မိုက္ခရုိေဝ့မီးဖုိထဲ ပလတ္စတစ္ပစၥည္းေတြ မထည့္သင့္ဘူးဆိုတာ ကြ်ႏု္ပ္တုိ႔အားလုံး သိထားၾကပါတယ္။ ၾကားသာၾကားဖူးျပီး ဘာေၾကာင့္လဲဆုိတာ အရင္က အေလးအနက္ မေတြးၾကည့္ဖူးဘူးဆိုရင္ အေျဖကေတာ့ ဒိန္ခ်ဥ္ဘူးေလးေတြလုိ တစ္ခါသုံး ပလတ္စတစ္ဘူး ပါးပါးေလးေတြက မုိက္ခရုိေဝ့ထဲမွာ တြန္႔လိမ္ျပီး အရည္ေပ်ာ္က်ကာ အစားအစာကို ဓာတုအဆိပ္သင့္ေစမွာ အမွန္ပဲ။
ဒါေပမယ့္ ကေလးေတြသုံးတဲ့ ပလတ္စတစ္ ထမင္းဘူးလုိ ပိုမိုတာရွည္ခံတဲ့ ပလတ္စတစ္ေတြဆုိရင္ေရာ ။ ဘယ္လုိပလတ္စတစ္အမ်ဳိးအစားေတြ မိုက္ခရိုေဝ့ထဲ ထည့္လုိ႔ရပါသလဲ။ ဒီေမးခြန္းေလးေတြက စိတ္၀င္စားစရာေကာင္းပါတယ္။
မုိက္ခရိုေဝ့ထဲ ထားႏုိင္တဲ့ ပလတ္စတစ္ပစၥည္းေတြကုိ အဲဒီပလတ္စတစ္ပန္းကန္ (သုိ႔) ဘူး ေအာက္ေျခ စစ္ေဆးၾကည့္ပါက ေအာက္ပါပုံထဲက သေကၤတတစ္ခု ေတြ႔ရပါလိမ့္မယ္။ အဲဒါဟာ မိုက္ခရုိေဝ့စမ္းသပ္မႈ ေအာင္ျမင္သည္ ဆုိတဲ့အမွတ္အသား ျဖစ္ပါတယ္။ ေနာက္ ပန္းကန္ေဆးစက္နဲ႔ သုံးဖုိ႔ အဆင္ေျပ၊ မေျပဆိုတာလည္း သေကၤတျဖင့္ ေဖာ္ျပေလ့ရိွပါတယ္။ တကယ္လုိ႔ ပန္းကန္ေဆးစက္ သရုပ္ေဖာ္သေကၤတေလး မေတြ႔ပါက မသုံးသင့္ပါဘူး။ ဒါမွမဟုတ္ ပလတ္စတစ္ဘူးထုတ္လုပ္ ကုမၸဏီရဲ႕ brand ဝက္ဘ္ဆုိဒ္ထဲဝင္ျပီး ဘယ္ brand အမွတ္တံဆိပ္ေတြဟာ မုိက္ခရုိေဝ့နဲ႔ စိတ္ခ်က္လက္ခ်အသုံးျပဳႏုိင္လဲဆုိတာ ဝင္ေရာက္ရွာေဖြရုံပါပဲ။
Ref: shefinds
Unicode
မိုက်ခရိုဝေ့မီးဖိုထဲ ပလတ်စတစ်ပစ္စည်းတွေ မထည့်သင့်ဘူးဆိုတာ ကျွနု်ပ်တို့အားလုံး သိထားကြပါတယ်။ ကြားသာကြားဖူးပြီး ဘာကြောင့်လဲဆိုတာ အရင်က အလေးအနက် မတွေးကြည့်ဖူးဘူးဆိုရင် အဖြေကတော့ ဒိန်ချဉ်ဘူးလေးတွေလို တစ်ခါသုံး ပလတ်စတစ်ဘူး ပါးပါးလေးတွေက မိုက်ခရိုဝေ့ထဲမှာ တွန့်လိမ်ပြီး အရည်ပျော်ကျကာ အစားအစာကို ဓာတုအဆိပ်သင့်စေမှာ အမှန်ပဲ။
ဒါပေမယ့် ကလေးတွေသုံးတဲ့ ပလတ်စတစ် ထမင်းဘူးလို ပိုမိုတာရှည်ခံတဲ့ ပလတ်စတစ်တွေဆိုရင်ရော ။ ဘယ်လိုပလတ်စတစ်အမျိုးအစားတွေ မိုက်ခရိုဝေ့ထဲ ထည့်လို့ရပါသလဲ။ ဒီမေးခွန်းလေးတွေက စိတ်ဝင်စားစရာကောင်းပါတယ်။
မိုက်ခရိုဝေ့ထဲ ထားနိုင်တဲ့ ပလတ်စတစ်ပစ္စည်းတွေကို အဲဒီပလတ်စတစ်ပန်းကန် (သို့) ဘူး အောက်ခြေ စစ်ဆေးကြည့်ပါက အောက်ပါပုံထဲက သငေ်္ကတတစ်ခု တွေ့ရပါလိမ့်မယ်။ အဲဒါဟာ မိုက်ခရိုဝေ့စမ်းသပ်မှု အောင်မြင်သည် ဆိုတဲ့အမှတ်အသား ဖြစ်ပါတယ်။ နောက် ပန်းကန်ဆေးစက်နဲ့ သုံးဖို့ အဆင်ပြေ၊ မပြေဆိုတာလည်း သငေ်္ကတဖြင့် ဖော်ပြလေ့ရှိပါတယ်။ တကယ်လို့ ပန်းကန်ဆေးစက် သရုပ်ဖော်သငေ်္ကတလေး မတွေ့ပါက မသုံးသင့်ပါဘူး။ ဒါမှမဟုတ် ပလတ်စတစ်ဘူးထုတ်လုပ် ကုမ္ပဏီရဲ့ brand ဝက်ဘ်ဆိုဒ်ထဲဝင်ပြီး ဘယ် brand အမှတ်တံဆိပ်တွေဟာ မိုက်ခရိုဝေ့နဲ့ စိတ်ချက်လက်ချအသုံးပြုနိုင်လဲဆိုတာ ဝင်ရောက်ရှာဖွေရုံပါပဲ။
Ref: shefinds
No comments:
Post a Comment