ဟာသ ရသ ဗဟုသုတမ်ိဳးစုံကို ကူးယူဖတ္ရႉႏိုင္ပါတယ္။

Breaking

ကိုယ္စိတ္ႏွစ္ျဖာက်မ္းမာၾကပါေစ...!

ကိုယ္စိတ္ႏွစ္ျဖာက်မ္းမာၾကပါေစ...!

Tuesday, May 09, 2017

ရန္ကုန္ကိုအလည္ေရာက္လာတဲ့ Zombieတေယာက္ရဲ႕ ျဖစ္ရပ္ဆန္း

World war Z ကား႐ိုက္တဲ့ဒါ႐ိုက္တာနဲ႔Train to busan ကား႐ိုက္တဲ့ ဒါ႐ိုက္တာႏွစ္ေယာက္ ထူးထူးျခားျခားရန္ကုန္ကို zombie ကားႀကီးတစ္ကား႐ိုက္ဖို႔ လာၾကတယ္ ဇာတ္လမ္းအစမွာ ၿမိဳ႕ပတ္ရထားေပၚ…. မင္းသားက ရထားေပၚပါလာတယ္ အဲဒီမွာ ရထားက စထြက္တဲ့ အခ်ိန္ virus ကိုက္ခံရတဲ့ ေကာင္မေလးက ရထားေပၚေျပးတက္လာေရာ အဲ့ဒီေကာင္မေလး ေျပးတက္လိုက္တဲ့ အတြဲက အမတ္ေတြစီးလာတဲ့ အတြဲျဖစ္ေနတယ္… ရထားေပၚလည္း ေရာက္ေရာ ေကာင္မေလးက ေရာဂါပိုးေတြ႔ ျပန္႔ၿပီး ၾကမ္းျပင္ေပၚလူးလွိမ့္ေနၿပီ အဲ့မွာ သြားဆြဲထူတဲ့ သူက အကိုက္ခံရၿပီး ရထားတစ္စီးလုံးကူး ရထားတစ္စီးလုံး ကေန ရန္ကုန္တစ္ၿမိဳ႕လုံးကူး ၿပီး zombie ေတြျဖစ္ကုန္မွာကို ဇာတ္လမ္းကေတာ့ ေတာ္ေတာ္ေၾကာက္စရာေကာင္းတယ္။ အဲ ေကာင္မေလးက ရထားေပၚမွာ ေရာဂါပိုးကူးၿပီး လူးလွိမ့္ေနတာကို ဘယ္သူမွ လာမထူေတာ့ ကိုက္လို႔မရေတာ့ဘူး အမတ္ေတြကလည္း ကိုယ့္အာ႐ုံနဲ႔ကိုယ္ကိုး အဲ့မွာ ေကာင္မေလးက သူ႔ကို ဘယ္သူမွ လာမထူေတာ့ တုန္ခ်ိတုန္ခ်ိနဲ႔ ထၿပီး နီးတဲ့ကိုက္မယ္ဆိုၿပီးထဆြဲလိုက္တာ တနသၤာရီ အမတ္ျဖစ္ေနေတာ့ လက္သီးနဲ႔ ထိုးခံလိုက္ရတာ သြားႏွစ္ေခ်ာင္းကြၽတ္သြားတယ္ ။ အဲ့ဒါနဲ႔ zombie လည္း စိတ္ေလၿပီး ေနာက္တစ္ေယာက္ ကိုက္ဖို႔ လုပ္တာ အမတ္က ခဲနဲ႔ထုမယ္လုပ္ေတာ့ မကိုက္ရဲေတာ့ဘူး အဲ့ဒါနဲ႔ အဲ့zombieလည္း အဲ့အတြဲမွာ ဘယ္သူ႔မွကိုက္မရတာနဲ႔ ေနာက္တစ္တြဲ ကူးၿပီး နီးတဲ့ မင္းသားကိုကိုက္လိုက္တာ မင္းသားလည္း zombie ျဖစ္သြားတယ္ ။ ရန္ကုန္ဘူတာႀကီးလည္းေရာက္ေရာ ရထားတစ္စီးလုံးေပၚက မင္းသားzombieက ၿမိဳ႕ထဲက လူေတြကိုက္မယ္ဆိုၿပီး ေျပးလာတုန္း႐ွိေသးတယ္ “သားႀကီး မေျပးနဲ႔ ကားေပၚ အေခ်ာင္ႀကီး “ဆိုၿပီး စပယ္ယာတစ္ေယာက္က ဂုတ္ဆြဲၿပီး တင္လိုက္တာ zombie လည္း ယက္ကန္ယက္ကန္ နဲ႔ YBS