ဟာသ ရသ ဗဟုသုတမ်ိဳးစုံကို ကူးယူဖတ္ရႉႏိုင္ပါတယ္။

Breaking

ကိုယ္စိတ္ႏွစ္ျဖာက်မ္းမာၾကပါေစ...!

ကိုယ္စိတ္ႏွစ္ျဖာက်မ္းမာၾကပါေစ...!

Monday, May 08, 2017

သင္သာသူ႔ကိုတကယ္ခ်စ္ရင္

တခါတုန္းက ေကာင္ေလးတစ္ေယာက္နဲ႔ေကာင္မေလးတစ္ေယာက္ဟာ ခ်စ္သူေတြၿဖစ္ခဲ့ၾကတယ္ ။ ေကာင္ေလး က ဆင္းရဲတဲ့မိသားစုက လာတဲ့အတြက္ ေကာင္မေလး မိဘေတြက သေဘာမတူပါ
ဘူး ။ ဒါနဲ႔ေကာင္ေလးက ေကာင္မေလးတင္မကဘူးသူ႔မိဘေတြသေဘာက်ေအာင္ပါၾကိဳးစားရပါေတာ့
တယ္။တခ်ိန္တည္းမွာပဲ ေကာင္မေလးမိဘေတြကဒီေကာင္ေလးဟာလူေကာင္းတစ္ေယာက္ၿဖစ္ေၾကာင္း
နဲ႔သူတို႔သမီးလက္ကိုထာ၀ရဆုပ္ကိုင္ထားႏုိင္မယ့္သူတစ္ေယာက္ၿဖစ္ေၾကာ္း သိသြားခဲ့ၾကတယ္ ။

ဒါေပမယ့္ ၿပႆနာတစ္ခုရွိေနပါေသးတယ္ ။ အဲဒါကေတာ့ ေကာင္ေလးဟာ စစ္သားတစ္ေယာက္ၿဖစ္ၿပီး မၾကာခင္ အခ်ိန္အတြင္းမွာ သူတို႔ႏုိင္ငံမွာ စစ္ပြဲၾကီးၿဖစ္ေတာ့မွာၿဖစ္တဲ့အတြက္ စစ္တိုက္ရာေဒသကို တစ္ႏွစ္ပို ႔ေဆာင္ၿခင္းခံခဲ့ရတယ္ ။ ေကာင္ေလး တာ၀န္က်ရာေဒသကို မထြက္ခြာခင္ တစ္ပတ္အလို မွာ ေကာင္ေလး က ေကာင္မေလးေရွ႕မွာ ဒူးေထာက္ၿပီးေၿပာခဲ့တယ္ ။

“ နင္ငါ့ကို လက္ထပ္မလားဟင္ ” ေကာင္မေလး မ်က္၀န္းကေန မ်က္ရည္ေတြက်လာၿပီး “ အင္း ” လို႔ၿပန္ေၿဖခဲ့ တယ္ ။ ၿပီးေတာ့ သူတို႔ ေစ့စပ္ခဲ့ၾကတယ္ ။ ေကာင္ေလး တစ္ႏွစ္ၿပည့္ၿပီးၿပန္လာတဲ့အခါ လက္ထပ္ၾက မယ္လို႔ သူတို႔ ဂတိထားခဲ့ၾကတယ္ ။

ဒါေပမယ့္ မထင္မွတ္ပဲ ကံဆိုးမိုးေမွာင္က်တဲ့ၿဖစ္ရပ္ေတြက သူတို႔ၾကားမွာ ေပၚေပါက္လာခဲ့ရတယ္ ။ ေကာင္ေလး ထြက္ခြာ သြားၿပီး ရက္အနည္းငယ္မွာပဲ ေကာင္မေလးဟာ မေတာ္တဆ ယာဥ္တိုက္မႈ ၿဖစ္ပြားခဲ့တယ္ ။ ဦးေခါင္းပိုင္း မွာ ဒါဏ္ရာအၿပင္းအထန္ရခဲ့ရတယ္ ။ သူမ ေဆးရံုေပၚမွာ ၿပန္သတိရလာတဲ့အခါ သူမ အေဖနဲ႔အေမ က ေဘးနားမွာ ငိုေၾကြးေနတာကို ေတြ႔ခဲ့ရတဲ့အတြက္ တစ္ခုခုေတာ့မွားေနၿပီဆိုတာ ေကာင္မေလး နားလည္ လိုက္တယ္ ။

