ဟာသ ရသ ဗဟုသုတမျိုးစုံကို ကူးယူဖတ်ရှူနိုင်ပါတယ်။

Breaking

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

Tuesday, May 16, 2017

ရန်ကုန်တက္ကသိုလ်ကျောင်းသူဖြစ်လာခဲ့တဲ့ ယွန်းယွန်း



စိတ်ပညာကို စိတ်ဝင် စားသဖြင့် ရန်ကုန်တက္ကသိုလ် တွင် စိတ်ပညာအထူးပြုဖြင့် ပထမနှစ်
တက်ရောက်နေပြီး စီးပွားရေးနှင့်ပတ်သက်သည့် သင်တန်းများကိုလည်း တက်ဖြစ်နေ ကြောင်း သရုပ်ဆောင်ယွန်းယွန်း က ပြောသည်။

‘‘ညီမ ငယ်ငယ်ကတည်းက စိတ်ပညာကို ဝါသနာပါတယ်။ ပြီးတော့ စိတ်ပညာနဲ့ပတ်သက်တဲ့ စာအုပ်တွေကိုလည်း ငယ်ငယ်က တည်းက ဖတ်ဖြစ်တယ်။ ငယ်ငယ်ကတည်းက စိတ်ပညာဆရာဝန် ဖြစ်ချင်ခဲ့တာပါ။ ဒါပေမဲ့ အခုကြီး လာတဲ့အခါ ဆယ်တန်းအောင် တော့ အမှတ်က ၄၀၀ ကျော်ပဲရတဲ့အတွက် စိတ်ပညာမေဂျာကို ရန် ကုန်တက္ကသိုလ်မှာ တက်လို့ရ တယ်ဆိုတာနဲ့ ညီမ အဲဒီမေဂျာပဲယူပြီး တက်ဖြစ်ခဲ့တာပါ။ စီးပွား ရေးနဲ့ပတ်သက်တဲ့ သင်တန်းက တော့ Association of Business Executives မှာ Level 4 အောင် ပြီးပါပြီ။ အခု Level 5 တက်နေ တာပါ’’ဟု ၎င်းက ပြောသည်။
 
ယခင်ထက် ပိုပိန်သွားသည့် သရုပ်ဆောင်ယွန်းယွန်းက အလှအပနှင့်ခန္ဓာကိုယ်ထိန်းသိမ်းမှုနှင့် ပတ်သက်၍လည်း ပြောကြား သည်။

‘‘ညီမဆံပင်အရှေ့ပိုင်းလေး တွေကို လေးလပိုင်းက ဆိုးတယ်။Body ပိုင်းနဲ့ ပတ်သက်ပြီးတော့ Gym တွေ ဘာတွေတော့ ပုံမှန်အ ချိန်ပေးဖို့ အဆင်မပြေတဲ့အတွက် ညီမ မဆော့ဖြစ်ဘူး။ အစားလျှော့ တာလောက်ပဲ လုပ်ဖြစ်ပါတယ်။ အခုလက်ရှိ ခန္ဓာကိုယ်အချိုးအ စားကိုလည်း ကျေနပ်ပါတယ်။ ညီမအသက်အရွယ်နဲ့ ညီမရှိသင့် တဲ့ Weight နဲ့က အတော်ပဲဆို တော့လေ။ ဝိတ်လျှော့ရင်လည်း အစားအသောက်ကို အရမ်းလျှော့ လိုက်တာမျိုး မလုပ်ဖြစ်ဘူး။ အဆီတက်တဲ့ အစားအစာတွေနဲ့ အိပ်ချင်စေမယ့် အစားအစာတွေကို မစားတာမျိုးပဲ လုပ်ဖြစ်တာပါ။ အဲဒီလိုလုပ်တာက အအိပ်လည်း မှန်တယ်။
အဆင်လည်း ပြေတယ်’’ဟု ပြောကြားသည်။

လက်ရှိတွင် သက်မွန်မြင့်နှင့် အတူ ဆေးကြော်ငြာတစ်ခုရိုက် ကူးထားပြီး အခြားကြော်ငြာများ လည်း ဆက်လက် ရိုက်ကူးရန် ရှိကြောင်းနှင့် ဇာတ်ကားရိုက်ကူး ခြင်း မရှိသေး၍ စောင့်မျှော်နေ ကြသည့် ပရိသတ်များကို တောင်းပန်ကြောင်း ၎င်းက ပြောသည်။

#Achitlwinpyin 
Credit: 7Day Daily

No comments:

Post a Comment