လူတစ္ေယာက္ဟာ ဘယ္ေလာက္ကံဆုိးၿပီး ဘယ္ေလာက္ကံေကာင္းႏုိင္ပါသလဲ..။မေတာ္တဆမႈေတြ အႀကိမ္ႀကိမ္ျဖစ္ခဲ့ရင္ ဒီလူကုိ ကံဆုိးသူလုိ႔ ဆုိရပါမယ္။ အဲဒီမေတာ္တဆ မႈေတြကေနလြတ္ေျမာက္သြားရင္ေတာ့ ကံေကာင္းသူလုိ႔ ဆုိရပါမယ္။ ဒီလုိ မေတာ္တဆမႈေတြ အႀကိမ္ေပါင္းမ်ား စြာႀကဳံခဲ့ၿပီး ပြတ္သီကာသီလြတ္ခဲ့သူ တစ္ေယာက္အေၾကာင္းပါ။
သူ႔နာမည္က Frane Selak ျဖစ္ၿပီး ခရုိေအးရွားက ဂီတဆရာတစ္ဦး ျဖစ္ပါတယ္။ ကဲ သူႀကဳံေတြ႔ခဲ့တဲ့ အေကာင္းအဆုိးေတြကုိ ၾကည့္ၾကရေအာင္။
-၁၉၆၂ဇန္န၀ါရီမွာ Selakဟာရထားနဲ႔ခရီးသြားခဲ့ပါတယ္။ သူစီးလာတဲ့ရထားဟာ မေတာ္တဆမႈတစ္ခုၿဖစ္ၿပီး ေရထဲကုိၿပဳတ္က်သြားခဲ့ၿပီး လူ၁၇ေယာက္ေသဆုံးေစခဲ့ပါတယ္။ Selakကေတာ့ လက္တစ္ေခ်ာင္းပဲက်ဳိးၿပီး အသက္ရွင္လြတ္ေၿမာက္ခဲ့ပါတယ္။
-ေနာက္ႏွစ္မွာလည္း Zagreb ကေန Rijekaကုိ ခရီးသြားခဲ့ၿပန္ပါတယ္။ ဒီတစ္ခါမွာလည္းေလယာဥ္မေတာ္တဆမႈ႕ တစ္ခုကေန လူ ၁၉ ေယာက္ေသဆုံးခဲ့ေပမယ့္ Selak ကေတာ့ အေသးအဖြဲဒါဏ္ရာေလးေလာက္ပဲ ရရွိခဲ့ပါတယ္။
-၁၉၆၆ခုႏွစ္မွာ သူစီးလာတဲ့ဘစ္စကားဟာ စက္ခ်ဳိ႕ယြင္းမႈ႕ၿဖစ္ၿပီး ၿမစ္ထဲကုိထုိးက်ၿပန္ပါတယ္။ ဒီတစ္ခါမွာလည္း လူ၄ဦး ေသခဲ့ေပမယ့္ Selakဟာလြတ္ေၿမာက္လာခဲ့ၿပန္ပါတယ္။
-၁၉၇၀ ခုႏွစ္တုန္းကလည္း သူ႔ကားရဲ႕ဓာတ္ဆီ pump အမွားတစ္ခုကေန ကားမီးေလာင္မႈ ၿဖစ္ပြားရာက ပြတ္ကာသီကာလြတ္ေၿမာက္ခဲ့ၿပန္ပါတယ္။
-၁၉၇၃ခုႏွစ္ မွာလည္း air vent ေႀကာင့္သူ႔ကားမီးထပ္ေလာင္ရာကေန ဒါဏ္ရာဒါဏ္ခ်က္မရွိပဲ လြတ္ေၿမာက္ၿပန္ပါတယ္။
-၁၉၉၅ခုႏွစ္ မွာေတာ့ သူဟာ ဘတ္စ္ကားတစ္စီးနဲ႔ အတုိက္ခံခဲ့ရပါတယ္။ ဒီတစ္ခါမွာလဲ ဒါဏ္ရာအေသးစားေလးေတြပဲရၿပီး အသက္ရွင္လြတ္ေၿမာက္ခဲ့ၿပန္ပါတယ္။