ေနာက္ပိုင္းမွာ သူမ သိခဲ့တာက ဦးေႏွာက္ပိုင္းဆိုင္ရာတခ်ိဳ႕ပါ ထိခိုက္ခဲ့ရတယ္ဆိုတာပါပဲ ။ သူမ မ်က္ႏွာ
က ၾကြက္သားေတြ ကို ထိမ္းခ်ဳပ္ထားတဲ့တခ်ိဳ႕ေသာ ဦးေႏွာက္အစိတ္အပိုင္းေတြဟာ ပ်က္ဆီးခဲ့ရတယ္ ။ သူမရဲ႕ လွပေခ်ာေမာ တဲ့ မ်က္ႏွာေလးဟာလည္း ရုပ္ဆိုးအက်ည္းတန္ခဲ့ရတယ္ ။ သူမဟာ မွန္မွာ ကိုယ့္ကိုယ္ကိုၾကည့္ၿပီး ရွိဳက္ၾကီးတငင္ငိုေၾကြးခဲ့တယ္ ။

“ မေန႔ကငါဟာ ေခ်ာေမာတဲ့မိန္းကေလးတစ္ဦးပါပဲဒီေန႔ေတာ့ငါဟာသရဲတေစၱတစ္ေကာင္ၿဖစ္သြားခဲ့ရ
တယ္ ” လို႔ ေၿပာ ၿပီး တခ်ိန္လံုးငိုေၾကြးေနခဲ့တယ္ ။ သူမရဲ႕ခႏၶာကိုယ္မွာ ၿမင္မေကာင္းေလာက္ေအာင္ ဒါဏ္ရာေတြ ကလည္း ၿပည့္ႏွက္ေန ခဲ့တယ္ ။

အဲဒီေနာက္မွာေတာ့ ေကာင္မေလးဟာ သူနဲ႔ေကာင္ေလး ထားရွိခဲ့တဲ့ ကတိကို ခ်ိဳးဖ်က္ဖို႔အတြက္ ဆံုးၿဖတ္ခ်က္ ခ်ခဲ့တယ္ ။ ေကာင္မေလးက သူ႔ခ်စ္သူေကာင္ေလးဟာ သူ႔ကို လိုခ်င္ေတာ့ မွာမဟုတ္
ဘူး လို႔ ေတြး ၿပီး ေကာင္ေလး ကို တစ္သက္လံုးဘယ္ေတာ့မွ ၿပန္မေတြ႔ေတာ့ဘူးလို႔ ဆံုးၿဖတ္ခဲ့တယ္ ။

ဒီလိုနဲ႔ - - -

တစ္ႏွစ္အတြင္းမွာ ေကာင္ေလးက ေကာင္မေလးဆီစာေတြအမ်ားၾကီးေရးခဲ့တယ္။ဒါေပမယ့္ေကာင္
မေလးကတစ္ေစာင္မွၿပန္စာမေရးခဲ့ဘူး။ ေကာင္ေလးကဖုန္းနဲ႔အၾကိမ္ၾကိမ္ဆက္သြယ္ေပမယ့္ ေကာင္
မေလးက ဖုန္းမကိုင္ ခဲ့ဘူး ။

တစ္ႏွစ္ၿပည့္ၿပီးတဲ့အခါ ေကာင္မေလးအေမက ေကာင္မေလးအိပ္ခန္းထဲ လာၿပီး ေၿပာခဲ့တယ္ ။ “ သူ - - -စစ္ပြဲ ကေန ၿပန္လာၿပီ ”

ေကာင္မေလးက ထိတ္လန္႔တၾကားေအာ္ဟစ္ခဲ့တယ္ ။ “ အားးးး ေက်းဇူးၿပဳၿပီး သူ႔ကို သမီးအေၾကာင္း မေၿပာပါနဲ႔ အေမ ဒီမွာ ရွိေနေၾကာင္းလည္းမေၿပာပါနဲ႔ ”

ေကာင္မေလးအေမက ဆက္ေၿပာတယ္ ။ “ သူ - - - လက္ထက္ၿပီးၿပီ ” ၿပီးေတာ့ လက္ထပ္ ဖိတ္စာေလး ကို ေကာင္မေလးလက္ထဲ ထည့္ေပးခဲ့တယ္ ။

ေကာင္မေလးရဲ႕ ႏွလံုးသားဟာဟိုးနက္ရွိဳင္းတဲ့သဲၿပင္ေအာက္ေၿခထဲထိနစ္၀င္သြားခဲ့သလိုပါပဲ။ ေကာင္
မေလး သိလိုက္တာ က သူမ ဟာ ေကာင္ေလးကိုခ်စ္ေနတုန္းပဲ အခုထိ ေမ့လို႔မရေသးဘူးဆိုတာကိုပါ
ပဲ ။