ကားတစ္စီးေပၚပါသြားေရာ ။အဲ့မွာ zombieကလည္း ကားေပၚလူၾကည့္လိုက္ေတာ့ ကိုက္ဖို႔ေနေနသာသာၾကပ္ညပ္ေနေတာ့ ေခါင္းေတာင္ လွည့္လို႔မရဘူးျဖစ္ေနတယ္ ။zombieလည္း ေခါင္းလႈပ္ရတဲ့ အခ်ိန္ နီးတဲ့လူ ကိုက္ဖို႔ ျပင္ထားတယ္ ။လက္ကေတာ့ အေပၚတန္းေလး ကိုင္ထားရတယ္။ busကားကလည္းတအားေမာင္းေနတာကိုး ခုကေတာ့ zombie ကိုက္ဖို႔ေနေနသာသာ လက္ႏွစ္ဘက္လုံးက အေပၚတန္းကိုင္ထားလို႔မအားဘူးျဖစ္ေနတယ္။ စပယ္ယာက ေတာ့ ေအးေဆး ဘဲ ” ဆူးေလ” “လမ္း၅၀” “ဗိုလ္ကေလးေစ်း” “အေခ်ာင္ႀကီး ထိုင္စီးရမယ္ ” ကားေပၚမွာ zombie လည္း ဘယ္သူ႔မွ မကိုက္ရေသးလို႔ တင္းေနတုန္း႐ွိေသးတယ္ ဖင္ကို ပူပူေႏြးေႏြး ႀကီးလာေထာက္တာ ခံစားလိုက္ရတယ္ ။zombieစိတ္ေလ သြားတယ္ ဘယ္သူမွ မကိုက္ရေသးဘဲ ေယာက်ာ္းခ်င္း ဖင္ေထာက္ခံထားရေတာ့ zombie လည္းဝမ္းနည္းသြားတယ္ … က်ဥ “ဆူးေလ ဂိတ္ဆုံး” လူေတြ အမ်ားႀကီး ဆင္းသြားေတာ့ zombieလည္း ၾကပ္ညပ္ၿပီး လုိက္သြားမလို႔႐ွိေသးတယ္ ဂုတ္ကို လာဆြဲတာခံလိုက္ရတယ္။ “ညီေလး ကားခမေပးရေသးဘူး” ေစာေစာက မင္းလက္မအားေသးလို႔ မေတာင္း တာ”ၾကည့္လိုက္ေတာ့ စပယ္ယာျဖစ္ေနတယ္ zombie လည္း လူ႐ွင္းတုန္း ဒီစပါယ္ယာ ဘဲ ကိုက္ေတာ့ မယ္ကြာ ဆိုၿပီး ပါးစပ္ ဟတုန္းေလး႐ွိေသးတယ္
“ေျဖာင္း ေျဖာင္း “ျမည္သံၾကားၿပီး ပါးတစ္ျခမ္းပူထူၿပီး ၾကယ္ေတြ လေတြ ျမင္ကုန္တယ္ “ေအာင္ဘု လူမိုက္ လူမိုက္ ေအာင္ဘ”ုကြ ကားခမေပးႏိုင္ရင္ ေျပာစီး မဆဲနဲ႔ ကြ ဆိုၿပီး zombie အက်ႌစကို ဆြဲပီး ေနာက္ထပ္ တီးဖို႔ လက္သီးရြယ္ေနတုန္း႐ွိေသးတယ္ ” ေအာင္ဘု မလုပ္နဲ႔ လြန္မယ္ ”ဆိုတဲ့ အသံထြက္လာလို႔ zombie လည္းမ်က္ႏွာငယ္ေလးနဲ႔ ၾကည့္လိုက္ေတာ့ ဒ႐ိုင္ဘာက သံတုတ္ႀကီး ဆြဲလာတာ ေတြ႔တာ နဲ႔ zombie လည္း အတင္း႐ုန္းကန္ၿပီး ကားေပၚတင္ စမုန္တုန္းမွာ ေၾကာက္တာနဲ႔ ထြက္ေျပးတာ ဆူးေလမ်ဥ္းၾကားေပၚျဖတ္တုန္း႐ွိေသးတယ္ taxi တစ္စီးက ဝင္ၾကဳံးလိုက္တာ လူကူးမ်ဥ္းၾကားေပၚတင္ ဂိသြားေရာ.. အဲ့မွာ Hollywood နဲ႔ ကိုရီးယား ဖက္စပ္ zombie ကားႀကီးလည္း ရန္ကုန္ၿမိဳ႕ႀကီးမွာတင္စမုန္တုံးသြားေရာ…..

