ဟာသ ရသ ဗဟုသုတမျိုးစုံကို ကူးယူဖတ်ရှူနိုင်ပါတယ်။

Breaking

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

Tuesday, June 06, 2017

ဆေးလိပ်ကို လူတွေ ဘာ့ကြောင့် စွဲစွဲလန်းလန်းသောက်နေကြသလဲဆိုတာ


ဆေးလိပ်သောက်သူအများစုရဲ့ ဆေးလိပ်စွဲလမ်းရတဲ့ အဓိကအကြောင်းအရင်းဟာ ဆေးလိပ်မှာပါဝင်နေတဲ့ နီကိုတင်းကြောင့်လို့ ထင်နေကြပါတယ်။ တကယ်တော့ ဆေးလိပ်ထဲမှာ စိတ်ပူပန်မှု ခံစားချက်တွေဖြစ်စေတဲ့ တခြားသော ဓာတုပစ္စည်းအမျိုးအစားပေါင်း ၇၀၀၀ လောက်ပါရှိနေပါသေးတယ်။ နီကိုတင်းကြောင့် ဆေးလိပ်သောက်သူတွေဟာ စိတ်ပျော်ရွှင်မှုကို ဖြစ်စေတယ်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမယ့် အဲ့ဒီ စိတ်ပျော်ရွှင်၊ စိတ်သက်သာရရှိမှုတွေဟာ ၁၅ မိနစ် ကနေ မိနစ်၂၀ အထိသာခံပါတယ်။



ဆေးလိပ်ထဲက အဆိပ်ပါဝင်တဲ့ များစွာသော ဓာတုပစ္စည်းရဲ့ပမာဏကြောင့် ပင်မဦးနှောက် အာရုံကြောစနစ်ကို ပျက်စီးစေသလို စိတ်နဲ့ ခန္ဓာကိုယ် အသွေးအသားတောင့်တနေတဲ့ စွဲလမ်းမှုမျိုးစုံကို အရှိန်အဟုန် မြှင့်တင်ပေးလိုက်တာပဲ ဖြစ်ပါတယ်။



လူတစ်ယောက်ဟာ ဆေးလိပ်တစ်လိပ်တည်းမှာ ဓာတုပစ္စည်းအမျိုးအစားပေါင်း ၇၀၀၀ ပါရှိကြောင်း သိရှိတဲ့အခါမှာတော့ စက္ကူနဲ့လိပ်ထားတဲ့ သာမန်ဆေးလိပ်တစ်လိပ်ကို ဓာတုပစ္စည်းထည့်သုံးလို့ ရနိုင်တယ်ဆိုတာ နားလည်သဘောပေါက်နိုင်မှာဖြစ်တယ်။ အမိုးနီးယားဓာတ်ငွေ့နဲ့ အရောင်ချွတ်ဆေးမုန့်တို့လို ဓာတုစ္စည်းတွေကြောင့် ဆေးလိပ်သောက်သုံးသူတွေဟာ စိတ်စွဲလမ်းမှုတွေဖြစ်စေပြီး နှစ်နဲ့ချီ ဆေးလိပ်သောက်ခြင်းကနေ ရုန်းမထွက်နိုင်အောင် ဖြစ်သွားတော့တာပါပဲ။



Source: Naturalnews

No comments:

Post a Comment