၀မ္းနည္းမႈေတြမ်ားစြာနဲ႔ သူမဟာ လက္ထပ္ဖိတ္စာေလးကို ဖြင့္ခဲ့တယ္ ။

သူမ ဖိတ္စာေပၚမွာ ၿမင္လိုက္ရတာက သူမရဲ႕ နာမည္ကိုပါပဲ ။

အံ့ၾသသြားၿပီး သူေမးခဲ့တယ္ ။ “ ဟင္ ..ဒါဘာလဲ ”

တခ်ိန္တည္းမွာပဲ ေကာင္ေလးဟာ သူမအခန္းထဲကို ပန္းစည္းေလးကိုင္လို႔ ၀င္လာခဲ့တယ္ ။ သူဟာ
 ေကာင္ မေလးေရွ႕မွာ ဒူးေထာက္လိုက္ၿပီး “ နင္ငါ့ကို လက္ထပ္မလားဟင္ ” လို႔ ေမးခဲ့တယ္ ။

ေကာင္မေလးက မ်က္ႏွာကို လက္နဲ႔အုပ္ၿပီး “ ငါ ရုပ္ဆိုးသြားၿပီ ” လို႔ေၿပာခဲ့တယ္ ။

ေကာင္ေလးက ေၿပာတယ္ “ နင့္ရဲ႕ခြင့္ၿပဳခ်က္မရပဲ နင့္အေမက ငါ့ဆီကို နင့္ဓါတ္ပံုေတြပို႔ခဲ့ပါတယ္ ။ ငါ နင့္ဓါတ္ ပံုေတြ ၿမင္ၿပီးတဲ့အခါ ငါနားလည္လိုက္တာက ဘာမွမေၿပာင္းလဲသြားဘူးဆိုတာပါပဲ နင္ဟာ ငါအရမ္း ခ်စ္တဲ့ သူတစ္ေယာက္ၿဖစ္ေနတုန္းပါပဲ နင္ဟာ အၿမဲ ထာ၀ရ လွေနတုန္းပါပဲဘာလို႔လည္း
ဆိုေတာ့ ငါနင့္ကို ခ်စ္ေနခဲ့လို႔ေလ ”အခ်စ္ဆိုတာ ကမၻာေပၚမွာ ဘယ္ေတာ့မွ မေၿပာင္းလဲတဲ့ ထာ၀ရ တည္တံ့တဲ့အရာတစ္ခုပါပဲ ။ သင္သာ သူ႔ကိုခ်စ္ေန မယ္ဆိုရင္ သူဟာ အၿမဲတမ္း လွေနလိမ့္မယ္ သူ
ဟာ အၿမဲတမ္းမေၿပာင္းလဲပဲ ရွိေနပါလိမ့္မယ္ ။

ဖုိးသူေတာ္ 
Credit : သက္တန္႔ခ်ိဳ

Unicode
တခါတုန်းက ကောင်လေးတစ်ယောက်နဲ့ကောင်မလေးတစ်ယောက်ဟာ ချစ်သူတွေဖြစ်ခဲ့ကြတယ် ။ ကောင်လေး က ဆင်းရဲတဲ့မိသားစုက လာတဲ့အတွက် ကောင်မလေး မိဘတွေက သဘောမတူပါ
ဘူး ။ ဒါနဲ့ကောင်လေးက ကောင်မလေးတင်မကဘူးသူ့မိဘတွေသဘောကျအောင်ပါကြိုးစားရပါတော့
တယ်။တချိန်တည်းမှာပဲ ကောင်မလေးမိဘတွေကဒီကောင်လေးဟာလူကောင်းတစ်ယောက်ဖြစ်ကြောင်း
နဲ့သူတို့သမီးလက်ကိုထာဝရဆုပ်ကိုင်ထားနိုင်မယ့်သူတစ်ယောက်ဖြစ်ကြော်း သိသွားခဲ့ကြတယ် ။

