ဟာသ ရသ ဗဟုသုတမျိုးစုံကို ကူးယူဖတ်ရှူနိုင်ပါတယ်။

Breaking

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

Wednesday, May 03, 2017

သင့်ဘေးနားက ကောင်မလေးမှာ ဒီလို အချက်လေးတွေ ရှိတယ်ဆိုရင် သင်ဟာကံကောင်းတဲ့သူတစ်ဦးသာဖြစ်




Unicode

လောကကြီးမှာ ပြီးပြည့်စုံတဲ့ လူရယ်လို့တော့ မရှိပါဘူး ။ ဒါပေမယ့် ဘဝကို အကောင်းဆုံးဖြစ်အောင် ကြိုးစားရင်း ဖြတ်သန်းနေတဲ့လူတွေတော့ ဒုနဲ့ဒေးပါပဲ ။ မေတ္တာရေးမှာလည်း ထိုနည်း၎င်းပါပဲ။ လူတိုင်းဟာ ကိုယ် အမှန်တကယ်ချစ်မြတ်နိုးတဲ့ လူအတွက်ဆို အကောင်းဆုံးဆိုတာတွေပဲ ဖြစ်စေချင်ကြတာပါ။ အောက်မှာပေးထားတဲ့ အချက်လေးတွေနဲ့ ကိုက်ညီနေတဲ့ ကောင်မလေးတစ်ယောက် သင့်အနားမှာ ရှိနေပြီဆိုရင်တော့ သင်ဟာအမှန်တကယ်ကို ကံကောင်းတဲ့သူ တစ်ဦးပဲဖြစ်ပါတယ်။



(၁) ကိုယ့်ကောင်လေးကို အမြဲတစေ ငြူဆူကြိမ်းမောင်း မြည်တွန်တောက်တီးပြီး နား ဒုက္ခမပေးတတ်တဲ့ ကောင်မလေးမျိုး

(၂) ကောင်လေးကို ပဲ မှီခိုအားကိုးမနေဘဲ ဘဝတက်လမ်းအတွက် အဓိပ္ပါယ်ရှိရှိ ကြိုးစားနေတဲ့ အရည်ချင်းရှိတဲ့ ကောင်မလေးမျိုး

(၃) ထက်မြတ်ပြီး အလိုက်သိတတ်တဲ့ ကောင်မလေးမျိုး

(၄) လှတာ မလှတာထက် ဆွဲဆောင်မှု ရှိအောင် နေတတ်တဲ့ ကောင်မလေးမျိုး

(၅) ခင်မင်နှစ်လို ဖွယ်ကောင်းပြီး အရိုးခံစိတ်ရင်းနဲ့ ဖော်ရွေတတ်တဲ့ ကောင်မလေးမျိုး

(၆) ဘာသာတရားရဲ့ အဆုံးအမ အောက်မှာ ရှိပြီး သိမ်မွေ့ယဉ်ကျေးတဲ့ ကောင်မလေးမျိုး

(၇) ကိုယ့်ချစ်သူကို သစ္စာရှိရှိ မြတ်နိုးတန်ဖိုးထားတတ်တဲ့ ကောင်မလေးမျိုး

(၈) မိခင်သဖွယ် ဂရုစိုက်တတ်ပြီး ညီမလေးလို အားကိုးတတ်တဲ့ ကောင်မလေးမျိုး

(၉) ကိုယ့်ချစ်သူ လမ်းမှားရောက်နေတဲ့အခါ မှန်ရာကို ထောက်ပြနိုင်တဲ့ကောင်မလေးမျိုး

(၁၀) ချစ်သူကို နားလည်ပေးတတ်တဲ့ ကောင်မလေးမျိုး

(၁၁) ကိုယ့်ချစ်သူရဲ့ ဆိုးတဲ့ အချက်တွေကို ကိုယ့်အချစ်နဲ့ ဖေးမ ပြုပြင်ပေးတတ်တဲ့ ကောင်မလေးမျိုး



အဲ့လိုအချက်လေးတွေနဲ့ ကိုက်ညီတဲ့ ကောင်မလေး ကိုယ့်ဘေးနားမှာ ရှိနေပြီဆိုရင်တော့ တန်ဖိုးထားပြီး ဂရုတစိုက် ချစ်မြတ်နိုးပေးလိုက်ပါ။ ဒီလို ကောင်မလေးမျိုးကို ပိုင်ဆိုင်ထားရတာ သင် တကယ်ကို ကံကောင်းပါတယ်။ 



No comments:

Post a Comment