ဟာသ ရသ ဗဟုသုတမျိုးစုံကို ကူးယူဖတ်ရှူနိုင်ပါတယ်။

Breaking

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

Friday, May 05, 2017

MMA သံဇကာ ဝိုင်းအတွင်း မြန်မာ့လက်ဝှေ့ စည်းမျဉ်း နဲ့ ပထမဆုံး ထိုးခဲ့တဲ့ပွဲ ( သမိုင်းတွင်သွားတဲ့ပွဲ )



MMA ပွဲတချို့မှာ သံဇကာ မွေထိုင်း ( Caged Muay Thai ) ပွဲတွေ ကြားညှပ်ထည့်တွင်း ကျင်းပလေ့ရှိပါတယ် ၊ အဲလို ပဲ သူတို့ဟာ မြန်မာ့လက်ဝှေ့ ဘယ်လိုရှိတယ် ဘယ်လောက်စွမ်းတယ်ဆိုတာ သိအောင် ဖိတ်ခေါ်ပြီး စမ်းသပ်ခဲ့ပါတယ် ။ Caged Myanmar Lethwei လို့ ခေါ်ရမှာပေါ့ နော် ။ ( အောက်ဆုံးတွင် ဗီဒီယိုဖိုင်Link တင်ပေးထားပါသည် )

အနောက်တိုင်း ဘောက်ဆင် ကစားသမား ၊ မွေထိုင်း နဲ့ MMA ကစားသမား သောမတ် ဘတ်ဂျာ Thomas Hengstberger ( Austria ) နဲ့ တွေ့မရှောင်ကို တည်ပေးလိုက်ကြပါတယ် ။

တွေ့မရှောင်ဟာ ပြိုင်ဘက် သောမတ်တို့အိမ်မှာပဲ တည်းခိုနေထိုင်ပြီး သောမတ်တို့ မိသားစုကျွေးမွေး ဧည့်ခံ ပြီး သူ့ကို မိသားစု ဝင်တစ်ယောက်လို ကြင်နာတဲ့ အတွက် သောမတ်ကို အစ်ကိုကြီး တစ်ယောက်လို ချစ်ခင်မိပါသတဲ့ ။

သောမတ်ကလည်း သူ့ကို ကောင်းကောင်းအိပ် ကောင်းကောင်းစားဖို့ ညီတစ်ယောက်ကို တိုက်တွန်း သလို အရိပ်တကြ ည်ကြည့်နဲ့ အင်မတန် ချစ်ခင်ရှာ သတဲ့ ။ ဒါဟာ သောမတ်ဘတ်ဂျာ ရဲ့ စိတ်ရင်းကောင်း တာကို ဖော်ပြတာပါ ။ Professional Fighters တွေ ဟာ ကြိုးဝိုင်းထဲမှာ ပြိုင်ဘက် အပြင်မှာ အကောင်းဆုံး စီးပွါးဘက် မိတ်ဆွေ သူငယ်ချင်း လို့ သဘောထား ကြပါတယ် ။

Caged Myanmar Lethwei ( Special Fight ) ပွဲလည်းစရော ကျနော်တို့ မြန်မာ့သူရဲကောင်း တွေ့မရှောင်ဟာ သူ့အပေါ် အရမ်းကောင်းတဲ့ အိမ်ရှင် ကို ထိုးရမှာ အားနာသလိုလို ဖြစ်ပြီး သိပ်တိုက်စစ် မဖော်ပဲနေပါသတဲ့ ။အိမ်ရှင်လည်းဖြစ်သူ့အပေါ်ညီလေး လို ကြင်နာတဲ့ သောမတ်ကို ထိုးသတ်ရမှာ မျက်နှာပူ ပုံရပါတယ် ။

