သင်ဟာ ရွေးချယ်မှုတစ်ခုသာပေးမယ်ဆိုရင် သင့်ခွေးအနေနဲ့ အစားအသောက်ကျွေးမွေးခြင်းထက် ချီးမွမ်းစကားတစ်ခွန်းကို ရွေးချယ်သွားပါလိမ့်မယ်လို့ လေ့လာမှုတစ်ခုက ဖော်ပြထားပါတယ်။
လေ့လာမှုမှာ သုတေသီတွေက ခွေး ၁၅ ကောင်ရဲ့ ဦးနှောက်ကို စကင်ဖတ်ခဲ့ကြပါတယ်။ ခွေးတွေကို အရုပ်ကားတစ်ခုပြပြီး ချီးမွမ်းပေးလိုက်ပါတယ်။ နောက် မြင်းရုပ်လေးတစ်ခုပြပြီး hot dog တစ်ခု ကျွေးတယ်။ ခွေး ၁၅ ကောင်အနက် ၁၃ ကောင်က ချီးမွမ်းမှုကို အလားတူတုံ့ပြန်မှု သို့မဟုတ် ပိုမိုထူးခြားတဲ့ တုံ့ပြန်မှု ပြကြပါတယ်။
နောက်စမ်းသပ်လေ့လာမှုတစ်ခုမှာ ခွေးတွေကို တစ်ဖက်မှာ ထမင်းပန်းကန်နဲ့ နောက်တစ်ဖက်မှာတော့ သူတို့အချစ်ဆုံးသူနဲ့ အံ့သြအောင်လုပ်ပြခဲ့ပါတယ်။ အများအားဖြင့် ခွေးတွေ အစားသောက်ထက် သူတို့ချစ်ခင်သူဆီပဲ ဦးတည်ကြည့်ခဲ့ကြပါတယ်။ အစားအသောက်ဘက် ရှေးရှုတဲ့ခွေးတွေက ပထမစမ်းသပ်မှုမှာ အစားအသောက်ကျွေးတာ ပိုနှစ်သက်တဲ့ ခွေးတွေပဲ ဖြစ်ကြပါတယ်။
ခွေးနဲ့ လူကြား ချစ်ခင်တွယ်တာမှု နှစ်ဦးနှစ်ဖက် အပြန်အလှန်ရှိပါတယ်။ cuddle hormone လို့လည်းသိရတဲ့ အချစ်ဟော်မုန်း oxytocin က ခွေးတွေမှာ သူတို့အချစ်တော်သခင်နဲ့ ပျော်ရွှင်စွာ ကစားကြပြီးနောက် ၆၀ ရာခိုင်နှုန်းနီးပါး မြင့်တက်ကြပါတယ်။
#Achitlwinpyin
Ref: Simplemost
No comments:
Post a Comment