သုံးသောင်းရှာထားမှပါ … သာသာယာယာပဲ …
ဆီလီကွန်အရုပ်တွေကိုအရင်ကဆိုရင် ဆယ်သိန်းကျော် ပေးပြီးဝယ်ရပေမဲ့ အခုနောက်ပိုင်းမှာတော့ တန်ဖိုးနည်း အရုပ်တွေကို ဈေးကွက်မှာရောင်းချလာကြတယ်လို့ သိရပါတယ်။
သည်အရုပ်တွေကို တရုတ်နိုင်ငံကနေ ထုတ်လုပ် တင်သွင်းတာ ဖြစ်တယ်ပါတယ်။ တန်ဖိုးနည်းတွေ
ဖြစ်တာကြောင့် ဈေးနှုန်းတွေက ၃သောင်းကနေ ၁သိန်းကျော် အထိသာရှိတာဖြစ်ပါတယ်။ ဈေးနှုန်း အနိမ့်အမြင့်အလိုက်ကို အရုပ်ရဲ့ အရွယ်စားတွေ ကွာခြားသွားမှာ ဖြစ်တယ်လို့သိရပါတယ်။
သည်ဆီလီကွန်အရုပ်တွေကို တင်သွင်းတဲ့ ကိုထက်က ”၃သောင်းဆိုတာကတော့ လူတိုင်းဝယ်နိုင်တဲ့ တန်ဖိုး ပဲလေ အရင်ဈေးများတဲ့ဟာတုန်းကတော့ ဂျပန်နိုင်ငံက ၀င်တဲ့ဟာတွေလေ။ အခုဟာတွေကျတော့ တရုတ်နိုင်ငံ ကနေတင်သွင်းတာ။ အကိုရောင်းရတဲ့ရည်ရွယ်ချက်က လူတိုင်းရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်တယ် ထင်လို့ အရုပ်တွေကို တင်သွင်းရောင်းချတာပါ” လို့ ပြောပါတယ်။
ဆီလီကွန်အရုပ်တွေစစပေါ်ချင်းမှာတော့ တရားမ၀င် ဖြစ်ပေမဲ့ ၀ယ်ယူသူတွေ မြင့်တက်လာပေမဲ့ နောက်ပိုင်း မှာ အရောင်းဝယ်ပြန်အေးသွားတာဖြစ်ပါတယ်။ အခု တန်ဖိုးနည်း ဆီလီကွန်ရုပ်တွေ ပေါ်လာတဲ့အခါမှာတော့
ရောင်းအားတွေ ပြန်လည်ကောင်းမွန်လာတယ်လို့ သိရပါတယ်။
သည်လိုတန်ဖိုးနည်း ဆီလီကွန်အရုပ်တွေမှာ အရင်က အရုပ်တွေနဲ့ပုံစံတူတွေဖြစ်တယ် ဆိုပေမဲ့ အသားမှာ တော့ အနည်းငယ် ကွာခြားသွားတယ်လို့ သိရပါတယ်။ တန်ဖိုးနည်းအရုပ်တွေကိုလဲ ကိုယ်ကြိုက်တဲ့ပုံစံတွေ မှာယူလို့ ရနိုင်တာဖြစ်ပါတယ်။ မှာမယ်ဆိုရင် တစ်လ လောက်ကြာမှာဖြစ်ပြီး ပုံမှန်အရုပ်မပုံကိုပဲ လိုချင်တယ် ဆိုရင်တော့ ချက်ချင်းရနိုင်တယ်လို့သိရပါတယ်။
Author လိမ္မာ #Kumudra
Zin Moe
#Achitlwinpyin
No comments:
Post a Comment