-၁၉၉၆ခုႏွစ္ မွာလည္း သူ႔ေမာင္းလာတဲ့ထရပ္ကားဟာ ေခ်ာက္ထဲကုိ ၿပဳတ္က်ခဲ့ပါတယ္။ သူဟာကားထဲကေန ခုန္ထြက္ကာ သစ္ပင္တစ္ပင္ရဲ႕အကုိင္းကုိ အခ်ိန္မီတြယ္ထားႏုိင္ခဲ့ပါတယ္။ သူ႔ရဲ႕ကားကေတာ့သူ႔ရဲ႕ေအာက္ဘက္ ေပ၃၀၀အကြာ မွာ ေပါက္ကြဲပ်က္စီးခဲ့ပါတယ္။
ဒါေပမယ့္ ဒီအၿဖစ္အပ်က္ေတြအၿပီး ၂၀၀၃ခုႏွစ္အေရာက္မွာေတာ့ ကံေကာင္းၿခင္းဟာသူ႔ဆီလာခဲ့ပါတယ္။ Selak ဟာ ခရုိေအးရွားထီ ေဒၚလာ၁သန္းကုိ အႏုိင္ရရွိခဲ့ပါတယ္။
လူတုိင္းရဲ႕ဘ၀မွာအဆုိးနဲ႔အေကာင္းကုိ အနည္းနဲ႔အမ်ားႀကဳံေတြ႔နုိင္ေပမယ့္ Selak ႀကဳံခဲ့ရတဲ့ အေကာင္း အဆုိးေတြ ကေတာ့ အံအားသင့္ဖြယ္အၿဖစ္အပ်က္ေတြပါပဲ။
“ကြ်န္ေတာ္ဟာ ကံေကာင္းမႈ႕ေရာ၊ကံဆုိးမႈ႕ပါေရာေနတဲ့လူတစ္ေယာက္ၿဖစ္တယ္” လုိ႔ Selakက ေၿပာသြားခဲ့ပါတယ္။
#Credit_Thutazone
Unicode
ကံအဆိုးဆုံး (သို့) ကံအကောင်းဆုံးလူသား
လူတစ်ယောက်ဟာ ဘယ်လောက်ကံဆိုးပြီး ဘယ်လောက်ကံကောင်းနိုင်ပါသလဲ..။မတော်တဆမှုတွေ အကြိမ်ကြိမ်ဖြစ်ခဲ့ရင် ဒီလူကို ကံဆိုးသူလို့ ဆိုရပါမယ်။ အဲဒီမတော်တဆ မှုတွေကနေလွတ်မြောက်သွားရင်တော့ ကံကောင်းသူလို့ ဆိုရပါမယ်။ ဒီလို မတော်တဆမှုတွေ အကြိမ်ပေါင်းများ စွာကြုံခဲ့ပြီး ပွတ်သီကာသီလွတ်ခဲ့သူ တစ်ယောက်အကြောင်းပါ။
သူ့နာမည်က Frane Selak ဖြစ်ပြီး ခရိုအေးရှားက ဂီတဆရာတစ်ဦး ဖြစ်ပါတယ်။ ကဲ သူကြုံတွေ့ခဲ့တဲ့ အကောင်းအဆိုးတွေကို ကြည့်ကြရအောင်။
-၁၉၆၂ဇန်နဝါရီမှာ Selakဟာရထားနဲ့ခရီးသွားခဲ့ပါတယ်။ သူစီးလာတဲ့ရထားဟာ မတော်တဆမှုတစ်ခုဖြစ်ပြီး ရေထဲကိုပြုတ်ကျသွားခဲ့ပြီး လူ၁၇ယောက်သေဆုံးစေခဲ့ပါတယ်။ Selakကတော့ လက်တစ်ချောင်းပဲကျိုးပြီး အသက်ရှင်လွတ်မြောက်ခဲ့ပါတယ်။
