ဖိုးသူတော်
Credit : Trend Myanmar
Unicode
လက္ခဏာဖတ်ပြီး အဓိပ္ပါယ်ကောက် ဟောကိန်းထုတ်ခြင်းကို ကမ္ဘာတစ်ဝန်း ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးကြပြီး အိနိ္ဒယ နက္ခတ်တဗေဒင် ပညာရပ်မှ စတင်ခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ ရည်ရွယ်ချက်မှာ လူတစ်ယောက်ရဲ့ ထူးခြားတဲ့ အရည်အချင်းကို စစ်ဆေးဖို့ သို့မဟုတ် လက္ခဏာကို လေ့လာပြီး နိမိတ်ဖတ်ဖို့ ဖြစ်ပါတယ်။
ဒီ အိမ်ထောင်ရေးလမ်းကြောင်း ကိုယ့်ဘာသာ အဓိပ္ပါယ်ကောက် နိုင်ပါတယ်။ လိုအပ်တာက လက်နှစ်ခုကို ပူးထားပြီး အဲဒီမှာ ပေါ်တဲ့ အရစ်အကြောင်းတွေ အာရုံစူးစိုက် ကြည့်ရုံလေးသာ ဖြစ်ပါတယ်။
ဒီလမ်းကြောင်းများရဲ့ အနက်အဓိပ္ပါယ်တွေမှာ
လမ်းကြောင်းတွေ အနိမ့်မြင့်တူနေရင် သို့မဟုတ် ဆုံနေ လို့ရှိရင် သင်ဟာ နူးညံ့ကြင်နာသူ၊ ဆတ်ဆတ်ထိမခံသူ နဲ့ တည်ငြိမ်သူ ဖြစ်ပါတယ်။ အရမ်းပျော်ရွှင်မြူးတူးတတ်သူနဲ့ အဖော်မပြုလိုဘူး။ သင့် ခင်ပွန်း/ ဇနီးက သင့်မိသားစုနဲ့ သူငယ်ချင်းများ ကြည်ညိုလေးစားသောသူ ဖြစ်ပါလိမ့်မယ်။
ညာဘက်ရှိ လမ်းကြောင်းက ဘယ်ဘက်ထက် ပိုမြင့်နေရင် သင်ဟာ အမြော်အမြင်ရှိသူဖြစ်ပြီး လူကြီးတွေရဲ့ စိတ်ဝင်စားမှု ခံရသူဖြစ်ပါတယ်။ တခြားသူတွေ သင့်အကြောင်း ထင်မြင်ယူဆတဲ့အရာကို သင်စိတ်မဝင်စားပါ။ ကိုယ်ဘာသာ ကြိုးစားရုန်းကန်ရမယ်။ သင့်ထက် အသက်ကြီးသူနဲ့ အကြောင်းပါဖို့ အလားအလာ ၇၀% ရှိတယ်။
ဘယ်ဘက်လမ်းကြောင်းက ညာဘက်ထက် ပိုမြင့်ရင် သင်ဟာ သန်မာပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတယ်။ နောက်ပြီး သင့်ရုပ်ရည်နဲ့ လူတွေကို ဆွဲဆောင်မယ်။ ကိုယ်ထက် ပိုငယ်တဲ့သူနဲ့ အိမ် ထောင်ကျနိုင်ခြေရှိပါတယ်။
ဖိုးသူတော်
Credit : Trend Myanmar
No comments:
Post a Comment