အနမ်းဆိုတာ လူတစ်ယောက်နဲ့တစ်ယောက်ကြားက ချစ်ခြင်းကို ပြတဲ့ သင်္ကေ တတစ်ခုပါ။ဒါပေမယ့်လည်း ကျန်းမာရေးရှုထောင့်က ကြည့်ရင်တော့ အနမ်းဆို တာဟာ ချိုမြိန်တဲ့ မာယာထောင်ချောက်တစ်ခုပါ။တစ်စုံတစ်ယောက်ကို နမ်းလို က်ပြီးရင် နှုတ်ခမ်းနဲ့ပါးစပ်အနီးတစ်ဝိုက်မှာ အရည်ကြည်ဖုတွေဖြစ်လာတာ၊မအီ မသာဖြစ်လာတဲ့ အစရှိတဲ့ သိသာထင်ရှားတဲ့ အန္တရာယ် လက္ခဏာတွေ ပြနေပြီ ဆိုရင် သင့်ရဲ့ချစ်ဇောအဟုန်ကို ထိန်းချုပ်ဖို့ လိုနေပါပြီ။တစ်စုံတစ်ယောက်ကို နမ်း လိုက်ရင် ဖြစ်ပေါ်လာနိုင်တဲ့ ကျန်းမာရေးပြဿနာတွေရှိပါတယ်။အဲ့ဒါတွေ ကတော့…
(၁)ဦးနှောက်အမြှေးရောင်ရောဂါနဲ့အကျိတ်ထွက်အဖျားရောဂါ
နမ်းခြင်းကြောင့် ဦးနှောက်အမြှေးရောင်ရောဂါနဲ့အကျိတ်ထွက်အဖျားရော ဂါတို့ ကို ဖြစ်စေနိုင်တယ်လို့ University of Arizona’s Zuckerman College of Public Health ရဲ့ အဏာဇီဝပညာရှင် ဒေါက်တာ Reynolds ကပြောပါ တယ်။အကျိတ်ထွက်အဖျားရောဂါကို တစ်နည်းအားဖြင့် “kissing disease” လို့တောင်ပြောကြပြီး ကူးစက်မှုနှုန်းအရမ်းကို မြန်ပါတယ်။ရောဂါလက္ခဏာကေ တာ့ အချိန်အတော်ကြာ ပင်ပမ်းနွမ်းနယ်မှုခံစားရတာပါ။နောက်ရောဂါတစ်ခု ကေ တာ့ ဦးနှောက်အမြှေးရောင်ရောဂါပါ။သူကတော့ ဦးနှောက်နဲ့ကျောရိုးနဗ်ကြော တို့မှာ ၀ိုင်းရံနေတဲ့ အမြှေးတို့ ရောင်ရမ်းတာမျိုးပါ။တစ်ခါဖြစ်ရင် (၁၀)ရက်လော က်ကြာတတ်ပြီး၊အသက်အန္တရာယ်ခြိမ်းခြောက်နိုင်တဲ့ အထိအန္တရာယ်များပါ တယ်။
(၂)လိင်ကြောင့် ကူးစက်တဲ့ ရောဂါများ
အဏုဇီဝပိုးမွှားတွေဟာ အနမ်းမှတစ်ဆင့် ကူးစက်နိုင်ပါတယ်။ကာလ သားေ ရာဂါ၊ဆီးပူညောင်းကျရောဂါ၊ရေယုန်နဲ့HIV အစရှိတဲ့ ရောဂါတွေဟာ တံထွေး၊ သွားရည်မှ တစ်ဆင့်ကူးစက်နိုင်ပါတယ်။တစ်ချို့တွေကတော့ အနမ်းကြောင့် တိုက်ရိုက် ကူးစက်တာမျိုးတော့ မဟုတ်ပေမယ့် နမ်းရာကနေအလွယ်တကူ ကူးစက်ဖြစ်ပွားစေနိုင်ပါတယ်။
(၃)သွားပိုးစား၊သွားတွေပျက်စီးတာ
ဒါကတော့ သွားနဲ့ခံတွင်းကျန်းမာရေးအပိုင်းပါ။နမ်းခြင်းကြောင့် သွားတွေပိုး စားတာ၊သွားပျက်စီးတာတွေဖြစ်စေတတ်ပါတယ်။ဗက်တီးရီးယားတွေကြောင့် ခုလိုဖြစ်ရတာဖြစ်ပြီး တစ်ဦးနဲ့တစ်ဦး အလွယ်တကူ ကူးစက်တတ်ပါတယ်။
(၄)ဓါတ်မတည့်တာတွေဖြစ်
ဆွီဒစ်စစ်တမ်းကောက်ယူမှုတစ်ခုအရ (၁၂)ရာခိုင်နှုန်းလောက်ဟာ နှုတ်ခမ်းခြင်း နမ်းရာကနေ အစားအစာဓါတ်မတည့်တဲ့ ဝေဒနာခံစားရတာကို တွေ့ခဲ့ရပါတယ်။ ကိုယ်နဲ့ဓါတ်မတည့်တဲ့ အစားအစာကို ကိုယ့်ရဲ့ Partner ကစားထားတဲ့ အခါမျိုးတွေမှာ ဖြစ်တာပါ။ရောဂါလက္ခဏာတွေထဲမှာတော့ ယားယံတာ၊မျ က်နှာေ ရာင်ရမ်းတာ၊အသက်ရှုရခက်တာ၊ပျို့အန်တာ အစရှိတာတွေပါ။
Ref;themirror
No comments:
Post a Comment