ဟာသ ရသ ဗဟုသုတမျိုးစုံကို ကူးယူဖတ်ရှူနိုင်ပါတယ်။

Breaking

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

Saturday, May 13, 2017

သွားများဖြူဖွေးချင်သူများ သတိပြုရန်


ဖြူဖွေးတဲ့ သွားတွေနဲ့ အပြုံးလှလှတစ်ခု ပိုင်ဆိုင်ထားခြင်းဟာလည်း မိမိကိုယ်ကို ပိုမိုယုံကြည်မှုရှိစေပြီး ဆွဲဆောင်မှု ရှိစေတယ်ဆိုတာ ငြင်းလို့မရတဲ့ အချက်တစ်ခုပဲဖြစ်ပါတယ်။ တခါတလေမှာ သွားဆရာဝန်တွေရဲ့ အကူအညီမပါဘဲ သွားမှာရှိတဲ့ အစွန်းအထင်းတွေကို ချေဖျက်ပစ်ဖို့ဆိုတာ ခက်ခဲတဲ့ကိစ္စတစ်ခုဖြစ်ပါတယ်။ အောက်မှာ ဖော်ပြပေးမယ့် အချက်(၂)ချက်ကို သတိထားပြီး ပြုလုပ်ပေးမယ်ဆိုရင်တော့ စိုးရိမ်စရာမရှိပါဘူး။

၁။ အသီးအရွက်များများစားပေးပါ
ပန်းသီး ၊ မုန်လာဥနဲ့ တရုတ်နံနံစတဲ့ အသီးအရွက်တွေကို စားသုံးခြင်းဖြင့် သင့်သွားအပေါ်က အစွန်းအထင်းတွေကို ဖယ်ရှားပေးလိုက်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် မုန့်ဖုတ်ဆိုဒါနဲ့ ဟိုက်ဒြိုဂျင်ပါအောက်ဆိုဒ် အရောတွေကို အသုံးပြုနိုင်ပါသေးတယ်။

၂။ ကော်ဖီ လျှော့သောက်ပါ
သင့်သွားအရောင်ပြောင်းခြင်းနဲ့ သွားအစွန်းအထင်းတွေကို ချေဖျက်ပစ်ချင်တယ် ဆိုရင်တော့ ကော်ဖီလျှော့သောက်ဖို့လိုပါတယ်။ သင်က ကော်ဖီမသောက်ရမနေနိုင်သူဆိုရင်တော့ ကော်ဖီသောက်တဲ့အခါ သင့်သွားတွေနဲ့ တိုက်ရိုက် မထိတွေ့အောင် ပိုက်နဲ့စုပ်သောက်တာမျိုး လုပ်နိုင်ပါတယ်။

ကဲ အားလုံးပဲ သွားဖြူဖြူလေးတွေနဲ့ အပြုံးလှလှလေးတစ်ခုရဖို့ ကြိုးစားကြည့်ကြည့်ပါဦး။

Ref:shefinds

No comments:

Post a Comment