တိတ်ဆိတ်တဲ့ စာသင်ကျောင်းတွေကို ပုံမှန်တွေ့ရလေ့မရှိပါဘူး။ ဒါပေမယ့် တရုတ်ပြည်မကြီး Chongqing မြို့အနီး Youyang ကျေးလက်စီရင်စုက စာသင်ကျောင်းတစ်ခုမှာ ကျောင်းသား ၂ ယောက်နဲ့ ကျောင်းဆရာတစ်ဦးသာ ရှိပါတယ်။ အသက် ၅၃ နှစ်အရွယ် Yang Jinhua ဆိုသူ တာဝန်ခံ ကျောင်းဆရာဟာ အသက် ၁၈ နှစ်ပြည့်ကတည်းစလို့ အဲဒီကျေးရွာမူလတန်းကျောင်းမှာ ၃၅ နှစ်နီးပါး စာသင်ကြားပို့ချခဲ့သူ ဖြစ်ပါတယ်။
ကျောင်းလာတက်သူ ဦးရေ အလွန်နည်းပါးနေပေမယ့် Yang ရဲ့ အာရုံစူးစိုက်မှုကြောင့် ကျောင်းကို ဖွင့်ထားနေဆဲဖြစ်ကြောင်း Chongqing Morning Post အရ သိရပါတယ်။ Yang ဟာ တခြားစီရင်စုတွေ၊ မြို့လယ်ခေါင်နဲ့ ကျောင်းအုပ်ကြီးတွေဆီက အလုပ်အကိုင်တွေတောင် ငြင်းပယ်ခဲ့ပါတယ်။
Yang က ကျောင်းစားဖိုမှူး၊ ကလေးထိန်းလည်း ဖြစ်သလို ကျောင်းဆရာလည်း ဖြစ်ပါတယ်။ သူက ကျောင်းဆင်းချိန်တိုင်း ကလေး ၂ ယောက်ကို အိမ်ထိ နေ့တိုင်းလိုက်ပို့ ပေးပါတယ်။ ကလေးတွေရဲ့ ပြုံးရွှင်နေတဲ့ မျက်နှာ၊ သိချင်စိတ် ပြင်းပြမှုတွေ မြင်တွေ့တိုင်း သူတို့အတွက် တာဝန် ပိုရှိသလိုတောင် ခံစားရတယ်လို့ သူက ဆိုပါတယ်။
သူထွက်သွားပြီး ကျောင်းပိတ်ပစ်ပါက ၄ ကီလိုမီတာ (၂.၅ မိုင်) လှမ်းတဲ့ အနီးဆုံး မူလတန်းကျောင်းထိ သွားနိုင်မှာမဟုတ်တဲ့ ကလေးငယ်တွေ ကျောင်းမတက်နိုင်မှာ သူ စိတ်ပူနေမိတာကြောင့်ပါ။ တရုတ်နိုင်ငံရဲ့ မြို့တွေ တဟုန်ထိုးမြို့ပြအသွင်ပြောင်းလဲမှုနဲ့ မိဘတွေ မြို့ပြမှာ အလုပ်အကိုင် အလုံးအရင်းလိုက် ရွေ့ပြောင်းရှာဖွေမှုက စာသင်ကျောင်းလွတ်တွေ တိုးပွားစေခဲ့ပါတယ်။
Ref: Mashable
Credit: Trend Myanmar
Thursday, March 02, 2017
တစ်ကျောင်းလုံးမှာမှ ကျောင်းသား (၂) ယောက်သာရှိတဲ့ တရုတ်နိုင်ငံက စာသင်ကျောင်း
About Naethit
Soratemplates is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of templatesyard is to provide the best quality blogger templates.
Subscribe to:
Post Comments (Atom)
No comments:
Post a Comment