ကျန်းမာရေးရှုထောင့်ကပဲ ကြည့်ကြည့် အလှအပရေးရာရှုထောင့်ကပဲ ကြ ည့်ကြည့် သွားနဲ့ခံတွင်းကျန်းမာရေးဟာလူတစ်ယောက်အတွက် အရမ်းအေ ရးကြီးပါတယ်။လူတော်တော်များများက ခန္ဓာကိုယ်မှာရှိတဲ့ တခြားအင်္ဂါ အစိတ် အပိုင်းတွေကိုတော့ ကျန်းမာရေးကို သေချာဂရုစိုက်ပေမယ့် သွားကျန်းမာရေး ကိုတော့ မေ့လျော့ထားတတ်ကြပါတယ်။သွားနဲ့ခံတွင်း ညစ်ပတ်နေရင် ပါး စပ်ထဲမှာ ဗက်တီးရီးယားတွေေ ပါ က်ဖွားလာနိုင်ပြီး အဲ့ဒီလိုဖြစ်ပြီဆိုရင်တော့
ခန္ဓာကိုယ်ရဲ့ တခြားကိုယ် အင်္ဂါအစိတ်အပိုင်းတွေကိုပါ ဆိုးကျိုးတွေဖြစ်စေနိုင်ပါ တယ်။သွားကျန်း မာရေးအတွက်စိတ်ချချင်ရင်တော့ သွားဆရာဝန်ဆီမှာ အနည်းဆုံး(၆) လတစ်ကြိမ်လောက် ပုံမှန်စစ်ဆေးမှုတွေကို ခံယူသင့်ပါ
တယ်။
(၁)ပုံမှန်သွားတိုက်ပါ(တိုက်နည်းမှန်ကန်ပါစေ)
တစ်နေ့ကို နှစ်ကြိမ်သွားတိုက်ပေးရပါမယ်။အများစုကလည်း သွားကို မနက်နဲ့ည မအိပ်ခင်အချိန်တွေမှာ ပုံမှန်တိုက်လေ့ရှိပါတယ်။ပုံမှန်တိုက်ေ နရုံနဲ့လောက်နဲ့ေ တာ့ မလုံလောက်ပါဘူး။တိုက်နည်း မှန်ကန်ဖို့ လည်း လိုပါတယ်။သွားတိုက် နည်းမမှန်ရင် သွားနဲ့ခံတွင်း သန့်ရှင်းမှုအတွက် ထိရောက်မှုမရှိတဲ့အပြင် သွား ရဲ့အပေါ်ယံကြွေလွှာတွေကိုပါ ပျက်စီးစေနိုင်ပါတယ်။သွားပွတ်တံကို (၄၅) ဒီဂရီစောင်းထားတဲ့ အနေအထားနဲ့ အထက်အောက် တိုက်ပေးရမှာပါ။ သွားရဲ့အတွင်း၊အပြင်အားလုံးကို အစုံလိုက်တိုက်ပေးရမှာပါ။တစ်ချို့က ပိုသန့်အောင်ဆိုပြီး ကြမ်းကြမ်း တမ်းတမ်းတိုက်လေ့ရှိပါတယ်။ဒီလိုမျိုး
မလုပ်သင့်ပါဘူး။ဖြည်းဖြည်းမှန်မှန်နဲ့ညင်ညင်သာသာလေးတိုက်ပေးရင် ရပါပြီ။
(၂)မှန်ကန်တဲ့ သွားတိုက်တံကို ရွေးချယ်
သွားတိုက်တံကို ဘယ်လိုပုံစံမျိုးနဲ့ရွေးချယ်ဝယ်ယူသလဲလို့မေးရင်ေ တ်ာတော် များများဟာ ကြုံတဲ့ သွားတိုက်တံကိုကြုံသလို ၀ယ်ပြီး တို က်ဖြစ်တာများပါ တယ်။မှန်ကန်တဲ့ သွားတိုက်တံကို မရွေးချယ်ရင် ထိ ထိရောက်ရောက် သန့်ရှင်း
ပေးနိုင်မှာ မဟုတ်ပါဘူး။သွားတိုက်တံရဲ့ လက်ကိုင်ဟာ ကိုင်ရတာ အဆင်ပြေ၊ သက်သောင့် သက်သာရှိနေဖို့ လိုပါတယ်။ခေါင်းပိုင်းသေးပြီး၊ လက်ကိုင်တန်း ရှည် ပြီး၊အမွှေးလည်းနူး ညံ့တဲ့ သွားတိုက်တံမျိုးကို ရွေးချယ်အသုံးပြုသင့် ပါတယ်။အဓိက ကတော့ ကိုယ့်အတွက် သက်သောင့်သက် သာရှိ တာမျိုးကို ရွေးပါ။(၃)လ တစ်ကြိမ် သွားတိုက်တံကိုလဲသုံးသင့်ပါတယ်။
(၃)မှန်ကန်တဲ့ သွားတိုက်ဆေးကို ရွေးချယ်အသုံးပြုသင့်
သွားတိုက်တံတင် မဟုတ်ပါဘူး။သွားတိုက်ဆေးကို မှန်မှန်ကန်ကန် အ သုံး မပြုနိုင်ရင်လည်းသင့်ရဲ့ သွားတွေကို ပျက်စီး
စေပါတယ်။အထူး သဖြင့် Sensitive ဖြစ်တတ်တဲ့ ခံတွင်းသမားတွေဆိုရင် ပိုသတိ ထားေ ရွးချယ်သင့်ပါ တယ်။သွား
