ဟာသ ရသ ဗဟုသုတမျိုးစုံကို ကူးယူဖတ်ရှူနိုင်ပါတယ်။

Breaking

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

Sunday, June 04, 2017

အခင်ဆုံးသူငယ်ချင်းကို ချစ်သူမတော်ခင် ထည့်သွင်းစဉ်းစားရမယ့် အချက်များ


သူငယ်ချင်းဘ၀ကနေ ချစ်သူဘ၀ကို မပြောင်းခင်မှာ ထည့်သွင်းစဉ်းစား ပေးသင့်တဲ့ အချက်တစ်ချို့ရှိပါတယ်။ အဲ့ဒါတွေကတော့…

(၁)နောက်ကြောင်း ပြန်လှည့်လို့မရ
သူငယ်ချင်းဘ၀ကနေ ချစ်သူဘ၀ကို အလွယ်လေးပြောင်းလို့ရနိုင်ပေမယ့် ချစ်သူဘ၀ကနေ ပြတ်စဲပြီး အရင်လို သူငယ် ချင်းပြန်ဖြစ်ဖို့ဆိုတာကတော့ သိပ်လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ဒါကြောင့်မြွေပါလည်းဆုံး သားလည်းဆုံး အဖြစ်မျိုးနဲ့မကြုံရလေအောင် အဖြူရောင်စည်းကို မချိုးဖောက်ခင်မှာ ဒီကိစ္စကို အလေးအနက်ထား စဉ်းစားပေးသင့်ပါတယ်။
(၂)ပထမဆုံးဒိတ်ရဲ့ ရင်ခုန်မှုမျိုး မရနိုင်
အရင်တည်းက သိကျွမ်းရင်းနှီးလာသူဖြစ်ပြီး ကိုယ့်ရဲ့အခင်ဆုံးသူငယ်ချင်းဖြစ်နေတာကြောင့် ပထမဆုံးဒိတ်လုပ်တဲ့နေ့ဆိုပြီး ရင်ခုန်စိတ်လှုပ်ရှားမှုမျိုးကို ရနိုင်ဖို့တော့ ရာခိုင်နှုန်းနည်းပါးပါတယ်။
4b7010c3acf60e81a04f70a007e7faa4_ls_xl
(၃)လျှို့ဝှက်ချက်တွေ အတူတူဝေမျှခဲ့မိတာအတွက် ရှက်နေရနိုင်
ချစ်သူကို ပြောဖို့ခက်တဲ့ တစ်ချို့အရာတွေကို သူငယ်ချင်းဆီမှာ ရင်ဖွင့်ခဲ့တာတွေရှိမှာပါ။ဒါတွေဟာ အရင်သူငယ်ချင်း ဘ၀တုန်းကတော့ ဘာမှမသိသာ ဘာမှမဖြစ်ပေမယ့် ချစ်သူဘ၀မှာဆိုရင်တော့ အရင်က ကိုယ်ပြောမိခဲ့တဲ့ အကြောင်းအရာတွေကို တွေးမိပြီး ရှက်နေရတာမျိုး ရှိနိုင်ပါတယ်။
(၄)အရင်ရည်းစားတွေနဲ့ပတ်သက်ပြီး အကုန်သိနေ
အရင်တုန်းကတွဲခဲ့ဖူးတဲ့ ရည်းစားတွေ၊စိတ်ဝင်စားခဲ့သူတွေ ဒါတွေအားလုံးနဲ့ပတ်သက်ပြီး သိသင့်တာရော၊မသိသင့် တာတွေပါ အကုန်သိနေတာကြောင့် ကောင်းတဲ့ဘက်က တွေးရင်တော့ နှစ်ဦးကြား လျှို့ဝှက်ချက် မရှိတာ ကောင်းပေမယ့် တစ်ဖက်ကကြည့်ရင်လည်းဒီလိုတွေအကုန်သိနေတာကြောင့် ရှက်တာ၊ စိတ်ကသိကအောက် ဖြစ်ရတာတွေရှိ လာနိုင်ပါတယ်။
dating-your-best-friend-ex-652x400-4-1454415194
(၅)အသည်းခွဲမိမှာ စိုးရိမ်ရ
တခြားတစိမ်းတစ်ယောက်နဲ့ လက်တွဲပြီး ပြတ်သွားတာ၊အဲ့ဒီလူအပေါ်အသည်းခွဲမိသွားတာတွေဟာ အရမ်းကြီးဆိုးရွားတဲ့ အရာ မဟုတ်ပေမယ့်၊တကယ်လို့များ သူငယ်ချင်းအပေါ်မှာ အသည်းခွဲမိရင်တော့ စိတ်ထဲမှာ အရမ်းအားနာ စိတ် မကောင်းဖြစ်နေရမှာ အသေအချာပါပဲ။
(၆)ဆက်ဆံပုံတွေ ပြောင်းလဲ
အရင်သူငယ်ချင်းဘ၀မှာတော့ တစ်ဦးနဲ့တစ်ဦး ဆက်ဆံရေးမှာ အရမ်းကိုပွင့်လင်းပြီး အဖုအထစ်ဆိုတာ မရှိခဲ့ပေမယ့် ချစ်သူတွေလို ပြောင်းပြီး ဆက်ဆံရမယ်ဆိုရင်တော့ တစ်ယောက်နဲ့တစ်ယောက်ဆက်ဆံရေး၊ဆက်ဆံပုံတွေဟာ သိသိသာသာကွဲပြားခြားနားမှုတွေရှိလာမှာ အသေအချာပါပဲ။
Credit-shwemom

No comments:

Post a Comment