ဟာသ ရသ ဗဟုသုတမျိုးစုံကို ကူးယူဖတ်ရှူနိုင်ပါတယ်။

Breaking

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

Friday, March 03, 2017

သားအရင်းကို အဆိပ်ကျွေးပြီး ကားထဲကိုထည့်ကာ မီးရှို့ခဲ့တဲ့မိခင်ကို ထောင်ဒဏ်နှစ်(၅၀)ချမှတ်

ပြီးခဲ့တဲ့နှစ် ဇူလိုင်လတုန်းက အသက် 35 နှစ်အရွယ် ကလေးမိခင် Narges Shafeirad ဟာ သူမရဲ့ ငါးနှစ်အရွယ် သားဖြစ်တဲ့ Daniel Dana ကို အဆိပ်ကျွေးကာ သတ်ပစ်ခဲ့ပါတယ်။ ပြစ်မှုကို ဖုံးကွယ်ဖို့အတွက် Dana ရဲ့ အလောင်းကို ကားထဲကိုထည့်ကာ မီးရှို့ခဲ့ပြီး၊ ကားမတော်တဆမှုဖြစ်သလို ဖန်တီးခဲ့ပါတယ်။

Dana ကို မိခင်ဖြစ်သူက  Antihistamine အမြောက်အများပါတဲ့ ဆေးပြားတွေကို ဖိအားပေး ကျွေးခဲ့ပြီး၊ သေဆုံးတဲ့အခါမှာ အပြစ်ကနေ လွတ်အောင် တမင်ကြံစည်ခဲ့တာဖြစ်ပါတယ်။ ရဲအရာရှိတွေဟာ Narges ကို ကားအပြင်ဘက်မှာ လဲကျနေတာကို တွေ့ခဲ့ရပြီး သူမကိုယ်တိုင်ကလည်း မီးလောင်ဒဏ်ရာ 40% ကို ခံထားရပါတယ်။

တကယ်တော့ Narges ဟာ ခင်ပွန်းဟောင်း Hamid Dana တို့ ခွာပြဲပြီးနောက်ပိုင်း မိခင်ဖြစ်သူက အပြစ်မဲ့ Dana ကို အညှိုးထားခဲ့ပုံရပါတယ်။ ဒါပေမယ့် တရားရုံးမှာတော့ သူမက ” ကျွန်မသား သေဆုံးတာကို ကျွန်မ အခုထက်ထိ မယုံနိုင်သေးဘူး “လို့ ငိုယိုပြောခဲ့ပါတယ်။

Hamid လည်း ကြားနာမှုကို တက်ရောက်ခဲ့ပြီး ” သားက သူ့ဘ၀ပါ … သူ မရှိတော့ … ကျွန်တော် သိပ် အထီးကျန်ရပါတယ် … “လို့ ပြောခဲ့ပါတယ်။ Narges ကတော့ တရားရုံးမှာ သူမဟာ သားဖြစ်သူကို ကမ်းခြေကိုပို့ဖို့ ကားနဲ့အတူတူသွားခဲ့ကြောင်း၊ ဆေးလိပ်မီးညှိစဉ် မီးကူးစက်လောင်ကျွမ်းခဲ့တာ ဖြစ်ကြောင်း လီဆည်ထွက်ဆိုခဲ့ပါတယ်။

ဒါပေမယ့် DNA စစ်ချက်အရ Dana ဟာ  Antihistamine အလွန်အကျွံကျွေးခံရပြီး သေဆုံးခဲ့တာလို့ အဖြေထွက်ခဲ့လို့၊ နောက်ပိုင်းမှာ တရားခံကိုယ်တိုင် အပြစ်ကို ၀န်ခံခဲ့ပါတယ်။ အမေရိကန် Montgomery County Circuit တရားရုံးမှ တရားသူကြီး Nelson Rupp က ပြစ်မှုထင်ရှားတဲ့အတွက် ထောင်ဒဏ် အနှစ် 50 ကျခံစေဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။

နတ်စည်တော် (Shwemom)
source : thesun.co.uk


No comments:

Post a Comment