ဟာသ ရသ ဗဟုသုတမျိုးစုံကို ကူးယူဖတ်ရှူနိုင်ပါတယ်။

Breaking

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

Wednesday, May 24, 2017

ထိုင်းနိုင်ငံရဲ့ ကျေးလက်ဒေသလေးမှ လိင်ပြောင်းလက်ဝှေ့သမားလေးရဲ့ဘဝ


သူ့နာမည်ကတော့ မြန်မာလိုက မနှင်းဆီ၊ အင်္ဂလိပ်လိုက Rose လို့ခေါ်ပါတယ်။ သူဟာယောက်ျားလေးတစ်ဦးအဖြစ် မွေးဖွားလာသူဖြစ်ပေမယ့် စိတ်ကတော့ မိန်းကလေးတစ်ဦးသာ ဖြစ်ချင်သူဖြစ်ပြီး အသက်မွေးဝမ်းကျောင်းဝါသနာကျတော့လည်း ယောက်ျားတစ်ဦးလို လက်ဝှေ့ထိုးချင်တာမို့ ထူးခြားတယ်လို့ ဆိုရမှာပါ။ သူ့မှာသူနဲ့အတူတူမွေးခဲ့တဲ့ Lak လို့ခေါ်တဲ့ အမွှာအကိုတစ်ဦးလည်းရှိပြီး Lak ကတော့ ယောက်ျားစစ်စစ်တစ်ယောက်ပါ။ သူ့အကိုနဲ့သူဟာ ငယ်ငယ်ကတည်းက နပန်းလုံး၊ ထိုးကျိတ်နေလေ့ရှိကြပြီး Rose ကတော့ လက်ဝှေ့သမားတစ်ဦး ဖြစ်ချင်ခဲ့ပါတယ်။ 

ထိုင်းနိုင်ငံမှာတော့ မိန်းမလျှာတွေကို kathoey လို့ခေါ်ပြီး အဓိပ္ပာယ်ကတော့ တတိယလိင်ပါ။ Rose ဟာမိန်းမလျှာတစ်ယောက်ဖြစ်ပေမယ့် မွေထိုင်းလက်ဝှေ့သမားအဖြစ် သူထိုးကြိတ်သတ်ပုတ်ရတဲ့ သူတွေကတော့ ယောက်ျားစစ်စစ်ကြီးတွေပါ။ ဒီအတွက် သူ့မှာအခက်အခဲအများကြီး ရှိခဲ့ပါတယ်။ သူဟာ ငယ်စဉ်က ထိုင်းနိုင်ငံက Phimai (ဖီမိုင်) လို့ခေါ်တဲ့ နယ်မြို့လေးမှာ နေထိုင်ခဲ့ပြီး အဲ့ဒီမြို့လေးက လူတွေအားလုံးဟာ သူနဲ့အဆင်ပြေခဲ့သလို ခွဲခြားဆက်ဆံခြင်းမျိုးလည်း မရှိခဲ့ပါဘူး။ သူငယ်ချင်းတွေ၊ ရပ်ဆွေရပ်မျိုးတွေ၊ မိသားစုဝင်တွေက သူ့ကိုအားပေးခဲ့ကြပြီး ဒါတွေဟာ သူ့ဘ၀အစအတွက် ခွန်အားတွေ ဖြစ်ခဲ့ပါတယ်။

