ဟာသ ရသ ဗဟုသုတမ်ိဳးစုံကို ကူးယူဖတ္ရႉႏိုင္ပါတယ္။

Breaking

ကိုယ္စိတ္ႏွစ္ျဖာက်မ္းမာၾကပါေစ...!

ကိုယ္စိတ္ႏွစ္ျဖာက်မ္းမာၾကပါေစ...!

Friday, May 05, 2017

Michelle နဲ႔ မေတြ႔ခင္က ရွိခဲ့တဲ့ အိုဘားမား ရဲ႕ အခ်စ္ေဟာင္း ဇာတ္လမ္း တစ္ပုဒ္

အေမရိကန္သမၼတေဟာင္း Barack Obama ကေတာ့ လက္ရွိဇနီး Mich elle နဲ႔မေတြ႔ခင္အခ်ိန္ကရွိခဲ့တဲ့ သူ႔ရဲ႕ ခ်စ္ဇာတ္လမ္းေဟာင္းတစ္ပုဒ္ လူသိရွင္ ၾကား ေပၚသြား ခဲ့ပါတယ္။သူဟာ လူျဖဴအမ်ိဳးသမီးတစ္ေယာက္ကို ႏွစ္ႀကိမ္ေတာင္မွ propose လုပ္ခ့ဲဖူးပါတယ္။ အဲ့ဒီအမ်ိဳးသမီး နာမည္ကေတာ့ Sheila Miyoshi Jager ပါ။သူမဟာအိုဘားမားရဲ႕ ဘ၀ထဲမွာ ပတ္သက္ခဲ့ဖူးသူ လို႔ အိုဘားမားရဲ႕ အတၳဳပၸတိစာအုပ္ ျဖစ္တဲ့ Dreams of My Father ထဲမွာပါပါတယ္။

ဒါေပမယ့္ စာေရးဆရာ David J. Garrow ရဲ႕ Rising Star ဆုိတဲ့ စာအုပ္မွာေတာ့ Jager ဆိုတဲ့ အမ်ိဳးသမီး ဟာ အိုဘားမားရဲ႕ ဘ၀ထဲမွာ အေရးပါတဲ့ အခန္းက႑ တစ္ခုအေနနဲ႔ ပါ၀င္ခဲ့ဖူးတယ္ လုိ႔ ေျပာခဲ့ပါတယ္။ ဇနီးျဖစ္ လာမယ့္ Michelle နဲ႔ေတြ႔ဆံုေနတဲ့အခ်ိန္မွာ ေတာင္ အိုဘားမားတစ္ေယာက္ Jager န႔ဲတစ္ႏွစ္ေလာက္ ဆက္ၿပီး အဆက္အသြယ္ ရွိေနခဲ့တယ္လုိ႔ စာအုပ္ထဲမွာ ေျပာထားပါတယ္။ အိုဘားမားနဲ႔ အဲ့ဒီအမ်ိဳးသမီး ဟာ (၁၉၈၀)အလယ္ပိုင္းေလာက္မွာ အရမ္းခ်စ္၊အရမ္း တြဲခဲ့ၿပီး ခ်ီကာဂိုမွာ living together ေတာင္ေနခဲ့ၾကတာ လို႔ Jager ဆိုတဲ့ အမ်ိဳးသမီး ကိုယ္ တိုင္ ျပန္ေျပာျပခဲ့ တာပါ။ဒါေပမယ့္ (၁၉၈၆)ခုႏွစ္မွာေတာ့သူမနဲ႔ အိုဘားမား ရဲ႕ ပတ္သက္မႈဟာ သူမရဲ႕ မိဘေတြေၾကာင့္ အဆံုး သတ္ခဲ့ ရပါတယ္။အဲ့ဒီအခ်ိန္ တုန္းက Jager က (၂၃)၊ အိုဘားမားက (၂၅)ႏွစ္ပါ။ဒါေၾကာင့္ ငယ္ေသး တယ္ ဆိုတဲ့ အေၾကာင္းျပ ခ်က္နဲ႔ ေကာင္မေလးရဲ႕ မိဘေတြက သူတို႔ႏွစ္ေယာက္ လက္ထပ္ဖို႔ ကိစၥကို ျငင္းခဲ့ပါတယ္။ ဒါေပမယ့္ အတူေနတာကိုေတာ့ ဆက္ေန ခဲ့ပါတယ္။