ဒါပေမဲ့ သောမတ်ကတော့ Pro ပီပီ ပွဲစပြီဆိုတာနဲ့ ရသမျှ အခွင့်အရေးကို လုံးဝ လက်လွတ်မခံပဲ တရစိပ်တိုက်တော့ တာပါပဲ ။ အဲဒီမှာ သံဇကာဝိုင်း နဲ့ စိမ်းပြီး အားနာတတ်တဲ့ တွေ့မရှောင်ဟာ နှစ်ခါ အမှတ်စဉ်အရေခံရအောင် အထိုး ခံ လိုက်ရပါတယ် ၊ အနောက်တိုင်း ဘောက်ဆင် ပညာကောင်းလွန်းတဲ့ သောမတ် ရဲ့ လက်သီးချက်တွေဟာ တိုင်ပင်ေ ကာင်းပြီး အလွန်ပဲ တိကျ ပြင်းထန် ပါတယ် ၊ ကံကောင်းလို့ နောက်ကောက်ကျအောင် အလဲထိုးမခံလိုက်ရတာပါ ။

အဲလို နှစ်ခါလောက် အမှတ်စဉ်အရေခံလိုက်ရမှ တွေ့မရှောင်ဟာ မြန်မာ့လက်ဝှေ့မှာ တစ်ချီအတွင်း အမှတ်စဉ်သုံးကြိမ် အရေခံရရင် အရှုံးဆိုတဲ့ စည်းမျဉ်းကို သတိဝင်လာပုံရပါတယ် ၊ ကြိုးဝိုင်းထဲမှာ ပြိုင်ဘက်ကို ညှာခြင်းဟာ ကိုယ့်ကိုယ် ကိုယ်ရက်စက်ရာရောက်တယ် ဆိုတာကို သဘောပေါက်သွားပုံရပါတယ် ။ အဲလိုအသိ ဝင်လာတဲ့အချိန်ကစပြီး တွေ့မရှောင် ဟာ သောမတ် ဘတ်ဂျာ ကို လုံးဝ အားမနာတော့ပဲ သူမူပိုင် တိုက်စစ် သန် တဲ့ ကစားဟန်ကို ဖွင့်ပြီး လိုက်ပါတော့တယ် ။

ပရိတ်သတ် အားလုံးက နှစ်ခါ အမှတ်စဉ်အရေ ခံရထား လို့ တွေ့မရှောင် အရှုံးပဲလို့ အပိုင်တွက်ထားတဲ့ အချိန် မှာ တွေ့ မရှောင်ဟာ မြန်မာ့လက်ဝှေ့သမား တစ်ယောက် ရဲ့ မာဂုဏ် နဲ့ ဇွဲသတ္တိ ကို ပြပြီး အားလုံး အထင်အမြင် ကို ပြောင်းပြန် လှန်ပြစ်နိုင်ခဲ့ပါတယ် ။ ဒုတိယအချီ မှာ သိသိသာသာ တိုက်စစ်မြှင့်ကစားတယ် ၊ သောမတ်ဟာ ဒုတိယအချီ ပြီးခါနီးေ လာက်မှာ တွေ့မရှောင် ကို ဘယ်လိုမှ ယှဉ်မထိုးနိုင်တာ ၊ တွေ့မရှောင် တိုက်ကွက်ကို မခြေဖျက်နိုင်တာကို တွေ့ရပါတယ် ။

သောမတ်ဟာ တွေ့မရှောင်ရဲ့ ထိုးကန် ချက်တွေကြောင့် အလဲအလဲအပြိုပြိုတွေဖြစ် နောက်လှည့်ထွက်တဲ့ အချိန်တွေ ၊ လဲကျမလို ထိုင်မလို ထမလို ဖြစ်နေတဲ့ အချိန်တွေမှာ တွေ့မရှောင်ဟာ တိုက်ခွင့်ရှိပါလျှက် အခွင့်အရေးမယူပဲ မြန်မာ့ လက်ဝှေ့သမားတွေရဲ့ အားကစား ပီသတဲ့ စိတ် တရားမျှတ စွာ ယောင်္ကျား ပီပီသသ တိုက်လိုတဲ့စိတ် တို့ ကို ပြခဲ့ပါတယ် ။

