ရနံ့ခံအာရုံဟာ လူတစ်ယောက်ရဲ့ နေထိုင်မှုဘ၀မှာ ဘာကြောင့် အရေးပါရတာလဲ.? ဘယ်လိုလွှမ်းမိုးထားလဲ..?အစား
အသောက်တစ်ခု (ဒါမှမဟုတ်) ပန်းတစ်ပွင့်မှာ ရနံ့သာမပါရင် ပြီးပြည့်စုံတဲ့ ခံစားချက် တစ်ခုကို ဘယ်လိုမှ ရနိုင်မှာ
မဟုတ်ပါဘူး။ဒါကြောင့် ရနံ့ဟာ လူတွေရဲ့ နေ့စဉ်နေထိုင်မှုဘ၀ကို ပိုတောက်ပ၊ပိုအသက်ဝင်လာအောင် ဖန်တီးပေးနိုင်
တဲ့ အရာတစ်ခုလို့ သတ်မှတ်ခံထားရတာပါ။ရနံ့သာ မရှိရင် ခံစားချက်တွေ၊မှတ်ဥာဏ်တွေဟာလည်း အဓိပ္ပါယ်မဲ့နေမှာ
သေချာပါတယ်။ သင့်ရဲ့ ရနံ့အာရုံဟာ သင်ထင်ထားတာထက် ပိုပြီး အစွမ်းရှိပါတယ်။ သင်ကိုယ်တိုင်တောင် မသိသေး
တဲ့ သင့်ရဲ့ ရနံ့အာရုံရဲ့ အကြောင်း ကတော့…..
(၁)နှာခေါင်းအသစ်
သင့်ရဲ့ အနံ့ခံဆဲလ်တွေဟာ (၂၈)ရက်ကြာရင် တစ်ခါ အသစ်ပြန် ဖြစ် ပါတယ်။ ဒါကြောင့် အလွယ်ပြောရရင်တော့ သင်ဟာ (၄)ပတ်ကြာရင် တစ်ခါ နှာခေါင်းအသစ်ရနေတာပါ။
(၂)ရနံ့နဲ့မှတ်ဥာဏ်
ရနံ့ဟာ အာရုံတွေထဲမှာဆိုရင် sensitive အဖြစ်ဆုံး အာရုံပါ။ရနံ့ တစ်ခုကို ရပြီးရင် လွယ်လွယ်မေ့ပျောက်သွားမယ်
လို့ ထင်ကောင်း ထင်ပါလိမ့်မယ်။ လူတစ်ယောက်ဟာ အနံ့တစ်ခုကိုရပြီးရင် နောက်တစ်နှစ် ကြာတဲ့ အထိ အဲ့ဒီအနံ့ကို
ပြန်မှတ်မိနိုင်ချေဟာ (၆၅)ရာခိုင်နှုန်း ရှိပါတယ်။ဒါပေမယ့် တစ်ခုခုကို မြင်ပြီးရင်တော့ အဲ့ဒီအဆင်းအာရုံကို ပြန်မှတ်မိနိုင်
ချေကတော့ (၃)လကြာပြီးနောက် (၅၀)ရာခိုင်နှုန်းသာရှိပါ တယ်။ရနံ့ဟာ မှတ်ဥာဏ်တွေကို ပြန်ခေါ်ပေးတဲ့ နေရာမှာ
အဓိကကျ တဲ့ အစိတ်အပိုင်းပါ။
(၃)ရနံ့အာရုံဟာ ငြီးငွေ့တတ်
ရနံ့အာရုံဟာ အလွယ်တကူ ငြီးငွေ့လွယ်တတ်ပါတယ်။မုန့်ဖုတ်တဲ့ဆိုင် (သို့)ပန်းဆိုင်ထဲကို ပထမဆုံး စရောက်သွားတဲ့
အချိန်မှာ သင့်ရဲ့ နှာခေါင်းထဲမှာ အဲ့ဒီအနံ့တွေဟာ သိသိသာသာ ခံစားမိပါလိမ့်မယ်။ ဒါပေမယ့်နောက်ပိုင်းကြာလာရင်
တော့ သင့်ရဲ့ နှာခေါင်း (အနံ့အာရုံ)ဟာ ရိုး လာပြီး အဲ့ဒီအနံ့တွေကို သင့်အနီးပတ်ဝန်းကျင်မှာ ပေါ်လာရင်တောင်မှ