ပထမတစ္ႀကိမ္အဆင္မေျပေပမယ့္ အိုဘားမားက Jager ကို လြယ္လြယ္နဲ႔ေ တာ့ လက္မေလွ်ာ႔ခဲ့ပဲ ေနာက္တစ္ႀကိမ္၊ဒုတိယေျမာက္ လက္ထပ္ခြင့္ေတာင္း ခဲ့ကာ၊ Harvard မွာေက်ာင္းတတ္ခြင့္ေပးဖို႔ ေတာင္းဆိုခ့ဲ ပါတယ္ ။ဒါေပမယ့္ ထပ္ၿပီး အျငင္းခံခဲ့ရပါတယ္။Jager စိတ္ထဲမွာက အိုဘားမားရဲ႕ လက္ထပ္ ခြင့္ေတာင္းဆိုမႈ ဟာ ဘ၀အတြက္ ေရေရာရာရာ ဘာမွမရွိေသးတဲ့ အခ်ိန္ မွာ ေသခ်ာမစဥ္းစားပဲ ထင္ရာစိုင္း၊ႀကံမိၾကံရာ ေျပာတယ္ လို႔ ထင္ေနခဲ့ တာပါ။ဒု တိယအႀကိမ္ ျငင္းပယ္ခံရမႈ ကေတာ့ သူတို႔ႏွစ္ေယာက္ရဲ႕ relationship ကို တကယ္ပဲ အဆံုးသတ္သြားေစခဲ့ပါတယ္။

ခ်စ္သူနဲ႔လမ္းခြဲခဲ့ရတဲ့ အိုဘားမားတစ္ေယာက္ ဥပေဒ ေက်ာင္းတတ္ခဲ့ၿပီး အဲ့ဒီီမွာ အလုပ္လုပ္ေနတဲ့ Michelle နဲ႔ ေတြ႔ခဲ့ပါတယ္။အဲ့ဒီမွာပဲ ႏွစ္ေယာက္သား ခ်စ္သြားခဲ့ ၾကတာပါ။ Jager တစ္ေယာက္ Harvard သို႔ စာသင္ဖို႔ ေရာက္လာၿပီးေနာက္မွာေတာ့အိုဘားမားနဲ႔ အဆက္ အသြယ္ ဆက္ရွိေနခဲ့ပါတယ္။ ဒီကိစၥနဲ႔ပတ္သက္ၿပီး ကၽြန္မ အၿမဲတမ္းစိတ္မေကာင္းျဖစ္မိတယ္လုိ႔ ဆိုပါတယ္။ အိုဘားမား နဲ႔ Michelle တို႔(၁၉၉၂)မွာ လက္ထပ္ခဲ့ၿပီးေနာက္မွာေတာ့ သူတို႔ႏွစ္ေယာက္ အျပင္မွာ ဆက္မေတြ႔ျဖစ္ၾကေတာ့ပဲ စာ၊ဖုန္းေလာက္နဲ႔ သာ အဆက္အသြယ္ရွိခဲ့တယ္လုိ႔ အိုဘားမားရဲ႕ တစ္ခ်ိန္ က ခ်စ္သူေဟာင္း Jager ကေျပာခဲ့ပါတယ္။ သူမဟာ လက္ရွိမွာေတာ့ Oberlin က East Asian program မွာ professor ၊ director မွာ အလုပ္ လုပ္ ေနပါတယ္။ဒီသတင္းေတြ ထြက္ေပၚလာတဲ့ နဲ႔ပတ္သက္ ၿပီး အိုဘားမား ဘက္ကေတာ့ ဘာကိုမွ မွတ္ခ်က္ေပး ေျပာၾကားတာမိ်ဳး မရွိေသးဘူးလို႔ သိရပါ တယ္။

Ref;Daily Mail
#Credit_ShweMom

Unicode

Michelle နဲ့ မတွေ့ခင်က ရှိခဲ့တဲ့ အိုဘားမား ရဲ့ အချစ်ဟောင်း ဇာတ်လမ်း တစ်ပုဒ်

အမေရိကန်သမ္မတဟောင်း Barack Obama ကတော့ လက်ရှိဇနီး Mich elle နဲ့မတွေ့ခင်အချိန်ကရှိခဲ့တဲ့ သူ့ရဲ့ ချစ်ဇာတ်လမ်းဟောင်းတစ်ပုဒ် လူသိရှင် ကြား ပေါ်သွား ခဲ့ပါတယ်။သူဟာ လူဖြူအမျိုးသမီးတစ်ယောက်ကို နှစ်ကြိမ်တောင်မှ propose လုပ်ခဲ့ဖူးပါတယ်။ အဲ့ဒီအမျိုးသမီး နာမည်ကတော့ Sheila Miyoshi Jager ပါ။သူမဟာအိုဘားမားရဲ့ ဘဝထဲမှာ ပတ်သက်ခဲ့ဖူးသူ လို့ အိုဘားမားရဲ့ အတ္ထုပ္ပတိစာအုပ် ဖြစ်တဲ့ Dreams of My Father ထဲမှာပါပါတယ်။

