ဟာသ ရသ ဗဟုသုတမျိုးစုံကို ကူးယူဖတ်ရှူနိုင်ပါတယ်။

Breaking

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

Wednesday, May 31, 2017

အမျိုးသမီးတွေအဖြစ်များဆုံး ကင်ဆာရောဂါများနှင့်ကြိုတင်ကာကွယ်နည်းများ


နှစ်စဉ် အမေရိကန်ပြည်ထောင်စုမှာ အမျိုးသမီးအရေအတွက် ၈၅၀,၀၀၀ ဟာ “မင်းမှာ ကင်ဆာရောဂါရှိနေပြီ” ဆိုတဲ့ စကားကို စိတ်မကောင်းဖွယ်ကြားနေရပါတယ်။ဒါပေမယ့် ကင်ဆာရောဂါခံစားရတဲ့သူတိုင်း ကြမ္မာဆိုးနဲ့ ကံမကောင်းဖြစ် ကြရတာမဟုတ်ပါဘူး။သုတေသနညွှန်းကိန်းတွေအရ အမေရိကန်နိုင်ငံမှာ သေစေနိုင်တဲ့ကင်ဆာရောဂါအမျိုးအစား သုံးပုံပုံ နှစ်ပုံကိုကာကွယ်ပေးနိုင်နေပြီလို့ဆိုပါတယ်။ဒါကြောင့် အမျိုးသမီးတွေမှာဘယ်လိုကင်ဆာရောဂါတွေအဖြစ်များ ဆုံးလဲ။အဲဒီရောဂါတွေကိုဘယ်လိုကာကွယ်နိုင်လဲဆိုတာနဲ့ပတ်သက်ပြီး Shwemom ပရိသတ်ကြီးကို စုစည်းဖော်ပြပေး လိုက်ပါတယ်။

(၁)အူမကြီးကင်ဆာ

၂၀၁၆ခုနှစ်မှာ အမျိုးသမီးအရေအတွက် ခန့်မှန်းချေ ၄၇၅၆၀ဦး ဟာ အူမကြီးကင်ဆာရောဂါ ခံစားနေရပါတယ်။
ဒီအရေအတွက်ကိုတွေ့လို့သင့်အနေနဲ့အံ့အားသင့်စရာဖြစ်နေပါလိမ့်မယ်။ဒါပေမယ့်The American Cancer Society ရဲ့အချက်အလက်တွေအရ တစ်နှစ်လျှင် အူမကြီးကင်ဆာဖြစ်နိုင်ချေရှိတဲ့အမျိုးသားအရေအတွက်နဲ့ အမျိုးသမီး အရေ အတွက်ဟာ တူတူပဲဖြစ်တယ်လို့ဆိုပါတယ်။သတင်းကောင်းတစ်ခုကတော့ ဒီရောဂါကို ကာကွယ်လို့ရနေပြီဆိုတာပါ ပဲ။The Mount Sinai School of Medicine ရဲ့ အစာအိမ်၊အူရောင်ရမ်းနာနှင့် အစာပြွန်လမ်းကြောင်းဆိုင်ရာဌာနမှ ဒါရိုက်တာ David Greenwald က ဒီရောဂါကို ကာကွယ်နိုင်ပြီလို့ဆိုပါတယ်။
အူမကြီးကင်ဆာရောဂါကို ဘယ်လိုကာကွယ်နိုင်မလဲ
colon-cancer-awareness-coyne-1280
ပုံမှန်အားဖြင့် ဒီရောဂါဟာ အသက် ၅၀အရွယ်မှာအဖြစ်များပြီး ဆယ်နှစ်မှာ တစ်ကြိမ် ရောဂါပေါ်လာတတ် ပါတယ်။ polypsဆိုတာ  အူမကြီးရဲ့အတွင်းနံရံရဲ့ ဆဲလ်ထဲက ဗီဇတွေ ပြောင်းလဲခြင်းကြောင့်ဖြစ်ပေါ်လာပြီးအဲဒီ polyps တွေ ဟာ အူမကြီးကင်ဆာဖြစ်တဲ့အထိ တဖြည်းဖြည်းကြီးထွားလာတာကြောင့်  စောစီးစွာစစ်ဆေးတွေ့ရှိ မယ်ဆိုရင် ဖယ်ထုတ် ပစ်နိုင်ပါတယ်။ဒါ့အပြင် စစ်ဆေးမှုတွေထဲမှာ သွေးကိုလည်း စစ်ဆေးလို့ ရပြီး မစင်စွန့်တဲ့အခါ မစင်မှာပါတဲ့ သွေးကို စစ်ဆေးပြီးအူမကြီးကင်ဆာ ရှိမရှိကို ညွှန်ပြနိုင်တယ်၊ Cologuard လို့ခေါ်တဲ့ DNA စစ်ဆေးမှုမှာလည်း ကင်ဆာ ဗီဇပြောင်းလဲမှု ရှိမရှိသိနိုင်ပါတယ်။