Ol5cpiiiowpr4m3kys2r
ဒါပေမယ့် မွေးရပ်မြေမြို့ကလေးကို စွန့်ခွာလာခဲ့တဲ့ အချိန်မှာတော့ အခြေအနေတွေဟာ ပြောင်းလဲခဲ့ပါတယ်။ အချို့သော လက်ဝှေ့သမားတွေဟာ သူနဲ့ယှဉ်ပြီး ထိုးသတ်ဖို့ ငြင်းဆန်ကြသည်များ ရှိသလို။ အချို့ကလည်း ကြိုးဝိုင်းထဲမှာပင် ရိသဲ့သဲ့ လုပ်ကြတာတွေကိုလည်း ခံရပါတယ်။ "တစ်ခါတစ်လေတော့လည်း ကျွန်မနားမလည်ဘူး၊ ကျွန်မဟာ ဖိုက်တာကောင်းတစ်ယောက် ဖြစ်ကြောင်းကို သူတို့သိပြီးသားဖြစ်ပေမယ့် ကျွန်မနဲ့ ယှဉ်ပြိုင်ဖို့ ဘာလို့ငြင်းဆိုကြသလဲ စဉ်းစားလို့မရဘူး" လို့လည်း ငြီးငြီးငြူငြူဆိုတတ်ပါသေးတယ်။ တစ်ချို့တွေကဆိုရင် သူနဲ့ထိုးသတ်ဖို့ စီစဉ်ပြီးသားဖြစ်ပေမယ့် ပွဲမစခင်မှာ သူ့ကိုတွေ့ပြီးမှ မထိုးတော့ဘူးလို့ ရှောင်သွားကြတာတွေလည်း ရှိပါတယ်တဲ့။ သူ့ရဲ့မွေးရပ်မြေ ဖိမိုင်မှာတော့ ဒါမျိုးတွေ မရှိပါဘူး။ 

Rose ဟာ မွေထိုင်းလက်ဝှေ့လောကမှာ ပြိုင်ဘက်ကောင်းတစ်ဦးဖြစ်ကာ လောင်းကစားသမားတွေကလည်း သူ့ကိုစိတ်ဝင်စားကြပါတယ်။ လောင်းနေကြသူတွေရဲ့အဆိုအရ သူဟာထိုးသတ်ရာမှာ တည်ငြိမ်တယ်၊ ပစ်မှတ်ကိုထိထိရောက်ရောက် တွယ်ပလိုက်နိုင်တယ်။ ဒီအချက်တွေကြောင့် တော်ရုံတန်ရုံပြိုင်ပွဲအများစုမှာ သူ့ဘက်ကလောင်းလေ့ရှိကြပြီး အချို့ကတော့ သူ့ကိုမိန်းမလျှာဆိုပြီး လျှော့တွက်ကြတာတွေလည်း ရှိပါတယ်။ ဒါပေမယ့် သူ့အကြောင်းသိတဲ့ သူအများစုကတော့ သူ့ဘက်က လောင်းကြတာပါပဲ။ ဒါပေမယ့် ကြိုးဝိုင်းထဲမှာ သူကြုံရတဲ့ စိတ်ညစ်စရာအဖြစ်အပျက်တွေကလည်း ရှိပါသေးတယ်။

Lcivvfl2zkm6diaa0qkx
အဲ့ဒါတွေကတော့ သူ့ကိုထိကပါးရိကပါး အပြုအမူတွေ ပြုလုပ်ခံရခြင်းပါ။ တစ်ခါတစ်လေ ပြိုင်ဘက်နဲ့ ပူးသတ်နေတုန်းမှာ ပြိုင်ဘက်က သူ့ပါးကိုနမ်းတာမျိုးတွေလည်းရှိသလို မတော်ရာတွေကို တို့ထိတာမျိုးလည်း ရှိပါတယ်။ ဒီလိုအခြေအနေမျိုးနဲ့ ကြုံရတဲ့အခါ သူမအတွက် စိတ်မသက်မသာဖြစ်ရပြီး ပြိုင်ပွဲအပေါ် အာရုံစူးစိုက်မှုတွေလည်း လျော့ကျသွားရလေ့ ရှိပါတယ်။ ဒါပေမယ့် Rose ကတော့ ဒီအရာတွေအားလုံးကို မသိကျိုးကျွံပြုပြီး ကျော်ဖြတ်နိုင်ဖို့ ကြိုးစားလေ့ရှိပါတယ်။ သူဟာ ပွဲပေါင်း ၂၀၀ ကျော်ထိုးသတ်ပြီးဖြစ်တာကြောင့် အတွေ့အကြုံတွေလည်း များနေပြီဖြစ်ခါ ဒီလိုပြဿနာတွေအပေါ်မှာလည်း ကောင်းကောင်း ရင်ဆိုင်နိုင်နေပါပြီ။ 

