မကရရာသီဖွားတွေရဲ့ ပင်ကိုယ်သဘာဝကတော့ အရာရာကို ချင့်ချင့်ချိန်ချိန်နဲ့ ပြုလုပ်တတ်သူများ ဖြစ်ကြပါတယ်။ အနာဂတ်ရည်မှန်းချက်လည်း ကြီးမားကြသူတွေ ဖြစ်ပြီး၊ အနည်းငယ် ပြောရဆိုရ လက်ပေါက်ကပ်တတ်ကြပါတယ်။ ဒါပေမယ့် ကူညီလိုစိတ်နဲ့ စိတ်ရင်းစိတ်ထား ကောင်းမွန်ကြသူတွေမို့ လူချစ်လူခင်ခံရသူတွေပါ။
ပညာရေး
2017 ခုနှစ် ဇွန်လမှာ မကရရာသီဖွားတွေရဲ့ ပညာရေးအခွင့်အလမ်းဟာ လအစောပိုင်းမှာ ကောင်းသလောက်၊ လကုန်ပိုင်းမှာ သာမန်ဖြစ်သွားပါလိမ့်မယ်။ ဒါပေမယ့် ဘ၀တစ်လျှောက်လုံးအတွက် အရေးပါတဲ့ ရေရှည်အကျိုးရှိနိုင်တဲ့ အတတ်ပညာ အသိပညာတွေ ဆည်းပူးခွင့်ရမှာ ဖြစ်လို့ အကျိုးရှိမယ့်လလို့ ဆိုရမှာပါ။
အလုပ်အကိုင်အခွင့်အလမ်းနဲ့ ဘဏ္ဍာရေး
မကရရာသီဖွားတွေဟာ အလုပ်ကို မခိုမကပ်လုပ်တတ်သူများ ဖြစ်ပြီး၊ အားလုံးနဲ့ တည့်အောင်ပေါင်းတတ်ပါတယ်။ ဒါပေမယ့် ဒီလအတွင်းမှာ မလိုသူတွေရဲ့ အပြစ်ပြောတိုက်ခိုက်မှုတွေ ခံရဖို့ရှိလို့ အလုပ်ရှင်သူဌေးစတာတွေနဲ့ အနည်းငယ် အမြင်လွှဲမှားနေပါလိမ့်မယ်။ ကုမ္မဏီလုပ်ငန်းလုပ်ကိုင်သူတွေ၊ ဘဏ်လုပ်ငန်းလုပ်ကိုင်တဲ့ ရာသီဖွားတွေကတော့ ငွေကို အိတ်နဲ့သဲ့ယူရမလောက် ဖြစ်နေမယ့် လပါ။
အချစ်ရေး/အိမ်ထောင်ရေး
ချစ်သူနှစ်ဦးကြား သဘောထားမတိုက်ဆိုင်မှုတွေနဲ့ အတော်လေးကို စိတ်ပိုင်းဆိုင်ရာ ပင်ပန်းမယ့်လဖြစ်ပါတယ်။ မိမိအာမခံ ကတိပေးထားတဲ့ အချက်တွေ လွဲချော်မှုဖြစ်လို့ ချစ်သူ/အိမ်ထောင်ဘက်က စိတ်ဆိုးစိတ်ကောက်တာမျိုး ခံရဖို့ရှိပါတယ်။ ဒါပေမယ့် အခြေအနေအရလို့ ဖူးစာရှင်/အိမ်ထောင်ဘက်က အလိုလို နားလည်သွားပြီးပြေလည်သွားပါလိမ့်မယ်။
ကျန်းမာရေး
မကရရာသီဖွားတွေအတွက် ယခုနှစ် ဇွန်လ ကျန်းမာရေးကတော့ သာမန်ပါဘဲ။ အပူလွန်ကဲခြင်းနဲ့ စိတ်ဖိအားတွေကြောင့် အားပျက်၊ နွမ်းနယ်၊ ဦးခေါင်းကိုက်ဝေဒနာတွေကို ခံစားရဖို့ရှိပါတယ်။ အာဂန္တုရောဂါတွေဖြစ်လို့ သိပ်ပြီးတော့ ပူပန်ရမယ့် အနေအထားမျိုးတော့ မဟုတ်ပါဘူး။
မဒီလေး (Shwemom)
No comments:
Post a Comment