်ကျပါတယ်။ အိမ်ထောင်ပြုသူတွေ အကျပိုမြန်တယ်၊ နှလုံးရောဂါနဲ့ ဆက်စပ်မှုပိုနည်းပြီး ကင်ဆာဝေဒနာရှင်တွေကြား အသက်ပိုရှည်ကြကြောင်း ဖော်ပြခဲ့ပါတယ်။ 



Ref: Indianexpress 

No comments:

Post a Comment