ဟာသ ရသ ဗဟုသုတမျိုးစုံကို ကူးယူဖတ်ရှူနိုင်ပါတယ်။

Breaking

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

Thursday, March 02, 2017

မစော်ကားလိုက်ပါနဲ့

လူတစ်ယောက်ကို သံသယစိတ်ထားပါ
ဒါပေမယ့် မသေချာဘဲနဲ့ သူ့ဂုဏ်သိက္ခာကို
မစော်ကားလိုက်ပါနဲ့ ။

မကောင်းတဲ့လူတစ်ချို့နဲ့ တွေ့ဆုံခဲ့ရမှူတွေကြောင့်
ဒီလူလည်း ဒီပုတ်ထဲက ဒီပဲပါလို့ ဝါးလုံးရှည်နဲ့
သိမ်းကြုံးမရမ်းလိုက်ပါနဲ့။

လူတစ်ယောက်နဲ့တစ်ယောက် ချစ်ကြိုက်တယ်ဆိုတာက
Sexကိစ္စ ထိပ်ဆုံးကပါတယ်လို့ မယူဆလိုက်ပါနဲ့
စစ်မှန်တဲ့မေတ္တာတရားဆိုတာ သွေးသားချင်းရောစပ်မှ
လေးနက်တာမဟုတ်ပါ
ကိုယ့်ရင်ထဲမှာ သူရှိနေတယ်ဆိုတဲ့ စိတ်နဲ့ပဲ
ကျေနပ်ဖြေသိမ့်နေရသူတွေ အများကြီးပါ။

ကိုယ့်အပေါ် စေတနာကောင်းနေသူတစ်ယောက်ကို
ဒီလူတော့ ငါ့ဆီက တစ်ခုခုလိုချင်နေလို့ ပေးဆပ်နေတာလို့
မတွေးလိုက်ပါနဲ့
တစ်ချို့သော ပေးဆပ်မှူတွေက မျှော်လင့်ချက်မဲ့တဲ့ပေးဆပ်မှူဖြစ်နေခဲ့ရင်
သင့်ရဲ့ မတော်တဆ စော်ကားမှူက စေတနာကို ဝေဒနာဖြစ်သွား
စေတတ်တယ်။

အပေးနဲ့အယူဆိုတာ သဘာဝလို့ ဆိုကြပေမယ့်
တစ်ချို့သောလူတွေက ပေးဆပ်ဖို့ကိုပဲတွေးနေတတ်သောကြောင့်
ကိုယ့်အပေါ်တန်ဖိုးထားဆက်ဆံနေသူကို စော်ကားမိရင်
ကိုယ့်အနားက အဝေးကို ကန်ထုတ်လိုက်သလိုဖြစ်နေတတ်တယ်။

တန်ဖိုးရှိတဲ့ လူတစ်ယောက်ရဲ့ အသက်ဟာ
ဂုဏ်​သိက္ခာလို့ ဆိုကြပေမယ့် ဂုဏ်သိက္ခာထက်တန်ဖိုးကြီးတာက
ရင်ထဲက စစ်မှန်တဲ့မေတ္တာပါ။
သူ့ရင်ထဲက စစ်မှန်တဲ့ မေတ္တာတရားကို စော်ကားမိသလို
ဖြစ်သွားခဲ့ရင် ကိုယ်ကိုယ်တိုင်က အဲ့ဒီမေတ္တာနဲ့
မထိုက်တန်သလို ဖြစ်သွားတတ်တယ်။

သူငယ်​ချင်း......
လူတိုင်းမကောင်းတတ်သလို လူတိုင်းကလည်းမဆိုးပါ
ပေးဆပ်ခြင်းတွေမှာ မျှော်လင့်ချက်ပါတယ်ဆိုပေမယ့်
မျှော်လင့်ချက်မဲ့ ပေးဆပ်ခြင်းတွေလည်း လောကမှာရှိနေပါတယ်
ထို့ကြောင့် ဝေဖန်ပိုင်းဖြတ်မှူ အလျင်မလိုလိုက်ပါနဲ့နော်။

လေးစားစွာဖြင့်♥ ♥ ♥
ဇင်းနစ်​ မကွေး(at1:50PM....2.3.2017)


No comments:

Post a Comment