ဟာသ ရသ ဗဟုသုတမျိုးစုံကို ကူးယူဖတ်ရှူနိုင်ပါတယ်။

Breaking

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

Saturday, May 13, 2017

လုပ်ငန်းခွင်မှာ သင့်အပေါ် လေးစားမှု လျှော့နည်းစေမယ့် အမူအကျင့်များ


လုပ်ငန်းခွင်နဲ့ ပတ်သက်လာရင် လိုက်နာကျင့်သုံးရမယ့် လုပ်ငန်းခွင်ကျင့်ဝတ်တွေနဲ့ စည်းမျဉ်စည်းကမ်းတချို့ရှိပါတယ်။ ဒါတွေအားလုံးပဲလားဆိုတော့ မဟုတ်သေးပါဘူး။ မိမိလုပ်ငန်းခွင်မှာ ကြိုးစားရှောင်ကြဉ်ရမယ့် အရာတွေနဲ့ အမူအကျင့်တချို့လည်း ရှိပါတယ်။ ဒါတွေက သင့်ကို လုပ်ငန်းခွင်မှာ အထင်ကြီးလေးစားမှု ပျောက်ဆုံးစေနိုင်ပါတယ်။ ဒါ့ကြောင့် ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။ ဒီအချက်က အလုပ်အကိုင်တိုးတက်မှုအပြင် မိမိကိုယ်ရေးကိုယ်တာ တိုးတက်မှုမှာလည်း အထောက်အကူ ဖြစ်စေပါလိမ့်မယ်။
၁။ ခေါင်းထဲပေါ်လာသမျှ ထုတ်ပြောခြင်း
ခေါင်းထဲ ဝင်လာသမျှ ထုတ်ဖော်ပြောဆိုဖို့ မလိုအပ်ပါဘူး။ အဲဒီလိုပြောမယ့်အစား စိတ်ထဲမှာပဲ သိမ်းထားပြီး အလုပ်နဲ့ပတ်သက်တဲ့ အရေးကြီးကိစ္စတွေကိုပဲ အာရုံစူးစိုက်ပါ။  
၂။ စိတ်ဝင်စားမှုရအောင် ပြုလုပ်ခြင်း
သင် အလုပ်မှာ အမြဲတမ်း အကောင်းဆုံးမဖြစ်နိုင်ပါဘူး။ အပြစ်တင်ခံရတဲ့ အချိန်တွေလည်း ရှိပါလိမ့်မယ်။ ဒါကြောင့် မဟုတ်မမှန် အတင်းအဖျင်းစကားတွေနဲ့ ထင်ရှားကျော်ကြားမှု မရှာမိဖို့ သတိပြုပါ။
၃။ Complaint အမြဲတက်ခြင်း
မိမိ ထင်မြင်ယူဆချက်ကို ထုတ်ဖော်ပြောဆိုတာ တန်ဖိုးရှိပါတယ်။ ဒါပေမယ့် စိတ်ကသိကအောက်ဖြစ်စရာ အကြောင်းအရာ အမြဲတမ်းပြောဆိုတတ်သူက အလေးထားမခံရပါဘူး။
၎။ ရိုင်းစိုင်းတဲ့ အပြုအမူရှိခြင်း
"ငါ့ကို အရင်မေးသင့်တာ" သို့မဟုတ် "ငါပဲ အသိဆုံး" စတဲ့ စိတ်နေသဘောထားတွေကို အမြန်ဆုံး ဖျောက်သင့်ပါတယ်။ အဲဒီအစား လုပ်ဖော်ကိုင်ဖက်တွေနဲ့ သူငယ်ချင်းတွေအတွက် ပိုမိုဖော်ဖော်ရွေရွေနေတတ်ဖို့ လိုအပ်ပါတယ်။ 
Ref: Boldsky  

No comments:

Post a Comment