-နောက်နှစ်မှာလည်း Zagreb ကနေ Rijekaကို ခရီးသွားခဲ့ပြန်ပါတယ်။ ဒီတစ်ခါမှာလည်းလေယာဉ်မတော်တဆမှု့ တစ်ခုကနေ လူ ၁၉ ယောက်သေဆုံးခဲ့ပေမယ့် Selak ကတော့ အသေးအဖွဲဒါဏ်ရာလေးလောက်ပဲ ရရှိခဲ့ပါတယ်။
-၁၉၆၆ခုနှစ်မှာ သူစီးလာတဲ့ဘစ်စကားဟာ စက်ချို့ယွင်းမှု့ဖြစ်ပြီး မြစ်ထဲကိုထိုးကျပြန်ပါတယ်။ ဒီတစ်ခါမှာလည်း လူ၄ဦး သေခဲ့ပေမယ့် Selakဟာလွတ်မြောက်လာခဲ့ပြန်ပါတယ်။
-၁၉၇၀ ခုနှစ်တုန်းကလည်း သူ့ကားရဲ့ဓာတ်ဆီ pump အမှားတစ်ခုကနေ ကားမီးလောင်မှု ဖြစ်ပွားရာက ပွတ်ကာသီကာလွတ်မြောက်ခဲ့ပြန်ပါတယ်။
-၁၉၇၃ခုနှစ် မှာလည်း air vent ကြောင့်သူ့ကားမီးထပ်လောင်ရာကနေ ဒါဏ်ရာဒါဏ်ချက်မရှိပဲ လွတ်မြောက်ပြန်ပါတယ်။
-၁၉၉၅ခုနှစ် မှာတော့ သူဟာ ဘတ်စ်ကားတစ်စီးနဲ့ အတိုက်ခံခဲ့ရပါတယ်။ ဒီတစ်ခါမှာလဲ ဒါဏ်ရာအသေးစားလေးတွေပဲရပြီး အသက်ရှင်လွတ်မြောက်ခဲ့ပြန်ပါတယ်။
-၁၉၉၆ခုနှစ် မှာလည်း သူ့မောင်းလာတဲ့ထရပ်ကားဟာ ချောက်ထဲကို ပြုတ်ကျခဲ့ပါတယ်။ သူဟာကားထဲကနေ ခုန်ထွက်ကာ သစ်ပင်တစ်ပင်ရဲ့အကိုင်းကို အချိန်မီတွယ်ထားနိုင်ခဲ့ပါတယ်။ သူ့ရဲ့ကားကတော့သူ့ရဲ့အောက်ဘက် ပေ၃၀၀အကွာ မှာ ပေါက်ကွဲပျက်စီးခဲ့ပါတယ်။
ဒါပေမယ့် ဒီအဖြစ်အပျက်တွေအပြီး ၂၀၀၃ခုနှစ်အရောက်မှာတော့ ကံကောင်းခြင်းဟာသူ့ဆီလာခဲ့ပါတယ်။ Selak ဟာ ခရိုအေးရှားထီ ဒေါ်လာ၁သန်းကို အနိုင်ရရှိခဲ့ပါတယ်။
လူတိုင်းရဲ့ဘဝမှာအဆိုးနဲ့အကောင်းကို အနည်းနဲ့အများကြုံတွေ့နိုင်ပေမယ့် Selak ကြုံခဲ့ရတဲ့ အကောင်း အဆိုးတွေ ကတော့ အံအားသင့်ဖွယ်အဖြစ်အပျက်တွေပါပဲ။
“ကျွန်တော်ဟာ ကံကောင်းမှု့ရော၊ကံဆိုးမှု့ပါရောနေတဲ့လူတစ်ယောက်ဖြစ်တယ်” လို့ Selakက ပြောသွားခဲ့ပါတယ်။
#Credit_Thutazone
No comments:
Post a Comment