ထူးထူးခြားခြား သတိထား မိတာမျိုး မရှိတော့ပါဘူး။ ဒါကိုတော့ ပုံမှန်ရနေကျရနံ့အပေါ် ငြီးငွေ့သွားတာပါ။နှာခေါင်း
အကျင့်ပါသွားတယ်လို့ပြောရမှာပါ။
(၄)အရင်ဆုံးဖြစ်ပေါ်တဲ့ အာရုံ
အာရုံတွေထဲကမှ ရနံ့အာရုံဟာ အရင်ဆုံး ဖြစ်ပေါ်လာတဲ့ အာရုံပါ။ မမွေးခင် အမိဝမ်းထဲမှာတည်းက ရနံ့အာရုံဟာ
အပြည့်အ၀ ဖွဲ့စည်းပြီး ၊လုပ်ငန်းတွေဆောင်ရွက်နေခဲ့တာပါ။
(၅)ရာသီဥတုအပေါ် လိုက်ပြီးပြောင်းလဲ
သင့်ရဲ့ ရနံ့အာရုံခံနိုင်စွမ်းဟာ ရာသီဥတုအပေါ် လိုက်ပြီး ပြောင်းလဲတတ် ပါတယ်။လေထဲမှာ အစိုဓါတ်ပိုပြီး လွန်ကဲနေတဲ့
နွေဦးနဲ့နွေရာသီမှာ ဆိုရင် ရနံ့အာရုံဟာ တခြားရာသီတွေထက် ပိုကောင်းပါတယ်။
(၆)တိရစ္ဆာန်တွေရဲ့ အနံ့ခံစွမ်းကိုတော့ မယှဉ်နိုင်
လူသားတွေမှာ အနံ့တစ်ခုကို ရှာဖွေသိရှိနိုင်တဲ့ ဆဲလ်အရေအတွက် (၅)သန်း မှ(၆)သန်းအထိရှိပါတယ်။ဒါပေမယ့်
တိရစ္ဆာန်တွေကိုတော့ မယှဉ်နိုင်ပါဘူး။ ယုန်မှာဆိုရင် သန်းတစ်ရာ၊ခွေးမှာ ဆိုရင် သန်း(၂၂၀) ရှိပါတယ်။ ခွေးတွေရဲ့
အနံ့ခံအာရုံဟာ လူတွေထက် (၄၄)ဆ ပိုကောင်းပါတယ်။
(၇)ပန်းရနံ့တွေက စိတ်ဖိစီးမှုတွေကို ကုစားပေးနိုင်
ပန်းရနံ့တွေဟာ လူတွေရဲ့ စိတ်ကို ပြောင်းလဲပေးနိုင်စွမ်းရှိပါတယ်။ဒါကြောင့် ပန်းရနံ့တွေကို သုံးပြီး လူတွေရဲ့ စိတ်ဖိစီးမှုကို လျှော့ချပေးရာမှာ အသုံးပြုကြ တာပါ။ဥပမာ- ဆာကူရာလို့ လူသိများတဲ့ ချယ်ရီပန်းရဲ့ ရနံ့ဟာ လူတွေရဲ့ စိတ်ကို လန်းဆန်းပြီး စိတ်ဖိစီးမှုကို လျော့ကျစေနိုင်တဲ့ အစွမ်းရှိပါတယ်။
(၈)ရနံ့ဟာ ဆွဲဆောင်မှုတစ်ခု
လူတွေမှာ တစ်ယောက်နဲ့တစ်ယောက် မတူတဲ့ သီးသန့်ကိုယ်ပိုင် လက်ဗွေရာ ရှိသလိုပဲ လူတိုင်းမှာ သူတို့ရဲ့ ကိုယ်ပိုင်
အနံ့တစ်ခုဆီ ရှိပါတယ်။အဲ့ဒီရနံ့ဟာ လူတစ်ယောက်ကနေ တခြားလူတစ်ယောက်ကို ဆွဲဆောင်ရာမှာ အဓိကကျတဲ့
အခန်းကဏ္ဍတစ်ခုကနေ ပါဝင်နေပါတယ်။ လေ့လာမှုတွေလုပ်ကြည့်တဲ့ အခါမှာ ၀တ်ဆင်ထားတဲ့ အ၀တ်အစားထက်
