.
လုပ်နေကြ တာများပါတယ်။
Unicode
လူနှစ်ယောက် ကွင်းပြင်ကြီး တစ်ခုထဲမှာ…… တစ်ယောက်ကကျင်းတွေတူးပြီး……
နောက် တစ်ယောက် က အဲဒီ့တူးပြီးသား… ကျင်းတွေထဲကို မြေကြီးတွေပြန်ဖို့နေကြတယ် ။
သူတို့နှစ်ယောက် လုပ်ဆောင်ချက်ကိုကြည့်နေတဲ့ အခြားသူ တစ်ယောက်က မနေနိုင်တော့ဘဲ . .
ခင်ဗျားတို့နှစ်ယောက် တစ်ခုခုတော့ လွဲနေပြီ။ တစ်ယောက်ကကျင်းတူးတယ်။နောက်တစ်ယောက် က တူးပြီးသားကျင်းထဲကို မြေကြီး တွေပြန်ဖို့တော့ ဘာအကျိုးရှိမှာလဲ..ဆိုပြီးပြောပြတယ်။
အဲဒီအခါမှ ကျင်းတူးတဲ့သူနဲ့..မြေဖို့တဲ့သူ… ဒီလူနှစ်ယောက်က…ဟုတ်တယ်ဗျ..လွဲတာတော့ လွဲနေပြီ။ကျွန်တော်တို့ လဲ ဘာလွဲနေတယ်ဆိုတာ မသိဘူး တဲ့ ။
အမှန်ကတော့ ပျိုးပင် စိုက်လုပ်ငန်း ကို တာဝန် ပေးထားတာလူ သုံးယောက်ပါ။ တစ်ယောက်က မြေကြီးတူးရတဲ့တာဝန်။တစ်ယောက်ကမျိုးစေ့ ချရတဲ့တာဝန်တစ်ယောက်ကမြေကြီးဖို့ရတဲ့တာဝန်ပါ ။
အဲဒီ့အထဲမှာ မျိုးစေ့ချရတဲ့ လူတစ်ယောက်က ခွင့်ယူထားလို့ မလာနိုင်တဲ့အတွက်ကျန်နှစ်ယောက်က ကိုယ့် တာဝန်ကိုထမ်းဆောင်နေကြတာပါ ။
.
ကျွန်တော့်တို့ ဝန်ထမ်းတွေလဲ အပြင်မှာ လက်တွေ့ အဲဒီ့လိုပါပဲ။ကိုယ့်တာဝန်ကိုယ် ပြီးရင်ပြီးရော…
လုပ်နေကြ တာများပါတယ်။
တစ်ယောက်နဲ့တစ်ယောက်ချိတ်ဆက်မှု မရှိ။ တစ်ယောက်အလုပ် တစ်ယောက်မသိ။
ကိုယ့် အလုပ်ပြီးရင် တာဝန်ကျေပြီလို့ထင်နေကြတယ် ။
တစ်ယောက် နဲ့ တစ်ယောက် ပူးပေါင်း ဆောင်ရွက်မယ် ဆိုတဲ့ စိတ်ဓာတ် လေးတွေ မရှိဘဲ…လက်တွေ့ အပြင်မှာတစ်ကယ်ပဲတွေ့ကြုံနေရတာပါ ။ ။
#Credit_ဒေါက်တာအောင်ထွန်းသက်
No comments:
Post a Comment