ဟာသ ရသ ဗဟုသုတမျိုးစုံကို ကူးယူဖတ်ရှူနိုင်ပါတယ်။

Breaking

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

Saturday, May 27, 2017

အမေပေးစားသူကိုဘဲယူတော့မယ်လို့ ဖွင့်ပြောလာတဲ့"အိုင်းရင့်ဇင်မာမြင့်"


နောက်ထပ် ရွေးချယ်မှု မမှားချင်တော့ဘူးလို့ ဆိုပါတယ်။

အိုင်းရင်းဇင်မာမြင့်ဟာ သူမကိုယ်တိုင် လက်တွဲဖော်ရွေးချယ်ခဲ့တာ မှားယွင်းခဲ့တဲ့အတွက် အဲဒီကိစ္စကို မိခင်ကိုပဲ လွှဲအပ်လိုက်ပြီလို့ ဆိုလာပါတယ်။



"အချစ်​​ရေးမှာ ကိုယ်​​ရွေးတာမှားခဲ့ပြီးပြီ။ နောက်​ထပ်​လည်း ထပ်​မမှားချင်​​တော့ဘူးလို့ ဆိုပါတယ်​။ လက်​တွဲ​ဖော်​ကိုလည်း အိုင်းရင်း​ရွေးတာ မှားခဲ့တဲ့အတွက်​ အိုင်းရင်းရဲ့ အနာဂတ်​နဲ့ ပတ်​သက်​ပြီး အ​မေ့ကို လွှဲ​ပေးလိုက်​ပါပြီ၊ ​မေ​မေက သင့်​​တော်​တဲ့ သူ အိုင်းရင်းကလဲ လက်​ခံနိုင်​တဲ့သူဆိုရင်​​တော့ အဆင်​​ပြေမှာပါ လို့ ​Duwun Media ကို ​ပြောပြခဲ့ပါတယ်​။

သူမ ဖေ့စ်ဘွတ်မှာ Live လွှင့်ပြီး ငိုခဲ့စဉ်က သူမနဲ့အတူ လိုက်ငိုခဲ့တဲ့ ပရိသတ်ကို အားနာတယ်လို့လည်း အိုင်းရင်းက ပြောခဲ့ပါတယ်။



"Facebook ​ပေါ်မှာ live လွှင့်​ပြီး ငိုခဲ့တဲ့ အ​ပေါ် ပရိသတ်​​တွေက ထပ်​တူလိုက်​ငိုကြတာ​တွေ ရှိတဲ့အ​ပေါ် အားနာမိပါတယ်​။ အချစ်​​ရေးနဲ့ပတ်​သက်​လို့ ဖြစ်​ခဲ့တဲ့ ကိစ္စ​တွေကလဲ အိုင်းရင်းမှန်​တယ်​လို့ ယုံကြည်​တယ်​။ ကိုယ်​တိုင်​ကလည်း တစ်​​ယောက်​ထဲ သမားဖြစ်​တဲ့ အတွက်​ အခုလဲတစ်​ယောက်ထဲကျန်ခဲ့တာပါ။" လို့ အိုင်းရင်းဇင်​မာမြင့်​ကဆိုပါတယ်​။

အဆို​တော်​ အိုင်းရင်းဇင်​မာမြင့်​ရဲ့ တစ်​ကိုယ်​​တော်​​တေးစီးရီးဖြစ်​တဲ့ ချစ်​လို့ MTV ကိုဇွန်​လ ၁ရက်​​နေ့ မှာ ထွက်​ရှိသွားမယ်​လို့ သိရပါတယ်​။ လက်​ရှိမှာ အိုင်းရင်းဇင်​မာမြင့်​က ဂီတအလုပ်​​တွေကို နှစ်​ဆပိုလုပ်​သွားမယ်​ ပိုကြိုးစားမယ်​လို့ သူက ဆိုပါတယ်​။

"အ​ခွေထဲမှာ​တော့ နှလုံးသားအရင်းနှီးဆိုတဲ့ Music Video ပြန်​ထည့်​ထားပါတယ်​။ ချစ်​လို့ Audio ထဲက သီချင်းထဲက တစ်​ပုဒ်​​တော့ ဖြုတ်​လိုက်​တယ်​။ Promotion ပွဲကိုလဲ ၆ ရက်​​နေ့မှ လုပ်​ဖြစ်​မှာပါ။ Junction City မှာ ည​နေ ၄ နာရီက​နေ ည ၈ နာရီ အထိ ​ဖျော်​​ဖြေ​ရေး​တွေနဲ့ ကျင်းပသွားမှာပါ" လို့ အိုင်းရင်းဇင်​မာမြင့်​က ဆိုပါတယ်​။

Credit-duwon

No comments:

Post a Comment