ဒါပေမယ့် စာရေးဆရာ David J. Garrow ရဲ့ Rising Star ဆိုတဲ့ စာအုပ်မှာတော့ Jager ဆိုတဲ့ အမျိုးသမီး ဟာ အိုဘားမားရဲ့ ဘဝထဲမှာ အရေးပါတဲ့ အခန်းကဏ္ဍ တစ်ခုအနေနဲ့ ပါဝင်ခဲ့ဖူးတယ် လို့ ပြောခဲ့ပါတယ်။ ဇနီးဖြစ် လာမယ့် Michelle နဲ့တွေ့ဆုံနေတဲ့အချိန်မှာ တောင် အိုဘားမားတစ်ယောက် Jager နဲ့တစ်နှစ်လောက် ဆက်ပြီး အဆက်အသွယ် ရှိနေခဲ့တယ်လို့ စာအုပ်ထဲမှာ ပြောထားပါတယ်။ အိုဘားမားနဲ့ အဲ့ဒီအမျိုးသမီး ဟာ (၁၉၈၀)အလယ်ပိုင်းလောက်မှာ အရမ်းချစ်၊အရမ်း တွဲခဲ့ပြီး ချီကာဂိုမှာ living together တောင်နေခဲ့ကြတာ လို့ Jager ဆိုတဲ့ အမျိုးသမီး ကိုယ် တိုင် ပြန်ပြောပြခဲ့ တာပါ။ဒါပေမယ့် (၁၉၈၆)ခုနှစ်မှာတော့သူမနဲ့ အိုဘားမား ရဲ့ ပတ်သက်မှုဟာ သူမရဲ့ မိဘတွေကြောင့် အဆုံး သတ်ခဲ့ ရပါတယ်။အဲ့ဒီအချိန် တုန်းက Jager က (၂၃)၊ အိုဘားမားက (၂၅)နှစ်ပါ။ဒါကြောင့် ငယ်သေး တယ် ဆိုတဲ့ အကြောင်းပြ ချက်နဲ့ ကောင်မလေးရဲ့ မိဘတွေက သူတို့နှစ်ယောက် လက်ထပ်ဖို့ ကိစ္စကို ငြင်းခဲ့ပါတယ်။ ဒါပေမယ့် အတူနေတာကိုတော့ ဆက်နေ ခဲ့ပါတယ်။

ပထမတစ်ကြိမ်အဆင်မပြေပေမယ့် အိုဘားမားက Jager ကို လွယ်လွယ်နဲ့ေ တာ့ လက်မလျှော့ခဲ့ပဲ နောက်တစ်ကြိမ်၊ဒုတိယမြောက် လက်ထပ်ခွင့်တောင်း ခဲ့ကာ၊ Harvard မှာကျောင်းတတ်ခွင့်ပေးဖို့ တောင်းဆိုခဲ့ ပါတယ် ။ဒါပေမယ့် ထပ်ပြီး အငြင်းခံခဲ့ရပါတယ်။Jager စိတ်ထဲမှာက အိုဘားမားရဲ့ လက်ထပ် ခွင့်တောင်းဆိုမှု ဟာ ဘဝအတွက် ရေရောရာရာ ဘာမှမရှိသေးတဲ့ အချိန် မှာ သေချာမစဉ်းစားပဲ ထင်ရာစိုင်း၊ကြံမိကြံရာ ပြောတယ် လို့ ထင်နေခဲ့ တာပါ။ဒု တိယအကြိမ် ငြင်းပယ်ခံရမှု ကတော့ သူတို့နှစ်ယောက်ရဲ့ relationship ကို တကယ်ပဲ အဆုံးသတ်သွားစေခဲ့ပါတယ်။

ချစ်သူနဲ့လမ်းခွဲခဲ့ရတဲ့ အိုဘားမားတစ်ယောက် ဥပဒေ ကျောင်းတတ်ခဲ့ပြီး အဲ့ဒီမှာ အလုပ်လုပ်နေတဲ့ Michelle နဲ့ တွေ့ခဲ့ပါတယ်။အဲ့ဒီမှာပဲ နှစ်ယောက်သား ချစ်သွားခဲ့ ကြတာပါ။ Jager တစ်ယောက် Harvard သို့ စာသင်ဖို့ ရောက်လာပြီးနောက်မှာတော့အိုဘားမားနဲ့ အဆက် အသွယ် ဆက်ရှိနေခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်မ အမြဲတမ်းစိတ်မကောင်းဖြစ်မိတယ်လို့ ဆိုပါတယ်။ အိုဘားမား နဲ့ Michelle တို့(၁၉၉၂)မှာ လက်ထပ်ခဲ့ပြီးနောက်မှာတော့ သူတို့နှစ်ယောက် အပြင်မှာ ဆက်မတွေ့ဖြစ်ကြတော့ပဲ စာ၊ဖုန်းလောက်နဲ့ သာ အဆက်အသွယ်ရှိခဲ့တယ်လို့ အိုဘားမားရဲ့ တစ်ချိန် က ချစ်သူဟောင်း Jager ကပြောခဲ့ပါတယ်။ သူမဟာ လက်ရှိမှာတော့ Oberlin က East Asian program မှာ professor ၊ director မှာ အလုပ် လုပ် နေပါတယ်။ဒီသတင်းတွေ ထွက်ပေါ်လာတဲ့ နဲ့ပတ်သက် ပြီး အိုဘားမား ဘက်ကတော့ ဘာကိုမှ မှတ်ချက်ပေး ပြောကြားတာမျိုး မရှိသေးဘူးလို့ သိရပါ တယ်။

Ref;Daily Mail
#Credit_ShweMom

No comments:

Post a Comment