ဒါပေမယ့် ပြဿနာတစ်ခုရှိနေပါသေးတယ် ။ အဲဒါကတော့ ကောင်လေးဟာ စစ်သားတစ်ယောက်ဖြစ်ပြီး မကြာခင် အချိန်အတွင်းမှာ သူတို့နိုင်ငံမှာ စစ်ပွဲကြီးဖြစ်တော့မှာဖြစ်တဲ့အတွက် စစ်တိုက်ရာဒေသကို တစ်နှစ်ပို့ဆောင်ခြင်းခံခဲ့ရတယ် ။ ကောင်လေး တာဝန်ကျရာဒေသကို မထွက်ခွာခင် တစ်ပတ်အလို မှာ ကောင်လေး က ကောင်မလေးရှေ့မှာ ဒူးထောက်ပြီးပြောခဲ့တယ် ။

“ နင်ငါ့ကို လက်ထပ်မလားဟင် ” ကောင်မလေး မျက်ဝန်းကနေ မျက်ရည်တွေကျလာပြီး “ အင်း ” လို့ပြန်ဖြေခဲ့ တယ် ။ ပြီးတော့ သူတို့ စေ့စပ်ခဲ့ကြတယ် ။ ကောင်လေး တစ်နှစ်ပြည့်ပြီးပြန်လာတဲ့အခါ လက်ထပ်ကြ မယ်လို့ သူတို့ ဂတိထားခဲ့ကြတယ် ။

ဒါပေမယ့် မထင်မှတ်ပဲ ကံဆိုးမိုးမှောင်ကျတဲ့ဖြစ်ရပ်တွေက သူတို့ကြားမှာ ပေါ်ပေါက်လာခဲ့ရတယ် ။ ကောင်လေး ထွက်ခွာ သွားပြီး ရက်အနည်းငယ်မှာပဲ ကောင်မလေးဟာ မတော်တဆ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့တယ် ။ ဦးခေါင်းပိုင်း မှာ ဒါဏ်ရာအပြင်းအထန်ရခဲ့ရတယ် ။ သူမ ဆေးရုံပေါ်မှာ ပြန်သတိရလာတဲ့အခါ သူမ အဖေနဲ့အမေ က ဘေးနားမှာ ငိုကြွေးနေတာကို တွေ့ခဲ့ရတဲ့အတွက် တစ်ခုခုတော့မှားနေပြီဆိုတာ ကောင်မလေး နားလည် လိုက်တယ် ။

နောက်ပိုင်းမှာ သူမ သိခဲ့တာက ဦးနှောက်ပိုင်းဆိုင်ရာတချို့ပါ ထိခိုက်ခဲ့ရတယ်ဆိုတာပါပဲ ။ သူမ မျက်နှာ
က ကြွက်သားတွေ ကို ထိမ်းချုပ်ထားတဲ့တချို့သော ဦးနှောက်အစိတ်အပိုင်းတွေဟာ ပျက်ဆီးခဲ့ရတယ် ။ သူမရဲ့ လှပချောမော တဲ့ မျက်နှာလေးဟာလည်း ရုပ်ဆိုးအကျည်းတန်ခဲ့ရတယ် ။ သူမဟာ မှန်မှာ ကိုယ့်ကိုယ်ကိုကြည့်ပြီး ရှိုက်ကြီးတငင်ငိုကြွေးခဲ့တယ် ။

“ မနေ့ကငါဟာ ချောမောတဲ့မိန်းကလေးတစ်ဦးပါပဲဒီနေ့တော့ငါဟာသရဲတစ္တေတစ်ကောင်ဖြစ်သွားခဲ့ရ
တယ် ” လို့ ပြော ပြီး တချိန်လုံးငိုကြွေးနေခဲ့တယ် ။ သူမရဲ့ခန္ဓာကိုယ်မှာ မြင်မကောင်းလောက်အောင် ဒါဏ်ရာတွေ ကလည်း ပြည့်နှက်နေ ခဲ့တယ် ။

အဲဒီနောက်မှာတော့ ကောင်မလေးဟာ သူနဲ့ကောင်လေး ထားရှိခဲ့တဲ့ ကတိကို ချိုးဖျက်ဖို့အတွက် ဆုံးဖြတ်ချက် ချခဲ့တယ် ။ ကောင်မလေးက သူ့ချစ်သူကောင်လေးဟာ သူ့ကို လိုချင်တော့ မှာမဟုတ်
ဘူး လို့ တွေး ပြီး ကောင်လေး ကို တစ်သက်လုံးဘယ်တော့မှ ပြန်မတွေ့တော့ဘူးလို့ ဆုံးဖြတ်ခဲ့တယ် ။

