ကမ္ဘာကျော် ရုပ်ရှင်ဇာတ်ကောင်တစ်ခုဖြစ်တဲ့ James Bond နေရာကနေ ပါဝင်သရုပ်ဆောင်ဖူးခဲ့သူ ဗြိတိန်သရုပ်ဆောင်မင်းသားကြီး Sir Roger Moore ဟာ မေလ ၂၃ရက်နေ့က ကင်ဆာရောဂါနဲ့ ဆုံးပါးကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။ ကွယ်လွယ်ချိန်မှာတော့ Roger Moore ရဲ့ အသက်ဟာ အသက် ၈၉နှစ်ခန့် ရှိပြီဖြစ်ပါတယ်။
Sir ဘွဲ့ ချီးမြှင့်ခြင်းခံထားရတဲ့ မင်းသား Roger Moore ဟာ James Bond ရဲ့ တတိယမြောက် သရုပ်ဆောင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူဟာ ၁၉၇၃ခုနှစ် ၁၉၈၅ခုနှစ်အတွင်း James Bond ဇာတ်ကားပေါင်း ခုနှစ်ကားအထိ ပါဝင်သရုပ်ဆောင်ဖြစ်ခဲ့ပါတယ်။ Roger Moore ပထမဆုံး သရုပ်ဆောင်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားဟာ Live and Let Die ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ The Man with the Golden Gun (1974) , The Spy Who Loved Me (1977) , Moonraker (1979) , For Your Eyes Only (1981) , Octopussy (1983) နဲ့ A View to a Kill (1985) စတဲ့ဇာတ်ကားတွေမှာ James Bond မင်းသားအဖြစ်နဲ့ အပီပြင်ဆုံး သရုပ်ဆောင်နိုင်ခဲ့ပါတယ်။ Roger Moore ဟာ အဆင့်နှစ် ဆီးချိုရောဂါကို စတင်ခံစားရတာဖြစ်ပြီး အဲ့ဒီနောက် အဆုတ်ရောင်ရောဂါဖြစ်ပွားကာ နောက်ဆုံးမှာတော့ ကင်ဆာပါဖြစ်ပွားခဲ့ရပြီး အသက် ၈၉နှစ်အရွှယ်မှာပဲ လောကကြီးကနေ ကျောခိုင်းထွက်ခွာသွားခဲ့ရတာဖြစ်ပါတယ်။ Roger Moore ရဲ့ သေဆုံးမှုကို Roger ရဲ့ သားသမီးများက Roger တွစ်တာပေါ်ကနေ ထုတ်ပြန်ကြေညာသွားခဲ့တာပဲဖြစ်ပါတယ်။
Roger Moore ရဲ့ ဆုံးပါးကွယ်လွန်မှုဟာ အနုပညာလောကရဲ့ ဆုံးရှုံးမှုကြီးတစ်ခုလို့တောင် တင်စားနိုင်ပါတယ်။ Roger ဟာ James Bond ဇာတ်ရုပ်ကို လိုက်ဖက်မှုအရှိဆုံး သရုပ်ဆောင်နိုင်ခဲ့ရုံသာမဟုတ်ပဲ The Saint နဲ့ The Persuaders တို့လို ဇာတ်လမ်းတွဲတွေနဲ့လည်း အောင်မြင်မှုတွေ ရရှိခဲ့သူဖြစ်ပါတယ်။ ဒါကြောင့်လည်း ကမ္ဘာအရပ်ရပ်က ကျော်ကြားသူများ အနုပညာရှင်များနဲ့ ရုပ်ရှင်ချစ်ပရိသတ်များတို့က Roger Moore အတွက် ချီးကျူးဂုဏ်ပြုခြင်းများ ပြုလုပ်ခဲ့ပြီး အကောင်းဆုံး James Bond မင်းသားကြီးအဖြစ် တင်စားခေါ်ဆိုခဲ့ကြပါတယ်ခင်ဗျာ။
R.I.P Roger!!!
ဘုန်းဟိန်းသွေး ( MOMOLAY )
No comments:
Post a Comment