(၂)သိုင်းရွိုက်ကင်ဆာ

ThyroidCancer-MEDIA-720
စစ်တမ်းတွေအရ ၂၀၁၆ခုနှစ်မှာ သိုင်းရွိုက်ကင်ဆာဖြစ်ပွားတဲ့ အမျိုးသမီးအရေအတွက် ခန့်မှန်းခြေ ၄၉၃၅၀ဦးဝန်း ကျင်ရှိပါတယ်။
The American Cancer Society ရဲ့လေ့လာချက်အရ နှစ်နှစ်ဆယ်မှာ သိုင်းရွိုက်ကင်ဆာဖြစ် ပွားနိုင်ခြေနှစ်ဆတိုး လာတယ်လို့ဆိုပါတယ်။ဒါပေမယ့်စိုးရိမ်စရာတော့မလိုပါဘူး။ MRIs  ဒါမှမဟုတ် CT scansတွေရဲ့ဖော်ပြချက်ကတော့ တခါတရံ အလွန်အမင်းခေါင်းကိုက်ခြင်း၊လည်ချောင်းနာခြင်းတွေစတဲ့ ရောဂါလက္ခဏာတွေကိုစိုးရိမ်စရာမလိုဘူးလို့ဆို ပါတယ်။
သိုင်းရွိုက်ကင်ဆာကို ဘယ်လိုကာကွယ်ရမလဲ
စမ်းသပ်စစ်ဆေးလို့ သေးငယ်တဲ့အကျိတ်လိုမျိုး အဖုအလုံးလေးတွေတွေ့ရင်အလောတကြီးခွဲစိတ်တာမျိုးတွေမလုပ်သင့် ပါဘူး။တကယ်လို့ ခွဲစိတ်ဖို့ လိုအပ်ခဲ့ရင်လည်း တစ်ခုလုံးမဟုတ်ဘဲ တစ်ဝက်လောက်ပဲဖယ်ရှားရုံနဲ့လုံလောက်ပါတယ်။ ဆရာဝန်တွေရဲ့ဖိအားပေးမှုကြောင့် သိုင်းရွိုက်အကျိတ်တစ်ခုလုံးကို ဖယ်ထုတ်ဖို့ဖြစ်လာခဲ့ရင် အကျိတ်ရဲ့ အောက်ခြေမှာ ၁စင်တီမီတာလောက်ချန်ပြီး ဖယ်ရှားဖို့လိုပါတယ်။ဘာဖြစ်လို့လဲဆိုတော့ ဒီခွဲစိတ်မှုမျိုးက အသံအိုးကိုထိခိုက်နိုင်ပါ တယ်။ဒါ့အပြင် ကျန်တဲ့ဘ၀တစ်လျှောက်လုံးအတွက် သိုင်းရွိုက်ဟော်မုန်းကမရှိမဖြစ်လိုအပ်တဲ့ အတွက်လည်းဖြစ်ပါတယ်။