ဒီလိုနဲ့ - - -

တစ်နှစ်အတွင်းမှာ ကောင်လေးက ကောင်မလေးဆီစာတွေအများကြီးရေးခဲ့တယ်။ဒါပေမယ့်ကောင်
မလေးကတစ်စောင်မှပြန်စာမရေးခဲ့ဘူး။ ကောင်လေးကဖုန်းနဲ့အကြိမ်ကြိမ်ဆက်သွယ်ပေမယ့် ကောင်
မလေးက ဖုန်းမကိုင် ခဲ့ဘူး ။

တစ်နှစ်ပြည့်ပြီးတဲ့အခါ ကောင်မလေးအမေက ကောင်မလေးအိပ်ခန်းထဲ လာပြီး ပြောခဲ့တယ် ။ “ သူ - - -စစ်ပွဲ ကနေ ပြန်လာပြီ ”

ကောင်မလေးက ထိတ်လန့်တကြားအော်ဟစ်ခဲ့တယ် ။ “ အားးးး ကျေးဇူးပြုပြီး သူ့ကို သမီးအကြောင်း မပြောပါနဲ့ အမေ ဒီမှာ ရှိနေကြောင်းလည်းမပြောပါနဲ့ ”

ကောင်မလေးအမေက ဆက်ပြောတယ် ။ “ သူ - - - လက်ထက်ပြီးပြီ ” ပြီးတော့ လက်ထပ် ဖိတ်စာလေး ကို ကောင်မလေးလက်ထဲ ထည့်ပေးခဲ့တယ် ။

ကောင်မလေးရဲ့ နှလုံးသားဟာဟိုးနက်ရှိုင်းတဲ့သဲပြင်အောက်ခြေထဲထိနစ်ဝင်သွားခဲ့သလိုပါပဲ။ ကောင်
မလေး သိလိုက်တာ က သူမ ဟာ ကောင်လေးကိုချစ်နေတုန်းပဲ အခုထိ မေ့လို့မရသေးဘူးဆိုတာကိုပါ
ပဲ ။

ဝမ်းနည်းမှုတွေများစွာနဲ့ သူမဟာ လက်ထပ်ဖိတ်စာလေးကို ဖွင့်ခဲ့တယ် ။

သူမ ဖိတ်စာပေါ်မှာ မြင်လိုက်ရတာက သူမရဲ့ နာမည်ကိုပါပဲ ။

အံ့သြသွားပြီး သူမေးခဲ့တယ် ။ “ ဟင် ..ဒါဘာလဲ ”

တချိန်တည်းမှာပဲ ကောင်လေးဟာ သူမအခန်းထဲကို ပန်းစည်းလေးကိုင်လို့ ဝင်လာခဲ့တယ် ။ သူဟာ
 ကောင် မလေးရှေ့မှာ ဒူးထောက်လိုက်ပြီး “ နင်ငါ့ကို လက်ထပ်မလားဟင် ” လို့ မေးခဲ့တယ် ။

ကောင်မလေးက မျက်နှာကို လက်နဲ့အုပ်ပြီး “ ငါ ရုပ်ဆိုးသွားပြီ ” လို့ပြောခဲ့တယ် ။

ကောင်လေးက ပြောတယ် “ နင့်ရဲ့ခွင့်ပြုချက်မရပဲ နင့်အမေက ငါ့ဆီကို နင့်ဓါတ်ပုံတွေပို့ခဲ့ပါတယ် ။ ငါ နင့်ဓါတ် ပုံတွေ မြင်ပြီးတဲ့အခါ ငါနားလည်လိုက်တာက ဘာမှမပြောင်းလဲသွားဘူးဆိုတာပါပဲ နင်ဟာ ငါအရမ်း ချစ်တဲ့ သူတစ်ယောက်ဖြစ်နေတုန်းပါပဲ နင်ဟာ အမြဲ ထာဝရ လှနေတုန်းပါပဲဘာလို့လည်း
ဆိုတော့ ငါနင့်ကို ချစ်နေခဲ့လို့လေ ”အချစ်ဆိုတာ ကမ္ဘာပေါ်မှာ ဘယ်တော့မှ မပြောင်းလဲတဲ့ ထာဝရ တည်တံ့တဲ့အရာတစ်ခုပါပဲ ။ သင်သာ သူ့ကိုချစ်နေ မယ်ဆိုရင် သူဟာ အမြဲတမ်း လှနေလိမ့်မယ် သူ
ဟာ အမြဲတမ်းမပြောင်းလဲပဲ ရှိနေပါလိမ့်မယ် ။

ဖိုးသူတော်
Credit : သက်တန့်ချို

No comments:

Post a Comment