ကိုယ်သင်းရနံ့က စိတ်ကို ပိုပြီး ဆွဲဆောင်နိုင်တယ်ဆိုတဲ့ အချက်ကို တွေ့ခဲ့ပါတယ်။အ၀တ်အစားကို ဂရုစိုက်သလိုပဲ
ကိုယ်သင်းရနံ့ကိုလည်း ဂရုစိုက်ပေးသင့်ပါတယ်။
(၉)ကောင်းတဲ့ ရနံ့က လူ့စိတ်ကို ပျော်စေ
ချွေးနဲ့နဲ့မကောင်းတဲ့ အနံ့တွေက လူ့စိတ်ကို မကြည်မလင်ဖြစ်စေပါ တယ်။အဲ့ဒီလိုပဲ ရနံ့ကောင်းကောင်းလေးတွေ၊
ရနံ့မွှေးမွှေးလေးတွေက လူတွေရဲ့ စိတ်ကို ပျော်ရွှင်အောင် လုပ်ပေးနိုင်ပါတယ်။ စိတ်ဓါတ်ကျနေ ချိန်၊စိတ်ညစ်နေချိန်
မှာ ရနံ့ကောင်းကောင်းလေးတွေကို ရှူပေးမယ်ဆိုရင် သင့်စိတ်ကို ပြန်ပြီး လန်းဆန်းတတ်ကြွလာစေပါတယ်။
(၁၀)မိန်းကလေးတွေက အနံ့ခံ အာရုံပိုကောင်း
မိန်းကလေးတွေဟာ ယောက်ျားလေးတွေနဲ့ယှဉ်ရင် အနံ့အာရုံ ပိုကော င်း ပါ တယ်။အမျိုးသမီးအားလုံးနီးပါးဟာ သူတို့ရဲ့ ခန္ဓာကိုယ်ရနံ့ကို ဂရုစိုက်လေ့ ရှိ ပါတယ်။ရနံ့ဟာ ဆန့်ကျင်ဘက်လိင်ကို စွဲဆောင် နိုင်တဲ့ အရာတွေထဲက တစ်ခု အပါအ၀င်ပါ။အမျိုးသမီးတော်တော်များများဟာ မွှေးရနံ့ကို အမျိုးသားတွေရဲ့ စိတ် ကို ဆွဲဆောင်ရာမှာ သုံးတဲ့လက်နက်တစ်ခုအဖြစ် အသုံးချလေ့ရှိပါတယ်။ စွဲဆောင်မှုရှိတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ချင်တယ်၊မိမိခန္ဓာကိုယ်ရဲ့ အနံ့ အသက် အတွက် လုံးဝ စိတ်ချယုံကြည်မှုရှိချင် တယ်၊ အရေပြားပေါ်မှာ စွဲထင်ေ န ပြီး မွှေးပျံ့နေတဲ့ ရနံမျိုးကိုမှ လိုချင်တယ်ဆိုရင်တော့ LUX Sakura Dream Shower Gel ကိုရွေးချယ်အသုံးပြုပါ။ချယ်ရီပန်းလို့ လူသိများတဲ့ ဆာကူ ရာ ပန်းတွေကို လှပတဲ့ပန်းနုရောင်အရောင်အဆင်းနဲ့ ညင်သာတဲ့ရနံ့ကြောင့် လူအ များက နှစ်သက်ကြပါတယ်။ဒါကြောင့် LUX မှ ရေမွှေးပညာရှင်တွေက LUX Sakura Dream ရေချိုး ဆပ်ပြာရည်ကို ဖန်တီးခဲ့ပါတယ်။လန်းဆန်းတဲ့ မွှေးရနံ့က တစ်နေကုန်စွဲထင်နေစေမယ့်အပြင် သင့်အသားအရေကို ပန်းနုေ ရာင်သမ်းပြီးေ တာက်ပစေဖို့ LUX Sakura Dream ကူညီပေးနိုင်
ပါတယ်။
Credit-shwemom
No comments:
Post a Comment