တရုတ်နိုင်ငံမှာ လေးလွှာအမြင့်ရှိတဲ့ လူနေတိုက်ခန်းတစ်ခုမှာ ဆယ်ကျော်သက်အရွယ် ကောင်မလေးတစ်ယောက်
ပြူတင်းပေါက်ကိုကာထားတဲ့ သံယက်မတွေကြားထဲမှာ ခေါင်းညပ်ပြီး အောက်ကို တန်းလန်ကြီး ဖြစ်နေခဲ့ပါတယ်။ ကလေးမလေးဟာ အသံကုန် အော်ဟစ်ငိုယိုနေပြီး အမျိုးသားကြီးနှစ်ယောက်က ကယ်ဆယ်ခဲ့ရကြောင်း သိရပါတယ်။ အဲဒီ
ကောင်မလေးရဲ့ အမည်နာမကို သတင်းစာတွေမှာ ထုတ်ဖော် ရေးသားခြင်းတော့ မရှိပါဘူး။
ကလေးမလေးဟာ လည်ပင်းကို ညပ်မိနေတဲ့ဒဏ် နာကျင်လွန်းလို့ အောက်ကို ပြုတ်ကျမှာတောင် ဂရုမထားတော့ပဲ ခြေ
ထောက်တွေက လေထဲမှာ အကြောက်အကန် ဖြစ်နေပါတယ်။ ဒီအဖြစ်အပျက်ဟာ တရုတ်နိုင်ငံတောင်ပိုင်း Meizhou City မြို့မှာ ဖြစ်ခဲ့တာပါ။
သူမရဲ့ အော်သံဟာ ပတ်ဝန်းကျင်မှာ ဆူညံနေပြီး၊ လူတွေဟာ ပြူတင်းပေါက်တွေကို ကိုယ်စီဖွင့်ကာ ကလေးမလေးရဲ့ အ
ဖြစ်အပျက်ကို ငေးမောရုံသာ တက်နိုင်ခဲ့ပါတယ်။ အိမ်နီးနားချင်းတစ်ဦးကတော့ ဖြစ်သမျှကို ဗွီဒီယိုမှတ်တမ်းတင်ခဲ့ပါတယ်။ အဲဒီနောက် အမျိုးသားနှစ်ယောက် ရောက်လာခဲ့ပြီး တွဲလောင်းကျနေတဲ့ ကောင်မလေးကိုကယ်ဆယ်ဖို့ တက်သွားခဲ့
ကြပါတယ်။
အဲဒီနောက် သံယက်မတွေကို ပလာယာနဲ့ ပြင်စရာရှိတာ ပြင်ပြီး ကောင်မလေးကို ချောင်ကျနေတဲ့ အပေါက်ကနေ အပေါ်ကို ပြန်လျှိုသွင်းပေးလိုက်တာကို တွေ့ရပါတယ်။ ကောင်မလေးရဲ့ မိခင်ဟာ အပြင်ကိုသွားနေချိန်မို့ အခင်းဖြစ်ချိန်ကို မသိလိုက်ပါဘူး။ အခြေအနေ ကြည့်ရတာ မိခင်ဖြစ်သူက သော့ခတ်ထားခဲ့လို့ နောက်ဖေးပြူတင်းကနေ တွယ်ဆင်းဖို့ ကြိုးစားပုံ ရပါတယ်။
အပြင်ကနေ ဖောက်ထွင်းသူတွေအလွယ်တကူ ဖောက်လို့မရအောင် သံယက်မပိုက်ကွက်တွေနဲ့ ပြူတင်းပေါက်ကို ကာရံထားတာမို့ အဆိုပါ ယက်မအပေါက်ထဲကနေ လျှိုထွက်စဉ် ခန္ဓာကိုယ်တစ်ခုလုံး အပြင်ကိုရောက်သွားပေမယ့် ခေါင်းက
တစ်ပြီး ကျန်နေခဲ့ပုံရပါတယ်။ ကလေးမလေးမှာ လည်ပင်းပွန်းပဲ့နာကလွဲပြီး တစ်ခြားဒဏ်ရာ မရရှိခဲ့ပါဘူး။
နတ်စည်တော် (Shwemom)
source : thesun.co.uk
Friday, March 03, 2017
ပူတင်းပေါက်သံကွန်ယက်မှာ လည်ပင်းညပ်ပြီး တန်းလန်းကြီးဖြစ်နေတဲ့ ကလေးငယ်
About Naethit
Soratemplates is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of templatesyard is to provide the best quality blogger templates.
Subscribe to:
Post Comments (Atom)
No comments:
Post a Comment