Credit:ဖြတ္ၾကား

Unicode

World war Z ကားရိုက်တဲ့ဒါရိုက်တာနဲ့Train to busan ကားရိုက်တဲ့ ဒါရိုက်တာနှစ်ယောက် ထူးထူးခြားခြားရန်ကုန်ကို zombie ကားကြီးတစ်ကားရိုက်ဖို့ လာကြတယ် ဇာတ်လမ်းအစမှာ မြို့ပတ်ရထားပေါ်…. မင်းသားက ရထားပေါ်ပါလာတယ် အဲဒီမှာ ရထားက စထွက်တဲ့ အချိန် virus ကိုက်ခံရတဲ့ ကောင်မလေးက ရထားပေါ်ပြေးတက်လာရော အဲ့ဒီကောင်မလေး ပြေးတက်လိုက်တဲ့ အတွဲက အမတ်တွေစီးလာတဲ့ အတွဲဖြစ်နေတယ်… ရထားပေါ်လည်း ရောက်ရော ကောင်မလေးက ရောဂါပိုးတွေ့ ပြန့်ပြီး ကြမ်းပြင်ပေါ်လူးလှိမ့်နေပြီ အဲ့မှာ သွားဆွဲထူတဲ့ သူက အကိုက်ခံရပြီး ရထားတစ်စီးလုံးကူး ရထားတစ်စီးလုံး ကနေ ရန်ကုန်တစ်မြို့လုံးကူး ပြီး zombie တွေဖြစ်ကုန်မှာကို ဇာတ်လမ်းကတော့ တော်တော်ကြောက်စရာကောင်းတယ်။ အဲ ကောင်မလေးက ရထားပေါ်မှာ ရောဂါပိုးကူးပြီး လူးလှိမ့်နေတာကို ဘယ်သူမှ လာမထူတော့ ကိုက်လို့မရတော့ဘူး အမတ်တွေကလည်း ကိုယ့်အာရုံနဲ့ကိုယ်ကိုး အဲ့မှာ ကောင်မလေးက သူ့ကို ဘယ်သူမှ လာမထူတော့ တုန်ချိတုန်ချိနဲ့ ထပြီး နီးတဲ့ကိုက်မယ်ဆိုပြီးထဆွဲလိုက်တာ တနင်္သာရီ အမတ်ဖြစ်နေတော့ လက်သီးနဲ့ ထိုးခံလိုက်ရတာ သွားနှစ်ချောင်းကျွတ်သွားတယ် ။ အဲ့ဒါနဲ့ zombie လည်း စိတ်လေပြီး နောက်တစ်ယောက် ကိုက်ဖို့ လုပ်တာ အမတ်က ခဲနဲ့ထုမယ်လုပ်တော့ မကိုက်ရဲတော့ဘူး အဲ့ဒါနဲ့ အဲ့zombieလည်း အဲ့အတွဲမှာ ဘယ်သူ့မှကိုက်မရတာနဲ့ နောက်တစ်တွဲ ကူးပြီး နီးတဲ့ မင်းသားကိုကိုက်လိုက်တာ မင်းသားလည်း zombie ဖြစ်သွားတယ် ။ ရန်ကုန်ဘူတာကြီးလည်းရောက်ရော ရထားတစ်စီးလုံးပေါ်က မင်းသားzombieက မြို့ထဲက လူတွေကိုက်မယ်ဆိုပြီး ပြေးလာတုန်းရှိသေးတယ် “သားကြီး မပြေးနဲ့ ကားပေါ် အချောင်ကြီး “ဆိုပြီး စပယ်ယာတစ်ယောက်က ဂုတ်ဆွဲပြီး တင်လိုက်တာ zombie လည်း ယက်ကန်ယက်ကန် နဲ့ YBS ကားတစ်စီးပေါ်ပါသွားရော ။အဲ့မှာ zombieကလည်း ကားပေါ်လူကြည့်လိုက်တော့ ကိုက်ဖို့နေနေသာသာကြပ်ညပ်နေတော့ ခေါင်းတောင် လှည့်လို့မရဘူးဖြစ်နေတယ် ။zombieလည်း ခေါင်းလှုပ်ရတဲ့ အချိန် နီးတဲ့လူ ကိုက်ဖို့ ပြင်ထားတယ် ။လက်ကတော့ အပေါ်တန်းလေး ကိုင်ထားရတယ်။ busကားကလည်းတအားမောင်းနေတာကိုး ခုကတော့ zombie ကိုက်ဖို့နေနေသာသာ လက်နှစ်ဘက်လုံးက အပေါ်တန်းကိုင်ထားလို့မအားဘူးဖြစ်နေတယ်။ စပယ်ယာက တော့ အေးဆေး ဘဲ ” ဆူးလေ” “လမ်း၅၀” “ဗိုလ်ကလေးဈေး” “အချောင်ကြီး ထိုင်စီးရမယ် ” ကားပေါ်မှာ zombie လည်း ဘယ်သူ့မှ မကိုက်ရသေးလို့ တင်းနေတုန်းရှိသေးတယ် ဖင်ကို ပူပူနွေးနွေး ကြီးလာထောက်တာ ခံစားလိုက်ရတယ် ။zombieစိတ်လေ သွားတယ် ဘယ်သူမှ မကိုက်ရသေးဘဲ ယောကျာ်းချင်း ဖင်ထောက်ခံထားရတော့ zombie လည်းဝမ်းနည်းသွားတယ် … ကျဥ “ဆူးလေ ဂိတ်ဆုံး” လူတွေ အများကြီး ဆင်းသွားတော့ zombieလည်း ကြပ်ညပ်ပြီး လိုက်သွားမလို့ရှိသေးတယ် ဂုတ်ကို လာဆွဲတာခံလိုက်ရတယ်။ “ညီလေး ကားခမပေးရသေးဘူး” စောစောက မင်းလက်မအားသေးလို့ မတောင်း တာ”ကြည့်လိုက်တော့ စပယ်ယာဖြစ်နေတယ် zombie လည်း လူရှင်းတုန်း ဒီစပါယ်ယာ ဘဲ ကိုက်တော့ မယ်ကွာ ဆိုပြီး ပါးစပ် ဟတုန်းလေးရှိသေးတယ်
“ဖြောင်း ဖြောင်း “မြည်သံကြားပြီး ပါးတစ်ခြမ်းပူထူပြီး ကြယ်တွေ လတွေ မြင်ကုန်တယ် “အောင်ဘု လူမိုက် လူမိုက် အောင်ဘ”ုကွ ကားခမပေးနိုင်ရင် ပြောစီး မဆဲနဲ့ ကွ ဆိုပြီး zombie အကျႌစကို ဆွဲပီး နောက်ထပ် တီးဖို့ လက်သီးရွယ်နေတုန်းရှိသေးတယ် ” အောင်ဘု မလုပ်နဲ့ လွန်မယ် ”ဆိုတဲ့ အသံထွက်လာလို့ zombie လည်းမျက်နှာငယ်လေးနဲ့ ကြည့်လိုက်တော့ ဒရိုင်ဘာက သံတုတ်ကြီး ဆွဲလာတာ တွေ့တာ နဲ့ zombie လည်း အတင်းရုန်းကန်ပြီး ကားပေါ်တင် စမုန်တုန်းမှာ ကြောက်တာနဲ့ ထွက်ပြေးတာ ဆူးလေမျဉ်းကြားပေါ်ဖြတ်တုန်းရှိသေးတယ် taxi တစ်စီးက ဝင်ကြုံးလိုက်တာ လူကူးမျဉ်းကြားပေါ်တင် ဂိသွားရော.. အဲ့မှာ Hollywood နဲ့ ကိုရီးယား ဖက်စပ် zombie ကားကြီးလည်း ရန်ကုန်မြို့ကြီးမှာတင်စမုန်တုံးသွားရော…..

Credit:ဖွတ်ကြား


No comments:

Post a Comment