သင္ဟာ ခ်စ္သူနဲ႕ ကိုယ္ပိုင္မိသားစု ဘဝေလးကို တည္ေဆာက္ေတာ့မယ့္ လူတစ္ေယာက္လား ။ ဒါမွမဟုတ္ သားသား မီးမီးေလးေတြနဲ႕ သီရိေဂဟာေလးကို ဖန္တီးေတာ့မယ့္ လူတစ္ေယာက္လား ။ သင္တို႕ မိသားစု ဘဝထဲ သားသား မီးမီးေလးေတြ ေရာက္လာေတာ့မွာလား ။ ဒါမွမဟုတ္ ရွိေနၿပီးသားလား ။ ဘာပဲျဖစ္ျဖစ္ ေပ်ာ္ရႊင္တဲ့ မိသားစု ဘဝေလးကို ပိုင္ဆိုင္ခ်င္တယ္ဆိုရင္ေတာ့ ဒီအခ်က္ေလးေတြကို အေလးအနက္ထားၿပီး ဖတ္ေစခ်င္ပါတယ္ ။ သားသမီးေတြကိုလည္း သင္ေပးထားသင့္တဲ့ အခ်က္ေလးေတြပါ ။
(၁) မိသားစုကို အခ်ိန္ေပးပါ ။
(၂) တစ္ေယာက္နဲ႕ တစ္ေယာက္ ေလးစားမႈရွိပါ ။
(၃) မိသားစုဝင္တိုင္းကို မွ်တစြာဆက္ဆံပါ ။ အထူးသျဖင့္ သားသမီးေတြကို တန္းတူညီတူ ဆက္ဆံပါ ။ အငယ္ဆံုးကလည္း အခြင့္ထူးခံ မဟုတ္သလို အၾကီးဆံုးကလည္း အာဏာပိုင္မဟုတ္ပါဘူး ။
(၄) ျပသနာတိုင္းကို ေအာ္ဟစ္ဆူပူၿပီး ေျဖရွင္းတာထက္ ေအးေအးေဆးေဆး နားဝင္ေအာင္ ေျပာျပပါ ။
(၅) သင့္သားသမီးေတြ အခ်င္းခ်င္းျပသနာတက္တဲ့အခါ သင္ဟာ ျဖန္ေျဖသူတစ္ေယာက္ျဖစ္ပါေစ ။ အျမဲတမ္း ဘက္လိုက္တတ္တဲ့လူ မျဖစ္ပါေစနဲ႕ ။ ဒါဟာ စိတ္ဒဏ္ရာ ျဖစ္ေစတတ္ပါတယ္ ။
(၆) တစ္ဦးနဲ႕ တစ္ဦး ရိုင္းပင္းတတ္ေအာင္ သင္ေပးပါ ။
(၇) မိသားစုဝင္တိုင္းရဲ႕ ေမြးေန႕ေတြ ၊ ထူးထူးျခားျခား ေအာင္ျမင္မႈေလးေတြ ရွိလာရင္ မိသားစု တြင္းပါတီပြဲေလးေတြ ဂုဏ္ျပဳပြဲေလးေတြ လုပ္ေပးပါ။ ဒါဟာ တစ္ေယာက္နဲ႕ တစ္ေယာက္ ပိုၿပီး ေႏြးေထြးရင္းႏွီးမႈ ရရွိေစပါတယ္ ။
(၈) ၾကမ္းတမ္းရိုင္းျပၿပီး စိတ္နာေစမယ့္ စကားလံုးအသံုးအႏႈန္း နဲ႕ ဆံုးမတာမ်ိဳးကို ေရွာင္ၾကဥ္ပါ ။
(၉) သင့္သားသမီးေတြထဲမွာ ဆယ္ေက်ာ္သက္ေလးေတြ ပါေနမယ္ဆို ဟိုမေရာက္ ဒီမေရာက္ ျမီးေကာင္ေပါက္ေလးေတြရဲ႕ စိတ္ခံစားခ်က္ကို နားလည္ေပးပါ ။ ေဖးမေပးပါ ။ ဟိုမုန္းအေျပာင္းအလဲ ေၾကာင့္ စိတ္ထိခိုက္လြယ္ ၊ ဝမ္းနည္းလြယ္ ၊ အထီးက်န္လြယ္တတ္တဲ့ အရြယ္ေလးေတြ ျဖစ္ေနတယ္ဆိုတာ နားလည္ေပးပါ ။
(၁၀) ေပးၿပီးသား ကတိကို ဘယ္ေတာ့မွ မခ်ိဳးေဖာက္ပါနဲ႕ ။
(၁၁) ခြင့္လႊတ္တတ္ပါေစ ။
(၁၂) လိုအပ္တာထပ္ပိုၿပီး မဆူပါနဲ႕ ။ ပူညံပူညံ ပြစိပြစိ မလုပ္ပါနဲ႕ ။ သင္ေမြးထားတာ ခံစားခ်က္ရွိတဲ့ ကေလးေလးပါ ။
Unicode