(၃)ရင်သားကင်ဆာ

woman with pink cancer awareness ribbon
၂၀၁၆ခုနှစ်မှာ ရင်သားကင်ဆာဖြစ်ပွားတဲ့ အမျိုးသမီးအရေအတွက်ဟာ ခန့်မှန်းချေ ၂၄၆,၆၆၀ဦးရှိပါတယ်။
ဒီရောဂါဟာ အမျိုးသမီးတွေမှာ ဖြစ်ပွားတဲ့ ကင်ဆာရောဂါတွေထဲမှာ အရေပြားကင်ဆာဖြစ်ပွားနှုန်းလောက် အဖြစ် များလေ့တော့မရှိပါဘူး။ဒါပေမယ့် non-melanoma skin cancersအမျိုးအစားမှာလည်း မပါဝင်ပြန်ပါဘူး။ ဘာဖြစ် လို့လဲဆိုတော့ အမေရိကန်နိုင်ငံမှာလူဦးရေ ၈၅၀၀ဟာ နေ့စဉ်အရေပြားကင်ဆာတစ်မျိုးမျိုးကိုခံစားနေရပါတယ်။ တွေ့ရှိမှု အသစ်မှာတော့ ခန့်မှန်းချေအရေအတွက် ၁၄၄,၈၆၀ သောအမျိုးသမီးနဲ့အမျိုးသားတွေဟာအရေးပြားမှာရှိတဲ့ melanomaဒြပ် ပြဿနာကြောင့် သေဆုံးနေပါတယ်။
ရင်သားကင်ဆာရောဂါကတော့ အမျိုးသမီး ရှစ်ယောက်မှာ တစ်ယောက်ဖြစ်နေတာပါ။ဒါပေမယ့် သတင်းကောင်းတစ်ခု ကတော့ ရင်သားကင်ဆာဖြစ် ပွားနှုန်း နှစ်ဆယ်ရာစုနောက်ပိုင်းမြင့်တက်ခဲ့ပေမယ့် ၂၀၀၀ခုနှစ်မှာ စပြီးရောဂါဖြစ် ပွားနှုန်းလျော့နည်းခဲ့ပါတယ်။၂၀၀၂ခုနှစ်ကနေ ၂၀၀၃ခုနှစ်အတွင်းမှာ ၇ရာခိုင်နှုန်းထိကျဆင်းခဲ့ပါတယ်။ဖြစ်နိုင်ခြေ အများဆုံးကတော့အမျိုးသမီးတွေမှာ melanomaဒြပ်ထုတ်လုပ်မှုလျော့နည်းလာခြင်းကြောင့်လို့ဆိုပါတယ်။ဒါ့အပြင် ရင်သားကင်ဆာကို  အစောဆုံးငါးနှစ်အတွင်းစနစ်တကျကုသမှုခံယူမယ်ဆိုရင် အသက်ရှင်နိုင်ခြေ ၁၀၀ရာခိုင်နှုန်းနီး ပါးရှိတယ်။
ရင်သားကင်ဆာကို ဘယ်လိုကာကွယ်ရမလဲ
breast-cancer-screening
ရင်သားကင်ဆာရောဂါကာကွယ်ဖို့ သက်၄၅နှစ်ကစပြီး နှစ်စဉ်စမ်းသပ်စစ်ဆေးမှုပြုလုပ်သင့်ပါတယ်။ကိုယ်အလေးချိန်တိုး လာတာ၊ အဆီများတဲ့အစားအစာတွေစားဖြစ်တာ၊အထူးသဖြင့် အစားအစာထဲမှာ တိရစ္ဆာန်အဆီပါဝင်နှုန်းမြင့်မားတာ စတာတွေက ရင်သားကင်ဆာဖြစ်ပွားနှုန်းမြင့်တက်စေတဲ့အချက်တွေဖြစ်ပါတယ်။ဒါ့အပြင် အရက်သောက်သုံးခြင်းနဲ့ ရင်သားကင်ဆာဖြစ်ပွားခြင်းက ဆက်စပ်နေပြီး အရက်သောက်နှုန်းမြင့်လေ ရင်သားကင်ဆာဖြစ်နိုင်ခြေပို များလေဖြစ်ပါ တယ်။ဒါကြောင့် ဒီအချက်တွေကို လိုက်နာရှောင်ရှားခြင်းဖြင့် ရင်သားကင်ဆာ ဖြစ်ပွားမှုကို ကာကွယ်နိုင်ပါတယ်။
ခြူးသစ်နွယ်@ChoChoThan(Shwemom)
ref:womenshealthmag




No comments:

Post a Comment