ဟာသ ရသ ဗဟုသုတမျိုးစုံကို ကူးယူဖတ်ရှူနိုင်ပါတယ်။

Breaking

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

Saturday, May 13, 2017

ဏှာဘူး(နှာဘူး)အကြောင်း သိကောင်းဖွယ်ရာ အဖြာဖြာ ..!


သေချာတာက
ယောက်ျား တိုင်းလည်း ဏှာဘူး မဟုတ်သလို
ဏှာဘူး တိုင်းလည်း ယောက်ျား မဟုတ်ပါဘူး။

Image result for man look at woman

ဏှာဘူးတို့ ၏ အားသာချက်များ

၁- မျက်စိလျင်တယ်
၂- အကင်းပါးတယ်
၃- အထာနပ်တယ်
၎- သူများမမြင်တာ သူတို့မြင်တယ်
၅- စူးစမ်းလေ့လာမှု အားကောင်းတယ်
၆- အလှတရားတွေကို ရှာဖွေနိုင်တယ်
၇- ပရိယာယ်ကြွယ်ဝတယ်
၈- ယောက်ျားစစ်ကြောင်း ထင်ရှားတယ်

Image result for man look at woman

ဏှာဘူးတို့၏ အားနည်းချက်များ

၁- ကာမေသု မိစ္ဆာစာရာ ဆိုတဲ့ သီလကို ကျိုးပေါက်စေတယ်
၂- တစ်ဖက်သားရဲ့ဣနြေ္ဒကို ပျက်ပြားစေတယ်
၃- မိန်းကလေးတွေရဲ့ရွံကြောက်ကြီး ဖြစ်စေတယ်
၎- မိမိကိုယ်တိုင်ရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေတယ်
၅- လူမှုရေးနဲ့ ကျန်းမာရေး ကို ထိခိုက်စေတယ်
၆- အချိန်နဲ့ ငွေကို အလဟဿဖြစ်စေတယ်


ဏှာဘူး မှာ အဆင့် ၃ ဆင့် ရှိပါတယ်။
မနောကံမြောက် ဏှာဘူး
ဝစီကံမြောက် ဏှာဘူးနဲ့
ကာယကံမြောက် ဏှာဘူး ဆိုပြီးတော့ပါ။


မနောကံမြောက်ဏှာဘူး

မနောကံမြောက် ဏှာဘူး ကတော့ ကမ္ဘာမှာ အပေါများဆုံးပါ။ အတော်များများ ထိန်းဖို့ မလွယ်ပါဘူး။ သူတို့က တစ်ဖက်သားကို သိပ်တော့ဒုက္ခမပေးပါဘူး။ သူတို့စိတ်ထဲသာ ပြစ်မှားချင်တိုင်း ပြစ်မှားနေတာပါ။ အပြင်ကိုထုတ်မပြလို့ သူတို့က အန္တရာယ်အကင်းဆုံးဏှာဘူး စာရင်းဝင်ပါတယ်။

ဝစီကံမြောက် ဏှာဘူး

ဝစီကံမြောက် ဏှာဘူး ကတော့ အခြေအနေပေါ် မူတည်ပါတယ်။ စိတ်နဲ့တင် ပြစ်မှားတာ အားမရလို့ ပါးစပ်ကနေ ထုတ်ပြောပြီး ပြစ်မှားကြတာပါ။ တချို့က ကိုယ့်ယောက်ျားတွေ အချင်းချင်းပြောကြပြီး ပြစ်မှားကြတာပါ။ “ဟိုစော်ကို ကြည့်စမ်းပါဦးကွာ၊ သောက်ရမ်းမိုက်တယ် ဘာ ညာ” စသဖြင့်ပေါ့လေ။ ပြဿနာရှိတာက ကိုယ့်အချင်းချင်းပြောရုံတင် အားမရဘဲ ကာယကံရှင်ကိုပါသွားပြီး မထိတထိ ရိတိတိ သွားပြောကြတာပါ။ ဒါဆိုရင်တော့ ပြောတဲ့ အနေအထားပေါ်မူတည်ပြီးပြဿနာကကြီးနိုင်ပါတယ်။

ကာယကံမြောက် ဏှာဘူး

ကာယကံမြောက် ဏှာဘူး ကတော့ အန္တရာယ်အများဆုံး ဏှာဘူး မျိုးတွေပါ။ သူတို့ကို ကြည်ဖြူတဲ့သူကို ဏှာဘူး သွားထတာက သိပ်ပြဿနာမရှိပေမယ့် ဘယ်လိုမှ မပတ်သက်တဲ့သူတွေကို ဏှာဘူး သွားထပြီး ကာယကံမြောက်ကျူးလွန်ရင်တော့ အကျိုးဆက်က မတွေးဝံ့စရာပါ။ ဒါမျိုးကိုတော့ ဏှာဘူး လို့ မခေါ်ဘဲ တဏှာရူး လို့ခေါ်ရတော့မှာပါ။


ဒီနေရာမှာ
ဏှာဘူး နဲ့ တဏှာရူး မတူကြပုံက
စစ်သားနဲ့ အာဏာရှင်လို
အလုပ်သမား နဲ့ ဝန်ထမ်းလို
တာဝန်နဲ့ ဝတ္တရားလို
ဥပဒေနဲ့ ကျင့်ဝတ်လို
စည်းကမ်းနဲ့ နည်းလမ်းလိုပါပဲ


တဏှာရူး နဲ့ ဏှာဘူး က
တူမယောင်နဲ့ ကွဲပါတယ်
နီးမယောင်နဲ့ဝေးပါတယ်


ဏှာဘူး ဆိုတာမျိုးက ယောက်ျားအတော်များများမှာ တွေ့ရတတ်တဲ့ သဘာဝမျိုးပါ။ မနောကံ နဲ့ ဝစီကံ လောက်ကိုပဲ ချိုးဖောက်ကြတဲ့ ယောက်ျားမျိုးတွေပါ။ အဲ့ဒါမျိုးက ထိန်းနိုင်ရင်တော့ အကောင်းဆုံးဆိုပေမယ့် ထိန်းကြတဲ့သူ ရှားမယ် ထင်ပါတယ် (ကျွန်တော်အပါအဝင်ပေါ့)

#Achitlwinpyin

Credit:phothutaw





No comments:

Post a Comment