ဒုတိယ အချီအပြီးမှာတော့ သောမတ် ဘတ်ဂျာ ဟာ လက်ခုံရိုးကျိုးသွားလို့ ဆက်လက်မယှဉ်ပြိုင်နိုင်တော့ပဲ ရှုံးပွဲကြုံသွား ပါတော့တယ် ။ ( အဲဒါကြောင့် ရှေးမြန်မာ့ လက်ဝှေ့ ဆရာကြီးတွေ ဆိုဆုံးမ ခဲ့တာရှိပါတယ် ၊ ထိုးကောင်းတိုင်းလည်း စွတ် မထိုးနဲ့တဲ့ အခန့်မသင့်ရင် လက်ကျိုးတတ်တယ် ၊ ဗလာလက်သီး ကို မြန်မာ့ လက်ဝှေ့ မဟာလက်နက် ခေါင်းဆတ် ကွ က် ၊ ခေါင်းနဲ့ ခံချိုး ရင် ကျိုးတတ်တယ်လို့ ပြောခဲ့ကြပါတယ် )

တွေမရှောင် သံဇကာဝိုင်းထဲ ဝင်လာတုန်းက အဲဒီညက လာကြည့်တဲ့ ပရိတ်သတ်တွေ ၊ နာမည်ကြီး MMA / Muay Thai ဖိုက်တာကြီးတွေဟာ လူကောင်သေးသေး တွေ့မရှောင်ကို အထင်သေးပုံရပေမဲ့ ပွဲအပြီးမှာတော့ တွေ့မရှောင်ရဲ့ သတ္တိကို အသိအမှတ်မပြုပဲ မနေနိုင်ကြ တော့ပဲ အလုအယက်မိတ်ဆက်ကြ ဓတ်ပုံတွဲရိုက်ကြ ပါတော့တယ် ။

သောမတ်ဘတ်ဂျာကလည်းသူ့အရှုံးကို ကျေနပ်ရှာ ပါတယ် ။ သောမတ်ဘတ်ဂျာ ဟာ ဆရာဝင်းဇင်ဦး ၊ ဆရာကျော်စိုး ( နည်းပြ ) ၊ တွေ့မရှောင်တို့ကို နောင်မှာ ပြိုင်ဘက်အပေါ် အားမနာဖို့ ကြိုးဝိုင်း အတွင်းအပြင် မှာ ကစားသမား တို့ထား သင့်တဲ့ စိတ် တို့ကို ရှင်းပြခဲ့ပြီး Professional ပိုပီသဖို့ကို တိုက်တွန်းခဲ့ပါသေးသတဲ့ ။

အဲဒီအချိန်ကစပြီး အလွန်အားနာတတ်တဲ့ ကျနော်တို့ သူရဲကောင်းတွေ့မရှောင်ဟာ ကြိုးဝိုင်းထဲမှာ ရင်ဆိုင်လာရတဲ့ ပြိုင်ဘက်တွေကို လုံးဝ အားမနာ တော့ပဲ Pro ပီပီ ရိုးရာမာန် အပြည့်နဲ့ ထိုးသတ်ခဲ့ပါ တော့တယ် ။ သောမတ် ဘတ်ဂျာရဲ့ တဲ့ စိတ်နေစိတ်ထား အကြောင်းကိုတော့ ဆရာကျော်စိုး ( နဂါးမာန် ) က မေတ္တာဖြင့် ပြန်လည်ပြောပြလို့ သိရခြင်းဖြစ်ပါတယ် ။

Tway Ma Shaung ( Myanmar ) vs Thomas Hengstberger ( Austria ) - Burmese Boxing - LETHWEI
Source : Myanmar Lethwei – မြန်မာ့ လက်ဝှေ့


No comments:

Post a Comment