သူအနိုင်ရသွားတဲ့ပွဲတွေဆိုရင် လက်ဝှေ့ပွဲစည်းမျဉ်းအရ အပြန်အလှန် လေးလေးစားစား ဂုဏ်ပြုပေးရမှာဖြစ်ပေမယ့် အချို့တွေကတော့ ဒီလိုလုပ်ဖို့ ပျက်ကွက်တတ်ကြတာတွေလည်း ရှိပါတယ်။ ဥပမာအနေနဲ့ ပြောရရင် သူကအဆုံးသတ်မှာ လက်ဆွဲဖို့ လက်လေးကမ်းပေးလိုက်ရင် တစ်ဖက်က မသိသလိုနဲ့ မျက်နှာလွှဲလိုက်တာမျိုးတွေပါ။ ဒါပေမယ့် ဘယ်လိုအခြေအနေတွေပဲ ကြုံတွေ့ရပါစေ Rose ကတော့ အောင်ပွဲတွေကို ဆာလောင်သူတစ်ယောက်ပီပီ အမြဲတမ်းပဲ အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်လေ့ရှိပါတယ်။ ဒါပေမယ့် သူနဲ့ထိုးသမျှ လက်ဝှေ့သမားတိုင်း မကောင်းဘူးရယ်တော့မဟုတ်ပါဘူး။ တကယ်သဘောထားပြည့်ဝသူတွေ၊ ပရော်ဖက်ရှင်နယ်ဆန်သူတွေကတော့ သူ့ကိုရှုံးလိုက်ရပေမယ့် သူ့ဆီကိုသူတို့ကိုယ်တိုင်လာပြီး ဂုဏ်ပြုစကား ပြောကြသည်များလည်း ရှိပါတယ်။

M4wyxof8ffosexl1vynz
ထိုင်းနိုင်ငံမှာ သူ့လိုမိန်းမလျှာအရေအတွက် အများအပြားရှိပေမယ့် မိန်းမလျှာလက်ဝှေ့သမားဆိုတာကတော့ ရှားပါတယ်။ Rose သိတဲ့ အခြားမိန်းမလျှာ လက်ဝှေ့သမားအရေအတွက်က ၃၊ ၄ ယောက်ခန့်သာ ရှိတာပါ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က Rose ဟာ Bubae လို့ခေါ်တဲ့ သူ့လိုမိန်းမလျှာ လက်ဝှေ့သမားတစ်ဦးနဲ့အတူတူ ထိုးသတ်ခွင့်ရခဲ့ပြီး ဒီပွဲမှာတော့ ၅ ချီအထိ ထိုးသတ်ပြီးနောက် Rose က အမှတ်အသာနဲ့ အနိုင်ရရှိခဲ့တာပါ။ အဲ့ဒီနောက်ပိုင်းမှာတော့ သူတို့နှစ်ယောက်ဟာ သူငယ်ချင်းတွေ ဖြစ်ခဲ့ကြပြီး တစ်ယောက်နဲ့တစ်ယောက် လိုအပ်သမျှကို အပြန်အလှန် ဖေးမကူညီခဲ့ကြပါတယ်။ ဒါပေမယ့် Bubae ကတော့ လက်ရှိအချိန်မှာ လက်ဝှေ့လောကမှ အကြောင်းအမျိုးမျိုးကြောင့် အနားယူသွားပါပြီ။ 

Rose ကတော့ ထိုင်းနိုင်ငံရဲ့ နာမည်ကျော် မွေထိုင်းလက်ဝှေ့လောကမှာ ယှဉ်သန်နေဆဲပါ။ နူးညံ့တဲ့မိန်းမစိတ်အခံနဲ့ မိန်းမလျှာတစ်ယောက်ဖြစ်သော်လည်း Rose ဟာ စိတ်ဓါတ်မာကျောသူတစ်ဦးဖြစ်သလို ကြုံတွေ့ရတဲ့ ဆူးညှောင့်တွေကိုလည်း အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပြီး လက်ရှိအချိန်မှာတော့ သူ့ကိုအားပေးသူ ပရိသတ်တွေဟာလည်း အများအပြားရှိနေပြီဖြစ်ပါတယ်။ Rose လျှောက်လာရတဲ့ လမ်းဟာ ကြမ်းပါတယ်။ ဒါပေမယ့် သူဟာနေရာတစ်ခုကို အောင်အောင်မြင်မြင် ရောက်ရှိလာနိုင်ခဲ့ပါပြီ။

အောင်ခန်

No comments:

Post a Comment