သင်ဟာ ချစ်သူနဲ့ ကိုယ်ပိုင်မိသားစု ဘဝလေးကို တည်ဆောက်တော့မယ့် လူတစ်ယောက်လား ။ ဒါမှမဟုတ် သားသား မီးမီးလေးတွေနဲ့ သီရိဂေဟာလေးကို ဖန်တီးတော့မယ့် လူတစ်ယောက်လား ။ သင်တို့ မိသားစု ဘဝထဲ သားသား မီးမီးလေးတွေ ရောက်လာတော့မှာလား ။ ဒါမှမဟုတ် ရှိနေပြီးသားလား ။ ဘာပဲဖြစ်ဖြစ် ပျော်ရွှင်တဲ့ မိသားစု ဘဝလေးကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ဒီအချက်လေးတွေကို အလေးအနက်ထားပြီး ဖတ်စေချင်ပါတယ် ။ သားသမီးတွေကိုလည်း သင်ပေးထားသင့်တဲ့ အချက်လေးတွေပါ ။
(၁) မိသားစုကို အချိန်ပေးပါ ။
(၂) တစ်ယောက်နဲ့ တစ်ယောက် လေးစားမှုရှိပါ ။
(၃) မိသားစုဝင်တိုင်းကို မျှတစွာဆက်ဆံပါ ။ အထူးသဖြင့် သားသမီးတွေကို တန်းတူညီတူ ဆက်ဆံပါ ။ အငယ်ဆုံးကလည်း အခွင့်ထူးခံ မဟုတ်သလို အကြီးဆုံးကလည်း အာဏာပိုင်မဟုတ်ပါဘူး ။
(၄) ပြသနာတိုင်းကို အော်ဟစ်ဆူပူပြီး ဖြေရှင်းတာထက် အေးအေးဆေးဆေး နားဝင်အောင် ပြောပြပါ ။
(၅) သင့်သားသမီးတွေ အချင်းချင်းပြသနာတက်တဲ့အခါ သင်ဟာ ဖြန်ဖြေသူတစ်ယောက်ဖြစ်ပါစေ ။ အမြဲတမ်း ဘက်လိုက်တတ်တဲ့လူ မဖြစ်ပါစေနဲ့ ။ ဒါဟာ စိတ်ဒဏ်ရာ ဖြစ်စေတတ်ပါတယ် ။
(၆) တစ်ဦးနဲ့ တစ်ဦး ရိုင်းပင်းတတ်အောင် သင်ပေးပါ ။
(၇) မိသားစုဝင်တိုင်းရဲ့ မွေးနေ့တွေ ၊ ထူးထူးခြားခြား အောင်မြင်မှုလေးတွေ ရှိလာရင် မိသားစု တွင်းပါတီပွဲလေးတွေ ဂုဏ်ပြုပွဲလေးတွေ လုပ်ပေးပါ။ ဒါဟာ တစ်ယောက်နဲ့ တစ်ယောက် ပိုပြီး နွေးထွေးရင်းနှီးမှု ရရှိစေပါတယ် ။
(၈) ကြမ်းတမ်းရိုင်းပြပြီး စိတ်နာစေမယ့် စကားလုံးအသုံးအနှုန်း နဲ့ ဆုံးမတာမျိုးကို ရှောင်ကြဉ်ပါ ။
(၉) သင့်သားသမီးတွေထဲမှာ ဆယ်ကျော်သက်လေးတွေ ပါနေမယ်ဆို ဟိုမရောက် ဒီမရောက် မြီးကောင်ပေါက်လေးတွေရဲ့ စိတ်ခံစားချက်ကို နားလည်ပေးပါ ။ ဖေးမပေးပါ ။ ဟိုမုန်းအပြောင်းအလဲ ကြောင့် စိတ်ထိခိုက်လွယ် ၊ ဝမ်းနည်းလွယ် ၊ အထီးကျန်လွယ်တတ်တဲ့ အရွယ်လေးတွေ ဖြစ်နေတယ်ဆိုတာ နားလည်ပေးပါ ။
(၁၀) ပေးပြီးသား ကတိကို ဘယ်တော့မှ မချိုးဖောက်ပါနဲ့ ။
(၁၁) ခွင့်လွှတ်တတ်ပါစေ ။
(၁၂) လိုအပ်တာထပ်ပိုပြီး မဆူပါနဲ့ ။ ပူညံပူညံ ပွစိပွစိ မလုပ်ပါနဲ့ ။ သင်မွေးထားတာ ခံစားချက်ရှိတဲ့ ကလေးလေးပါ ။
No comments:
Post a Comment