တိုက်ဆေးမှာဆိုရင် ရိုးရိုးနဲ့ဂျဲလ်(Gel) ဆိုပြီး နှစ်မျိုးတွေ့ရပါတယ်။ ဂျဲလ်သွားတိုက်ဆေးဟာ ပုံမှန်သွားတိုက်ဆေးတွေနဲ့ယှဉ်ရင် သွားနဲ့ခံတွင်းကို ပွန်းရှတာနည်းစေပါတယ်။ ဂျဲလ်သွားတိုက်ဆေး မှာဆိုရင် ပုံမှန်သွားတိုက်ေ ဆးထက်
ဆီလီကာကို ပိုပါဝင်ပါတယ်။ဆီလီကာရဲ့ စွမ်းဆောင်ရည်ကတော့ သွားကြားထဲမှာရှိတဲ့ ဆီနဲ့အစားအ စာတွေကို
စုပ်ယူပေးနိုင်ပါတယ်။ သာမာန်သွားတိုက်ဆေးကို ရွေးချယ်အသုံးပြုတဲ့ အခါ သွားမျက်နှာပြင်တွေ ပိုထူလာစေကာ
အခေါင်းပေါက်ဖြစ်လာစေပြီး အနည်းငယ် ဂျိုးကပ်လာစေပါ တ ယ်။ဂျဲလ်သွားတိုက်ဆေးကတော့ သာမန်ရိုးရိုးသွား
တိုက်ဆေးထက်ပိုပြီး အစွမ်းထက်က သွားကို ပိုမိုဖြူဝင်းတော က်ပစေသလို သွားဂျိုးကပ်ခြင်းကို လည်း ကာကွယ်
ပေးနိုင်ပါတယ်။ဒါ့အပြင် နူးညံ့ပြီး သန့်ရှင်းလန်းဆန်းတဲ့ ခံစားမှု ကို ဂျယ်လ် သွားတိုက်ဆေးကပိုမို ပေးစွ မ်းနိုင်ပါတယ်။
(၄)တစ်နေ့တစ်ကြိမ် သွားကြားသန့်ရှင်းရေးလုပ်ပါ
သွားတိုက်ရုံနဲ့မလုံလောက်သေးပါဘူး။သွားကြားသန့်ရှင်းရေးကိုလည်း လုပ်ပေးဖို့ လိုပါတယ်။သွားကြားကိုတော့
သန့်ရှင်းတဲ့ ချည်မျှင်(သို့) သွားကြားထိုးတံတို့နဲ့ သွားကြိုသွားကြားကို သန့်ရှင်းပေးပါ။သွား တိုက် တံ အခြောက်နဲ့
တိုက်တာ၊လျှာခြစ်တံကို သုံးပြီး သန့်ရှင်းပေးပါ။ပုံမှန် လုပ်ပေးခြင်းအားဖြင့် ခံတွင်းအနံ့ဆိုး တာတွေကို သက်သာ
ပျောက် ကင်းစေပါတယ်။သွားကြား ထဲမှာ ကပ်ငြိေ နတာတွေ ဖယ်ရှားပေးနိုင် တာကြောင့် သွားကျန်းမာရေးအတွက်
အများကြီးအထောက်အကူဖြစ်စေပါတယ်။
(၅)သကြားနဲ့အချိုတွေကို လျော့စား
အစားအသောက်ကို ဂရုတစိုက်စားသောက်ပေးခြင်းဟာလည်း သွား ကျန်းမာဖို့ အများကြီး အထောက်အကူဖြစ်စေ
ပါတယ်။သကြားနဲ့တခြား အချိုပါတဲ့ အစားအ စာတွေကို အလွန်အကျွံစားမယ်ဆိုရင် ပါးစပ်ထဲက ဗက်တီးရီးယားတွေ
က သွားအတွက် အန္တရာယ်ရှိတဲ့ အက်ဆစ်တစ်မျိုး ကို ထုတ်အောင် တွန်းအားပေးလိုက် သလိုဖြစ်သွားပါတယ်။
နောက်ဆက်တွဲအနေနဲ့ သွားပိုးစားတာတွေနဲ့ သွားအေ ခါင်းပေါက်တွေ ဖြစ် လာနိုင်ပါတယ်။သွားနဲ့ခံတွင်းကျန်းမာရေး
အတွက်စိတ်ချတဲ့ သွားတိုက်ဆေးကိုရွေးချယ်အသုံးပြုချင်သူတွေအတွက် အကြံပြုချက် တစ်ခု အနေနဲ့ မြန်မာနိုင်ငံရဲ့
ပထမဆုံးဂျဲလ်သွားတိုက်ေ ဆးဖြစ်တဲ့ Best-T ကိုညွှန်းချင်ပါတယ်။Best T Fresh Action အစိမ်းရောင် Gel သွားတိုက်ဆေးကတော့ ပူစီနံရွက်နဲ့ထုတ်လုပ်ထားပြီး မွှေးပျံ့လန်းဆန်းတဲ့ ခံတွင်းရနံ့ကို ပေးစွမ်းနိုင်ပါတယ်။Best-T Deep Clean အပြာရောင် Gel သွားတိုက်ဆေးကတော့ သဘာဝဆားနဲ့ထုတ်လုပ်ထားတဲ့အတွက် အမြဲသန့်ရှင်းတဲ့သွားတွေကိုပိုင်ဆိုင်စေနိုင်ပါတယ်။Best-T Cavity Care အနီရောင် Gel သွားတိုက်ဆေးကတော့ လေးညှင်းပွင့်မှာပါဝင်တဲ့ အစွမ်းကြောင့် သွားပိုးပေါက်တွေဖြစ်စေတဲ့ ဘတ်တီးရီးယားတွေရန်မှ ကင်းစင်စေနိုင်ပါတယ်။
Credit-shwemom
No comments:
Post a Comment